Celeb in Leggings

Written by Yo Yo on Sunday, December 16, 2007 at 4:05 AM

Celebrities in Leggings

တစ်ချို့ကတော့ ဒီ Leggings ကို မုန်းကြပါတယ်။ ဒါပေမယ့် Leggings ကို အဆင်ပြေပြေ ၀တ်တတ်ရင် Style ကျကျ လှပတယ်ဆိုတာ ဟောလိဝုဒ်က အကျော်မော်တွေက သက်သေပါ။ Leggings ကို အင်္ကျီပွပွနဲ့၊ မီနီစကတ်နဲ့ တွဲဝတ်လေ့ရှိပါတယ်။ ဖိနပ်လှလှတစ်ရံရယ်၊ လည်ဆွဲရယ်ဆိုရင် Leggings နဲ့အတူ စတိုင်လ်ကျဖို့ အိတ်ကြီးကြီးတစ်လုံးပဲ လိုပါတော့တယ်။ ဒီတော့ Star တွေ ဘယ်လိုဝတ်လဲဆိုတာ ကြည့်ရအောင်…

Hilary Duff

ပိန်ပိန်ပါးပါး ခြေထောက်နဲ့ အနက်ရောင် Leggings ကို ၀တ်ထားတော့ မြင်ရတာ ချွန်ချွန်ထက်ထက်နဲ့ တစ်မျိုးပဲ









Jamie-Lynn Sigler

အမြဲတမ်း ခေတ်ဆန်တဲ့ Sigler က အပြာရင့်ရောင် ဂျာစီအင်္ကျီ၊ ရွှေဆွဲကြိုးရှည်ရှည်ကို Leggings အနက်ရောင်ပေါ်မှာ ဆင်ယင်ထားပါတယ်။









Jessica Alba

Alba ကတော့ အစက်အပြောက်တွေပါတဲ့ အင်္ကျီရှည်ရှည်ကို အနက်ရောင် Leggings နဲ့ ဆင်မြန်းထားပါတယ်။ ပြီးတော့ သတ္တုရောင်လွယ်အိတ်၊ နေကာမျက်မှန်တို့လည်း ပါပါသေးတယ်။








Drew Barrymore

ဆင်ယင်ထားတာ အတော်စုံပါတယ်။ သူမရဲ့ Leggings ကို ခြေညှပ်ဖိနပ်၊ လည်စည်းပ၀ါ အစင်းကျား၊ ပုတီးဆွဲကြိုး၊ နေကာမျက်မှန်နဲ့ အိတ်ကြီးကြီးတစ်လုံးတို့နဲ့ တွဲဖက်ဝတ်ဆင်ထားပါတယ်။







Lindsay Lohan

Leggings တိုတို၊ ဇာခါးရှုံ့အင်္ကျီအနက်၊ Christian Louboutin ဖိနပ်တို့နဲ့ Lohan ကတော့ သွက်သွက်သွက်သွက်နဲ့ လျှောက်နေလေရဲ့။








Mena Suvari

ပန်းပွင့်တွေပါတဲ့ V ပုံလည်ပင်း ကီမိုနိုခါးစည်းအင်္ကျီရယ်၊ အနက်ရောင် ကြိုးသိုင်းဖိနပ်ရယ်၊ အသားကပ်နေအောင် ကျပ်တဲ့ Leggings ရယ်တို့နဲ့ Suvari က အရမ်းလှနေပါတယ်။








Nicole Richie

သူမက Leggings ကို လှိုင်းတွန့်တွေပါတဲ့ Boho အင်္ကျီနဲ့ တွဲဖက်ဝတ်ပြီး ဖိနပ်ပါးပါးပဲ စီးထားပါတယ်။









Kate Beckinsale

အနက်ရောင်ကို တော်တော်ကြိုက်ပုံပါပဲ။ အနက်ရောင်ခါးရှည်အင်္ကျီ၊ ခြေသလုံးတစ်ဝက်လောက်ထိ ရှည်တဲ့ Leggings ၊ ပြီးတော့ Christian Louboutin ဒေါက်မြင့်ဖိနပ်၊ အားလုံး အနက်ရောင်ချည်းပါပဲ။

0 Responses to "Celeb in Leggings"