Hilary Swank's Swanky Style

Written by Yo Yo on Friday, December 21, 2007 at 12:45 AM


Hilary Swank ရဲ့ Style

Freedom Writers ဇာတ်ကားမှာ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Hilary Swank ဟာ ဟောလိဝုဒ်ရဲ့ ထင်ပေါ်ကျော်ကြားမှုထဲကို စတင်ရောက်ရှိတဲ့ အချိန်ကတည်းက ပြည်သူချစ်တဲ့ အနုပညာရှင်ဘ၀ကို ပိုင်ဆိုင်ခဲ့ပါတယ်။ Boys Don’t Cry ဇာတ်ကားနဲ့ အော်စကာဆုလည်း ရခဲ့ပါတယ်။ Million Dollar Baby ဇာတ်ကားမှာလည်း အကယ်ဒမီဆု၊ ရွှေကမ္ဘာလုံးဆုတွေ ရခဲ့တဲ့အတွက် သူမရဲ့ သရုပ်ဆောင်မှုဟာ ပိုမိုထွန်းပေါက်ကျော်ကြားလာပါတယ်။ သူမရဲ့ ခင်ပွန်း Chad Lowe နဲ့ လမ်းခွဲလိုက်ချိန်မှာ ပါပါရာဇီ သတင်းမုဆိုးတွေက သူမရဲ့ မရွှင်မပျ အလိုမကျဖြစ်နေတဲ့ မျက်နှာကို ဓာတ်ပုံရိုက်ယူနိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် သူတို့မအောင်မြင်ပါဘူး။ Hilary ဟာ သူမရဲ့ လက်တွေ့ဘ၀မှာ ဘာတွေပဲ ဖြစ်နေဖြစ်နေ ကင်မရာရှေ့ရောက်ရင်တော့ အမြဲအပြုံးမပျက် နေနိုင်လို့ပါ။ ဒီလို ကျော်ကြားမှုတွေ၊ ခွန်အားတွေ၊ ပင်ကိုစွမ်းရည်တွေ၊ ဖက်ရှင်ဟန်တွေ ပိုင်ဆိုင်တဲ့ Hilary ရဲ့ ဖက်ရှင်စတိုင်လ်ကို လေ့လာအကဲခတ်နိုင်ဖို့အတွက် ကော်ဇောနီခင်း ဆုပေးပွဲ၊ ပါတီပွဲတွေမှာ သူမ၀တ်ဆင်ခဲ့တဲ့ လူကြိုက်အများဆုံး ဖက်ရှင်ပုံစံသုံးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

သူ မတူတဲ့ ထူးထူးခြားခြား ၀တ်စုံတွေနဲ့ စတိုင်လ်ကျလွန်းတဲ့ Hilary

အဖြူရောင်ဝတ်စုံကတော့ သူမရဲ့ လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေပါတယ်။

ကြိုးပျောက်အမည်းရောင် ၀တ်စုံနဲ့ သွယ်သွယ်လျလျ လှပနေတဲ့ Hilary Swank

ကျော်ကြားသူတို့ရဲ့ နေကာမျက်မှန်ဖက်ရှင်

Written by Yo Yo on Tuesday, December 18, 2007 at 2:56 AM

ကျော်ကြားသူတို့ရဲ့ နေကာမျက်မှန်ဖက်ရှင်

သတင်းမုဆိုးတွေကို ပုန်းရှောင်ဖို့ဖြစ်စေ၊ ၀တ်ထားတဲ့ ၀တ်စုံကို ပိုပြီးစိတ်ဝင်စားစရာ ကောင်းစေဖို့ဖြစ်စေ၊ ဒါမှမဟုတ် နေရောင်ခြည်ဒဏ်ကိုပဲ ကာကွယ်ဖို့ သက်သက်ဖြစ်စေ နေကာမျက်မှန်တွေကတော့ ကျော်ကြားသူတို့ရဲ့ စွယ်စုံသုံး အသုံးအဆောင်ပစ္စည်းတစ်ခုပါ။ အကောင်းဆုံး တံဆိပ်တွေဖြစ်တဲ့ Channel, Prada, Gucci တွေကတော့ ဟောလိဝုဒ်ရဲ့ ထိပ်တန်းစာရင်းဝင်တွေ အကြိုက်ပါပဲ။

Rachel Bilson

Disney ရဲ့ ဧည့်ခံပွဲတစ်ခုမှာ ခေတ်ရေစီးနဲ့ အမီိလိုက်လာတဲ့ Aviators မျက်မှန်နဲ့ သူမရဲ့မျက်လုံးများကို ကာထားပါတယ်။









Victoria Beckham

Chanel Couture Show မှာ သူမရဲ့ ဖက်ရှင်အဆင့်အတန်း ဘယ်လောက်မြင့်သလဲဆိုတာ ပြရုံပါပဲ။











Pairs Hilton

ယုန်ရုပ်လေးတွေပါတဲ့ ရေခဲပြင်စကိတ်စီးအင်္ကျီနဲ့ Oakley မျက်မှန်ကို ၀တ်စမ်းကြည့်နေတာ Pairs ပါ။









Kate Bosworth

ကယ်လီဖိုးနီးယားရဲ့ နေပူပူထဲမှာဆိုရင် နေကာမျက်မှန်တွေက အရမ်းအသုံးဝင်တာပဲ။ အပူဒဏ်က လွတ်ဖို့ သူမရဲ့ ကားဆီကို ပြလှည့်လာတဲ့ Bosworth








Jessica Simpson

ထာဝရဖက်ရှင်ဦးဆောင်သူ Simpson ဟာ ACE Awards မှာ Georgio Armani 338NS နေကာမျက်မှန်ကို ၀တ်ဆင်ထားပါတယ်။










Nichole Richie

Olympus Fashion Week မှာ တွေ့ရတဲ့ Richie က အနက်ရောင်ဝမ်းဆက်နဲ့ အရမ်းဖက်ရှင်ကျနေပါတယ်။









Heidi Klum

The Late Show with David Letterman ကို ဧည့်သည်အဖြစ်လာတုန်း လက်မှတ်ရေးထိုးပေးနေတဲ့ Aviators မျက်မှန်နဲ့ Klum









Jennifer Aniston

Paris ရဲ့ နေရောင်ခြည်ထဲ လမ်းလျှောက်ထွက်လာတဲ့ Aniston









Carmen Eletra

Park City ရဲ့ ကြမ်းတမ်းစူးရှတဲ့ နှင်းတွေရဲ့ အရောင်ကို ခံနိုင်ရည်ရှိအောင် Eletra ရဲ့ မျက်လုံးတွေကို သူမရဲ့မျက်မှန်က ကောင်းကောင်းကာကွယ်ပေးထားပါတယ်။









Catherine Zeta Jones

The Legend of Zorro ရုပ်ရှင်ကား Promotion လုပ်တုန်းက Japan ရဲ့ လေဆိပ်တစ်ခုမှာ Zeta Jones ကြွားကြွားဝင့်ဝင့် လျှောက်လှမ်းလာတာပါ။










Lindsay Lohan

New York က Olympus Fashion Week မှာ Lohan တစ်ယောက်လျှို့လျှို့ဝှက်ဝှက်နဲ့









Gwen Stefani

Stefani ဟာ သူမရဲ့ မြင်သာထင်သာရှိတဲ့ မျက်မှန်နဲ့ ခင်ပွန်း Gavin Rossdale တင်းနစ်ကစားနေတာကို သူမရဲ့ ရင်သွေးငယ် Kingston နဲ့အတူ ကြည့်နေတာပါ။

Celeb in Leggings

Written by Yo Yo on Sunday, December 16, 2007 at 4:05 AM

Celebrities in Leggings

တစ်ချို့ကတော့ ဒီ Leggings ကို မုန်းကြပါတယ်။ ဒါပေမယ့် Leggings ကို အဆင်ပြေပြေ ၀တ်တတ်ရင် Style ကျကျ လှပတယ်ဆိုတာ ဟောလိဝုဒ်က အကျော်မော်တွေက သက်သေပါ။ Leggings ကို အင်္ကျီပွပွနဲ့၊ မီနီစကတ်နဲ့ တွဲဝတ်လေ့ရှိပါတယ်။ ဖိနပ်လှလှတစ်ရံရယ်၊ လည်ဆွဲရယ်ဆိုရင် Leggings နဲ့အတူ စတိုင်လ်ကျဖို့ အိတ်ကြီးကြီးတစ်လုံးပဲ လိုပါတော့တယ်။ ဒီတော့ Star တွေ ဘယ်လိုဝတ်လဲဆိုတာ ကြည့်ရအောင်…

Hilary Duff

ပိန်ပိန်ပါးပါး ခြေထောက်နဲ့ အနက်ရောင် Leggings ကို ၀တ်ထားတော့ မြင်ရတာ ချွန်ချွန်ထက်ထက်နဲ့ တစ်မျိုးပဲ









Jamie-Lynn Sigler

အမြဲတမ်း ခေတ်ဆန်တဲ့ Sigler က အပြာရင့်ရောင် ဂျာစီအင်္ကျီ၊ ရွှေဆွဲကြိုးရှည်ရှည်ကို Leggings အနက်ရောင်ပေါ်မှာ ဆင်ယင်ထားပါတယ်။









Jessica Alba

Alba ကတော့ အစက်အပြောက်တွေပါတဲ့ အင်္ကျီရှည်ရှည်ကို အနက်ရောင် Leggings နဲ့ ဆင်မြန်းထားပါတယ်။ ပြီးတော့ သတ္တုရောင်လွယ်အိတ်၊ နေကာမျက်မှန်တို့လည်း ပါပါသေးတယ်။








Drew Barrymore

ဆင်ယင်ထားတာ အတော်စုံပါတယ်။ သူမရဲ့ Leggings ကို ခြေညှပ်ဖိနပ်၊ လည်စည်းပ၀ါ အစင်းကျား၊ ပုတီးဆွဲကြိုး၊ နေကာမျက်မှန်နဲ့ အိတ်ကြီးကြီးတစ်လုံးတို့နဲ့ တွဲဖက်ဝတ်ဆင်ထားပါတယ်။







Lindsay Lohan

Leggings တိုတို၊ ဇာခါးရှုံ့အင်္ကျီအနက်၊ Christian Louboutin ဖိနပ်တို့နဲ့ Lohan ကတော့ သွက်သွက်သွက်သွက်နဲ့ လျှောက်နေလေရဲ့။








Mena Suvari

ပန်းပွင့်တွေပါတဲ့ V ပုံလည်ပင်း ကီမိုနိုခါးစည်းအင်္ကျီရယ်၊ အနက်ရောင် ကြိုးသိုင်းဖိနပ်ရယ်၊ အသားကပ်နေအောင် ကျပ်တဲ့ Leggings ရယ်တို့နဲ့ Suvari က အရမ်းလှနေပါတယ်။








Nicole Richie

သူမက Leggings ကို လှိုင်းတွန့်တွေပါတဲ့ Boho အင်္ကျီနဲ့ တွဲဖက်ဝတ်ပြီး ဖိနပ်ပါးပါးပဲ စီးထားပါတယ်။









Kate Beckinsale

အနက်ရောင်ကို တော်တော်ကြိုက်ပုံပါပဲ။ အနက်ရောင်ခါးရှည်အင်္ကျီ၊ ခြေသလုံးတစ်ဝက်လောက်ထိ ရှည်တဲ့ Leggings ၊ ပြီးတော့ Christian Louboutin ဒေါက်မြင့်ဖိနပ်၊ အားလုံး အနက်ရောင်ချည်းပါပဲ။

Fashion Personality

Written by Yo Yo on Wednesday, August 15, 2007 at 2:50 AM

What is your Fashion Personality?

နှစ်စဉ်ပြောင်းလဲနေတဲ့ ဖက်ရှင်ဟန်တွေ (သို့) စတိုင်လ်တွေဟာ လူတိုင်းမှာ ရှိကြပါတယ်။ တစ်ခါတစ်လေ ကိုယ့်စတိုင်လ်ဟာ နှစ်ခု၊ သုံးခုလောက်ရောချင်ရောနေတတ်သေးတယ်။ ကိုယ့်ဖက်ရှင်စရိုက်ကို ကိုယ်သိခြင်းဟာ ကိုယ့်အတွက် အကောင်းဆုံးဖက်ရှင် အ၀တ်အစားတွေ ၀ယ်ယူမှုကို အထောက်အပံ့ပေးပါလိမ့်မယ်။ သင့်ဖက်ရှင်ဟန်ကို ဖော်ထုတ်နိုင်ဖို့အတွက် အဓိက ဖက်ရှင်စရိုက်လေးမျိုးကို ဖော်ပြထားပါတယ်။

Dramatic

- ပေါ်လွင်ထင်ရှားတဲ့ ပန်းရိုက်ထည်၊ သားရေထည်၊ geometric ဒီဇိုင်း၊

- တွဲဖက်ပစ္စည်းတွေဆိုရင် ထင်ထင်ပေါ်ပေါ်၊ ထောင့်ချွန်းများတဲ့ ဒီဇိုင်း၊

- ပြောင်ပြောင်လက်လက် ပစ္စည်းတွေ၊ ပုံပန်းကျကျ ချုပ်ထားပြီး fit ဖြစ်တဲ့ပုံစံ၊

- ထင်ရှားပေါ်လွင်တဲ့ ခါးပတ်ကြီးကြီး၊

- ထူးထူးခြားခြား လက်ဝတ်ရတနာတွေ ၀တ်ဆင်ရင်၊

- အသားအမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ ဆန်းပြားတဲ့ ဖိနပ်တွေ၊

- သိသာထင်ရှားတဲ့ မိတ်ကပ်၊

- ချောမွေ့တောက်ပြောင်တဲ့ ဆံပင်ပုံစံ စတာတွေ ဆင်မြန်းသုံးစွဲတယ်ဆိုရင် သင်ဟာ Dramatic ဖက်ရှင်ပိုင်ရှင်ပါ။

Dramatic ဖက်ရှင်ရှိသူဟာ နောက်ဆုံးပေါ်ဒီဇိုင်းတွေကို ၀တ်ဆင်ဖို့၊ လူအများကြားမှာ ပေါ်လွင်ဖို့ နှစ်သက်ကြပါတယ်။ ခေတ်ဆန်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေလည်း ဖြစ်ပါတယ်။ အောက်မှာ Dramatic Styles တစ်ချို့ကို ဖော်ပြထားပါတယ်။

Classic

- အထည်ရိုးရိုး၊ ဒီဇိုင်းရှင်းရှင်းနဲ့ ပုံစံကျကျ အလုပ်တက်ဝတ်စုံ၊

- ကင်းခြေထောက်ဆင် ရက်ကန်းထည်၊ Cashmere အထည်သား၊

- တန်ဖိုးကြီးပြီး တပ်မက်ဖွယ်ကောင်းတဲ့ ရတနာ (ပုလဲ၊ ရွှေ၊ ငွေ) ၊

- ပေါ့ပေါ့ပါးပါး ရှူးဖိနပ်၊

- ဒီဇိုင်းကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ တွဲဖက်ပစ္စည်း စတာတွေ ဆင်မြန်းလေ့ရှိပြီး

- မိတ်ကပ်ဖျော့ဖျော့ပဲ လိမ်းတတ်၊

- ပျော့ပျော့ပျောင်းပျောင်း ပုံသွင်းထားတဲ့ ဆံပင်တွေရှိမယ်ဆိုရင် သင့်ရဲ့ ဖက်ရှင်ဟန်ဟာ Classic ပါ။

Classic ဖက်ရှင် ရှိသူတွေကတော့ ရည်မွန်ကြော့ရှင်း၊ ဣနြေ္ဒရှိပြီး အမြဲတမ်း စနစ်ဇယားရှိတယ်လို့ ထင်ရပါတယ်။ အောက်မှာ Classic Styles တစ်ချို့ကို ဖော်ပြထားပါတယ်။

Sporty

- သက်သောင့်သက်သာရှိပြီး ထသွားထလာ ပေါ့ပေါ့ပါးပါး ၀တ်စုံတွေ၊

- သဘာဝအတိုင်း ရက်လုပ်ထားတဲ့ အထည်စတွေ၊ နူးညံ့တဲ့ သိုးမွေးထည်၊

- ပုံသိပ်မကျတဲ့ ဂျက်ကက်၊ ဆွယ်တာ၊ ဂျင်း(န) ထည်တွေ၊

- အင်္ကျီနဲ့ ဘောင်းဘီအထက်အောက် တစ်ဆက်တည်း ၀တ်စုံတွေ ၀တ်ဆင်ရင်၊

- လက်ဝတ်ရတနာ နည်းနည်းပဲဝတ် (သို့) လုံးဝ မ၀တ်ရင်၊

- ဒေါက်နိမ့်နိမ့်ဖိနပ်၊ သားရေဖိနပ်ပြား၊ အားကစား ရှူးဖိနပ်၊ boot တွေ စီးပြီး

- မိတ်ကပ် နည်းနည်းပဲ လိမ်း (သို့) လုံးဝမလိမ်းဘဲ၊

- ထိန်းသိမ်းရလွယ်တဲ့ ဆံပင်ပုံစံထားတယ်ဆိုရင် သင့်ရဲ့ဖက်ရှင်က Sporty ဖက်ရှင်ပါ။

တက်တက်ကြွကြွ လှုပ်ရှားနေတတ်ပြီး၊ လန်းဆန်းကျန်းမာတဲ့ ဟန်အပြည့်ရှိတာ Sporty ဖက်ရှင်ပိုင်ဆိုင်သူတွေပါ။ အောက်မှာ Sporty Styles တစ်ချို့ကို ဖော်ပြထားပါတယ်။

Romantic

- ပိုးသား၊ ပိုးတွန့်၊ ပိတ်သား ပျော့ပျော့ချောချော၊ ယုန်မွေးထည်၊

- နူးညံ့တဲ့ ပန်းပွင့်ဒီဇိုင်းတွေနဲ့ အကွက်ဆင်တွေ၊ လည်ပင်းဟိုက်တဲ့ ၀တ်စုံတွေ၊

- တောက်ပနုလှတဲ့ လက်ဝတ်ရတနာ၊ နားဆွဲ၊ နားကွင်း၊

- မိန်းမဆန်တဲ့ အိတ်သေးသေး၊

- ဒေါက်မြင့်ဖိနပ်၊ ကြိုးသိုင်းဖိနပ် စတာတွေ ဆင်မြန်းလေ့ရှိသူဆိုရင်၊

- နှုတ်ခမ်းဆိုးဆေးရင့်ရင့်၊ မိတ်ကပ်ရင့်ရင့် လိမ်းခြယ်လေ့ရှိပြီး

- ဆံပင်တွေ ဖားဖားလျားလျား၊ စတက်ပ်ပုံစံ၊ ဖွထားတဲ့ပုံစံတွေ ရှိသူဆိုရင် သင့်ရဲ့ဖက်ရှင်ဟာ Romantic ဖက်ရှင်ပါ။

Romantic ဖက်ရှင်ဟာ နူးညံ့သိမ်မွေ့တဲ့ မိန်းမဆန်မှုနဲ့ စွဲမက်ဖွယ်သွင်ပြင်တွေကို ပိုင်ဆိုင်ပါတယ်။ Romantic ဖက်ရှင်ပိုင်ရှင်တွေဟာ ဘောာင်းဘီနဲ့ အလုပ်တက်ဝတ်စုံတွေထက်စာရင် ဂါဝန်လို အ၀တ်အထည်တွေကို ပိုနှစ်သက်ကြပါတယ်။ အောက်မှာ Romantic Styles တစ်ချို့ကို ဖော်ပြထားပါတယ်။

Formal Wear

Written by Yo Yo on at 2:28 AM

အခမ်းအနားတက် ၀တ်စုံများ

ပွဲနေပွဲထိုင်ဝတ်စုံတွေကို ဘယ်သူမှ နေ့တိုင်းမ၀တ်ကြပါဘူး။ ဒါပေမယ့် တကယ်ပွဲကြီးပွဲကောင်းတွေလာပြီဆိုရင် သူများထက်ထူးခြားလှပတဲ့ ၀တ်စုံကို အမျိုးသမီးတိုင်းဝတ်ဆင်ချင်ပါလိမ့်မယ်။ ကိုယ့်သွင်ပြင်ကို အကြွင်းမဲ့ ကောင်းမွန်လှပတဲ့ သွင်ပြင်အဖြစ် မြင်ချင်ပါလိမ့်မယ်။ ကောင်းမွန်လှပတဲ့ သွင်ပြင်ဆိုတာ ၀တ်စုံနဲ့ လိုက်ဖက်တဲ့ တွဲဖက်ပစ္စည်း၊ အခမ်းအနားနဲ့ ကိုက်ညီပြီး ကိုယ့်ကိုယ်ခန္ဓာပုံစံနဲ့ သင့်တော်တဲ့ဝတ်စုံ စတာတွေကို ရွေးချယ်တတ်ရင် ရယူနိုင်ပါပြီ။ အခမ်းအနားတွေကလည်း တစ်ခုနဲ့တစ်ခု မတူကြတာကြောင့် တစ်ခုချင်းစီမှာ ကွဲပြားတဲ့ အ၀တ်အစားတွေ လိုပါတယ်။ ဘွဲ့နှင်းသဘင်၊ မင်္ဂလာဆောင်၊ ဖျော်ဖြေရေးပွဲ၊ ညနေခင်းပါတီနဲ့ ပျော်ပွဲရွှင်ပွဲတွေအားလုံးဟာ အထူးအခမ်းအနားတွေပါ။ တချို့အခမ်းအနားတွေဆို တက်ရောက်လာရင် ပွဲတက်ဝတ်စုံဝတ်ဆင်ဖို့ သတ်မှတ်တာတောင်ရှိပါတယ်။ အမျိုးသားတွေက Tuxedo (ကုတ်အင်္ကျီအနက်၊ နက်ခ်တိုင်၊ လိုက်ဖက်ညီတဲ့ ဘောင်းဘီ) ၀တ်ဆင်ရပြီး အမျိုးသမီးတွေက ပွဲတက်ဂါဝန်၊ ဂါဝန်ရှည်တွေ ၀တ်ဆင်ကြပါတယ်။

ဂါဝန်ရှည်တွေကတော့ အရေးကြီးတဲ့ အခမ်းအနားတွေအတွက် အသင့်တော်ဆုံးပါ။ အခမ်းအနားပွဲတွေ သွားကြမယ့် မမတွေအတွက် ကောင်းမွန်လှပတဲ့ ပွဲတက်စတိုင်လ်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

တွဲဖက်စရာ

အခမ်းအနားတွေအတွက် အကောင်းဆုံးလိုက်ဖက်တဲ့ ရတနာတွေကတော့ ပုလဲ၊ စိန်နားကပ် (သို့)စိန်လည်ဆွဲ တို့ဖြစ်ပါတယ်။ ကြိုးတွေနဲ့ သိုင်းထားတဲ့ ဖိနပ်ကိုစီးပြီး ပန်းထိုးထားတဲ့ (သို့)ပုတီးစေ့ စီခြယ်အလှဆင်ထားတဲ့ လက်ကိုင်အိတ်သေးသေးတို့ ကိုင်ဆောင်မယ်ဆိုရင် သင်လိုချင်တဲ့ ကောင်းမွန်လှပတဲ့ ပွဲတက်စတိုင်လ်ကို ရမှာပါ။

Dress #1 will look best on the Inverted Triangle body shape.







Dress #2 looks best on the Hourglass body shape.








Dress #3 will look best on a rectangle body shape.








Dress #4 will look best on the Oval body shape.








Dress #5 will look best on both the rectangle and hourglass body shapes








Dress #6 will look best on the inverted triangle and oval body shapes.








Dress #7 will look best on the Triangle body shape.








Dress #8 will look best the the Triangle and Rectangle body shapes.








Dress #9 will look best on the Hourglass body shape.










Triangle - large hips, narrow shoulders, small bust

Inverted Triangle - Broad shoulders, large bust, thick waist, narrow hips

Oval - large bust, thick waist, large hips, rounded look

Hourglass - Large hips, small waist, large bust

Rectangle - Narrow shoulders, wide waist, narrow hips

Aries

Written by Yo Yo on Sunday, August 12, 2007 at 3:26 AM


ရာသီခွင်ထဲက စတိုင်လ်

မိဿရာသီ (Aries)

(မတ် ၂၂ - ဧပြီ ၂၀)

မိဿရာသီဖွားများဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ နေတတ်၊ ဆန်းသစ်တီထွင်တတ်၊ စွန့်စားတတ်တဲ့ ပင်ကိုစရိုက်ရှိပါတယ်။ အငြိမ်မနေဘဲ အမြဲတက်ကြွ လှုပ်ရှားနေခြင်းဟာ မိဿရာသီဖွားတွေအတွက် အရေးပါဆုံးအချက်ဖြစ်ပြီး အပြောင်းအလဲနဲ့ စိတ်လှုပ်ရှားဖွယ်တွေကို လိုလားကြပါတယ်။ ဖက်ရှင်မှာတော့ သူတို့ဟာ အသစ်ပေါ်တာကို အရင်ဆုံးစမ်းသပ်ချင်သူတွေ ဖြစ်ကြပါတယ်။ လူအုပ်ကြားထဲမှာ ထင်းခနဲပေါ်နေမှာကိုလည်း မစိုးရွံ့ကြပါဘူး။ သူတို့ဟာ ခေတ်ဆန်ကြော့မော့ဟန်ကို လိုချင်ကြပြီး ယောက်ျားလေးဆန်တဲ့ ကြွပ်ဆတ်ဆတ်ဟန်လည်း ရှိကြပါတယ်။ Aries အများစုဟာ အနီရောင်ကို နှစ်ခြိုက်ကြပါတယ်။ Aries Shopper တွေ ရှာဖွေဝယ်သင့်တာကတော့ လှပသေသပ်စွာ ချုပ်ထားတဲ့ အနက်ရောင်ဝတ်စုံရယ်၊ တွဲဖက်ဖို့ အနက်ရောင်နဲ့ သိသိသာသာ ဆန့်ကျင်နေတဲ့ အနီရောင် တွဲဖက်ပစ္စည်းတွေ ဖြစ်ပါတယ်။

Aries Star Style:

Reese Witherspoon(March 20)

အနက်ရောင် ဘလေဇာကို အံကိုက်တော်တဲ့ အနက်ရောင်ဘောင်းဘီရှည်နဲ့ တွဲဖက်ထားပါတယ်။ ဒီညနေခင်းဝတ်စုံကို ဘော်ကြယ်၊ ပန်းထိုး၊ အနားကွပ်တွေနဲ့ အနုစိပ် ချုပ်ထားတဲ့ ခါးတိုအင်္ကျီအောက်ကခံပြီး တွဲဖက်ထားပါတယ်။ ၀တ်စုံတစ်ခုလုံး အနက်ရောင်ချည်းဖြစ်နေတာကြောင့် Reese က အောက်ခံအင်္ကျီကို ချောမွတ်တဲ့ အထည်သားသုံးပြီး ၀တ်စုံကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြုလုပ်ထားပါတယ်။ ပြီးတော့ ဆေးဆိုးထားတဲ့ ခြေချောင်းလေးတွေ ပေါ်အောင် ထိပ်ဖွင့် ရှူးအနက်ရောင်စီးပြီး သူမရဲ့စတိုင်လ်ကို အဆုံးသတ်ထားပါတယ်။

Taurus

Written by Yo Yo on at 3:24 AM


ပြိဿရာသီ (Taurus)

(ဧပြီ ၂၁ - မေ ၂၁)

အေးချမ်းတည်ငြိမ်မှု ရှိခြင်းနဲ့အတူ မွေးဖွားလာပြီး စွဲမက်ဖွယ်ကောင်းကာ အလျှော့မပေးတတ်သူများ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်၊ ဖူးဖူးမှုတ်ထားတတ်တဲ့ ပြိဿရာသီဖွား Shopper များဟာ အမြဲတမ်းအရည်အသွေး ကောင်းကောင်းကိုသာ ရှာဝယ်တတ်ကြပါတယ်။ ဒါပေမယ့် ဈေးကြီးကြီးပေးရဖို့တော့ နှမြောကြပါတယ်။ Taurus တွေအတွက်ကတော့ ၀တ်စုံတစ်စုံရဲ့ စတိုင်လ်ထက် အဲဒီဝတ်စုံကို ကိုယ်ကြိုက်မကြိုက်ကသာ ပိုအရေးကြီးကြပါတယ်။ အကောင်းဆုံး အထည်စတွေဖြစ်တဲ့ ချောမွေ့တဲ့ ပိုးသားတို့၊ နွေးနွေးထွေးထွေးရှိတဲ့ Cashmere (ဆိတ်တစ်မျိုး၏ အလွန်နူးညံ့သော အမွေးဖြင့် ပြုလုပ်ထားသောအထည်) အထည်စတို့က သူတို့ ပင့်သက်ရှိုက်ရလောက်အောင် ကြိုက်နှစ်သက်တဲ့ အထည်တွေပေါ့။ Taurus Shopper တွေဟာ လုံးဝ မိန်းကလေးဆန်တဲ့ စကတ်ရှည်နဲ့ သူတို့ရဲ့ လှပတဲ့ ကောက်ကြောင်းတွေ ပေါ်လွင်နိုင်အောင် ခါးမှာ အနားတွန့်တွေ၊ ဇာပန်းထည်တွေနဲ့ ပိုင်းခြားထားတဲ့ အ၀တ်မျိုးကို ရွေးချယ်ဝယ်သင့်ပါတယ်။ ဒီရာသီဖွား မိန်းကလေးများဟာ လက်ဝတ်ရတနာများကိုလည်း မြတ်နိုးကြတာကြောင့် ၀တ်စုံတိုင်းနဲ့ လှလှပပ တွဲဖက်နိုင်မယ့် စိန်လည်ဆွဲကို ရွေးချယ်သင့်ပါတယ်။

Taurus Star Style:

Jessica Alba – April 28

သင့်ရဲ့ခါးကို ပေါ်လွင်လှပစေဖို့ Jessica လိုပဲ ချစ်စရာကောင်းပြီး မိန်းမဆန်တဲ့ အရောင်နုနုဝတ်စုံကို ပိုးသား၊ Chiffon၊ ဖဲသားစတဲ့ အထည်စတွေ သုံးပြီးချုပ်သင့်ပါတယ်။ ပြီးတော့ အဲဒီဝတ်စုံကို Jessica ရဲ့ လည်ဆွဲလို ထည်ဝါတဲ့ လည်ဆွဲတစ်ခုနဲ့ တွဲဖက်ကြည့်လိုက်ပါ။