Fashion Personality

Written by Yo Yo on Wednesday, August 15, 2007 at 2:50 AM

What is your Fashion Personality?

နှစ်စဉ်ပြောင်းလဲနေတဲ့ ဖက်ရှင်ဟန်တွေ (သို့) စတိုင်လ်တွေဟာ လူတိုင်းမှာ ရှိကြပါတယ်။ တစ်ခါတစ်လေ ကိုယ့်စတိုင်လ်ဟာ နှစ်ခု၊ သုံးခုလောက်ရောချင်ရောနေတတ်သေးတယ်။ ကိုယ့်ဖက်ရှင်စရိုက်ကို ကိုယ်သိခြင်းဟာ ကိုယ့်အတွက် အကောင်းဆုံးဖက်ရှင် အ၀တ်အစားတွေ ၀ယ်ယူမှုကို အထောက်အပံ့ပေးပါလိမ့်မယ်။ သင့်ဖက်ရှင်ဟန်ကို ဖော်ထုတ်နိုင်ဖို့အတွက် အဓိက ဖက်ရှင်စရိုက်လေးမျိုးကို ဖော်ပြထားပါတယ်။

Dramatic

- ပေါ်လွင်ထင်ရှားတဲ့ ပန်းရိုက်ထည်၊ သားရေထည်၊ geometric ဒီဇိုင်း၊

- တွဲဖက်ပစ္စည်းတွေဆိုရင် ထင်ထင်ပေါ်ပေါ်၊ ထောင့်ချွန်းများတဲ့ ဒီဇိုင်း၊

- ပြောင်ပြောင်လက်လက် ပစ္စည်းတွေ၊ ပုံပန်းကျကျ ချုပ်ထားပြီး fit ဖြစ်တဲ့ပုံစံ၊

- ထင်ရှားပေါ်လွင်တဲ့ ခါးပတ်ကြီးကြီး၊

- ထူးထူးခြားခြား လက်ဝတ်ရတနာတွေ ၀တ်ဆင်ရင်၊

- အသားအမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ ဆန်းပြားတဲ့ ဖိနပ်တွေ၊

- သိသာထင်ရှားတဲ့ မိတ်ကပ်၊

- ချောမွေ့တောက်ပြောင်တဲ့ ဆံပင်ပုံစံ စတာတွေ ဆင်မြန်းသုံးစွဲတယ်ဆိုရင် သင်ဟာ Dramatic ဖက်ရှင်ပိုင်ရှင်ပါ။

Dramatic ဖက်ရှင်ရှိသူဟာ နောက်ဆုံးပေါ်ဒီဇိုင်းတွေကို ၀တ်ဆင်ဖို့၊ လူအများကြားမှာ ပေါ်လွင်ဖို့ နှစ်သက်ကြပါတယ်။ ခေတ်ဆန်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေလည်း ဖြစ်ပါတယ်။ အောက်မှာ Dramatic Styles တစ်ချို့ကို ဖော်ပြထားပါတယ်။

Classic

- အထည်ရိုးရိုး၊ ဒီဇိုင်းရှင်းရှင်းနဲ့ ပုံစံကျကျ အလုပ်တက်ဝတ်စုံ၊

- ကင်းခြေထောက်ဆင် ရက်ကန်းထည်၊ Cashmere အထည်သား၊

- တန်ဖိုးကြီးပြီး တပ်မက်ဖွယ်ကောင်းတဲ့ ရတနာ (ပုလဲ၊ ရွှေ၊ ငွေ) ၊

- ပေါ့ပေါ့ပါးပါး ရှူးဖိနပ်၊

- ဒီဇိုင်းကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ တွဲဖက်ပစ္စည်း စတာတွေ ဆင်မြန်းလေ့ရှိပြီး

- မိတ်ကပ်ဖျော့ဖျော့ပဲ လိမ်းတတ်၊

- ပျော့ပျော့ပျောင်းပျောင်း ပုံသွင်းထားတဲ့ ဆံပင်တွေရှိမယ်ဆိုရင် သင့်ရဲ့ ဖက်ရှင်ဟန်ဟာ Classic ပါ။

Classic ဖက်ရှင် ရှိသူတွေကတော့ ရည်မွန်ကြော့ရှင်း၊ ဣနြေ္ဒရှိပြီး အမြဲတမ်း စနစ်ဇယားရှိတယ်လို့ ထင်ရပါတယ်။ အောက်မှာ Classic Styles တစ်ချို့ကို ဖော်ပြထားပါတယ်။

Sporty

- သက်သောင့်သက်သာရှိပြီး ထသွားထလာ ပေါ့ပေါ့ပါးပါး ၀တ်စုံတွေ၊

- သဘာဝအတိုင်း ရက်လုပ်ထားတဲ့ အထည်စတွေ၊ နူးညံ့တဲ့ သိုးမွေးထည်၊

- ပုံသိပ်မကျတဲ့ ဂျက်ကက်၊ ဆွယ်တာ၊ ဂျင်း(န) ထည်တွေ၊

- အင်္ကျီနဲ့ ဘောင်းဘီအထက်အောက် တစ်ဆက်တည်း ၀တ်စုံတွေ ၀တ်ဆင်ရင်၊

- လက်ဝတ်ရတနာ နည်းနည်းပဲဝတ် (သို့) လုံးဝ မ၀တ်ရင်၊

- ဒေါက်နိမ့်နိမ့်ဖိနပ်၊ သားရေဖိနပ်ပြား၊ အားကစား ရှူးဖိနပ်၊ boot တွေ စီးပြီး

- မိတ်ကပ် နည်းနည်းပဲ လိမ်း (သို့) လုံးဝမလိမ်းဘဲ၊

- ထိန်းသိမ်းရလွယ်တဲ့ ဆံပင်ပုံစံထားတယ်ဆိုရင် သင့်ရဲ့ဖက်ရှင်က Sporty ဖက်ရှင်ပါ။

တက်တက်ကြွကြွ လှုပ်ရှားနေတတ်ပြီး၊ လန်းဆန်းကျန်းမာတဲ့ ဟန်အပြည့်ရှိတာ Sporty ဖက်ရှင်ပိုင်ဆိုင်သူတွေပါ။ အောက်မှာ Sporty Styles တစ်ချို့ကို ဖော်ပြထားပါတယ်။

Romantic

- ပိုးသား၊ ပိုးတွန့်၊ ပိတ်သား ပျော့ပျော့ချောချော၊ ယုန်မွေးထည်၊

- နူးညံ့တဲ့ ပန်းပွင့်ဒီဇိုင်းတွေနဲ့ အကွက်ဆင်တွေ၊ လည်ပင်းဟိုက်တဲ့ ၀တ်စုံတွေ၊

- တောက်ပနုလှတဲ့ လက်ဝတ်ရတနာ၊ နားဆွဲ၊ နားကွင်း၊

- မိန်းမဆန်တဲ့ အိတ်သေးသေး၊

- ဒေါက်မြင့်ဖိနပ်၊ ကြိုးသိုင်းဖိနပ် စတာတွေ ဆင်မြန်းလေ့ရှိသူဆိုရင်၊

- နှုတ်ခမ်းဆိုးဆေးရင့်ရင့်၊ မိတ်ကပ်ရင့်ရင့် လိမ်းခြယ်လေ့ရှိပြီး

- ဆံပင်တွေ ဖားဖားလျားလျား၊ စတက်ပ်ပုံစံ၊ ဖွထားတဲ့ပုံစံတွေ ရှိသူဆိုရင် သင့်ရဲ့ဖက်ရှင်ဟာ Romantic ဖက်ရှင်ပါ။

Romantic ဖက်ရှင်ဟာ နူးညံ့သိမ်မွေ့တဲ့ မိန်းမဆန်မှုနဲ့ စွဲမက်ဖွယ်သွင်ပြင်တွေကို ပိုင်ဆိုင်ပါတယ်။ Romantic ဖက်ရှင်ပိုင်ရှင်တွေဟာ ဘောာင်းဘီနဲ့ အလုပ်တက်ဝတ်စုံတွေထက်စာရင် ဂါဝန်လို အ၀တ်အထည်တွေကို ပိုနှစ်သက်ကြပါတယ်။ အောက်မှာ Romantic Styles တစ်ချို့ကို ဖော်ပြထားပါတယ်။

0 Responses to "Fashion Personality"