For Teen

Written by Yo Yo on Thursday, July 26, 2007 at 3:55 AM

ဆယ်ကျော်သက်တို့အတွက် အလှရဲ့လျှို့ဝှက်ချက်များ

အမှန်တကယ်တော့ တချို့အကြံဥာဏ်တွေက နာယူမှတ်သားထားဖို့ အလွန်ထိုက်တန်တတ်ကြပေမယ့် ဆယ်ကျော်သက်တွေဟာ အသက်ကြီးသူတွေဆီက အကြံဥာဏ်ရယူဖို့ ၀န်လေးကြပါတယ်။ (အထူးသဖြင့် အသုံးဝင်လှတဲ့ အလှအပဆိုင်ရာ လမ်းညွှန်ချက်တွေမှာပေါ့) ကျွန်တော်တို့ဟာ ဖက်ရှင်မဂ္ဂဇင်းများကို ဖတ်နေကြသလို အလှအပပစ္စည်းများကိုလည်း စမ်းသပ်သုံးစွဲဖူးကြပါတယ်။ ဒါပေမယ့် အဲဒီ့ထဲကမှ တစ်ချို့တစ်လေသာ ကိုယ့်အတွက်အသုံးဝင်ကြတယ်လေ။ ဒါကြောင့် ဆယ်ကျော်သက် ကောင်မလေးတွေအတွက် အသုံးဝင်မယ့် အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အောက်ခံမိတ်ကပ် မလိမ်းပါနဲ့

အကယ်၍သင့်မှာ ၀က်ခြံတွေရှိရင် အရင်ဆုံး အောက်ခံမိတ်ကပ်ကို လိမ်းချင်မှာပါ။ ဖြစ်နိုင်တဲ့ နည်းနဲ့ကို ရှောင်ပါ။ အောက်ခံမိတ်ကပ်လိမ်းတယ်ဆိုတာ အသက် ၄၀ ကျော်အမျိုးသမီးကြီးတွေအတွက်ပါ။ အောက်ခံမိတ်ကပ်ဟာ သင့်ရဲ့သဘာဝအလှအပကို ဖုံးကွယ်ပစ်လိုက်နိုင်ပါတယ်။ အောက်ခံမိတ်ကပ်လိမ်းမယ့်အစား ၀က်ခြံကို ၀က်ခြံပျောက်ဆေး (concealer) နဲ့ဖုံးပြီး ပေါင်ဒါရိုက်လိုက်ပါ။

Concealer ကို ပွတ်မလိမ်းဘဲ ဖွဖွလေးပဲ တို့ပါ

ဒီအချက်ကို Tyra Banks Show ကို ကြည့်ပြီး သိတာပါ။ သင့်ရဲ့ လက်ခလယ်ပေါ်မှာ concealer နည်းနည်းယူပြီး ၀က်ခြံကိုတို့ပါ။ မပွတ်ပါနဲ့။

နှုတ်ခမ်း (သို့) မျက်လုံး တစ်ခုခုကိုပဲ စိတ်ကြိုက်ပြင်ပါ၊ နှစ်ခုစလုံး မပြင်ပါနဲ့။

မျက်လုံးကို များများစားစားပြင်ထားမယ်ဆိုရင် နှုတ်ခမ်းကို အရောင်တင်ဆီ နည်းနည်းလေးပဲ သုံးပြီးပြင်ပါ။ မျက်နှာကို လိမ်းခြယ်ဆေး အလွန်အကျွံမသုံးဘဲ နုနုဖျော့ဖျော့ပဲ ထားပြီး မျက်လုံးကို mascara နဲ့ eyeshadow ဖျော့ဖျော့ပဲသုံးပါ။ နှုတ်ခမ်းရော မျက်လုံးပါ နှစ်ခုလုံး များများစားစား ပြင်ဆင်ထားရင်တော့ ဆပ်ကပ်ထဲက clown နဲ့ တူသွားလိမ့်မယ်။

နောက်ထပ်လျှော့ရမှာက…

သင့်သူငယ်ချင်းတစ်ချို့ ဘာမိတ်ကပ်မှမလိမ်းဘဲ ကြည့်ကောင်းနေတာကို သတိပြုမိရဲ့လား။ သင့်အသက်ဘယ်လောက်ပဲဖြစ်ဖြစ် မိတ်ကပ်အများကြီး လိမ်းထားမယ်ဆိုရင် ကြည့်ရဆိုးပါတယ်။ နေ့တိုင်း အောက်ခံမိတ်ကပ်လိမ်းမယ်၊ ပေါင်ဒါရိုက်မယ်၊ လိမ်းခြယ်ဆေးလိမ်းမယ်၊ liner ဆွဲမယ်၊ mascara ခြယ်မယ်၊ eyeshadow ထည့်မယ်၊ lip liner ဆွဲမယ်ဆိုရင် တော်တော်အလုပ်များမှာပဲ။ နည်းနည်းလျှော့ပါ။ ဆယ်ကျော်သက်တစ်ယောက်အတွက် အမှန်တကယ်လိုအပ်တာတွေကတော့ mascara ကောင်းကောင်းတစ်ခုရယ်၊ ၀က်ခြံပျောက်ဆေး (concealer) ရယ်၊ နှုတ်ခမ်းအရောင်တင်ဆီရယ် တို့ပဲဖြစ်ပါတယ်။

အထပ်အလွှာဆံပင်ပုံစံက အမြဲကြည့်ကောင်းပါတယ်

စတက်ပ် ဆံပင်ဟာ အကောက်၊ အဖြောင့်၊ လှိုင်းတွန့် စတဲ့ ဆံပင်အမျိုးအစား အမျိုးမျိုးနဲ့ လိုက်ဖက်ပါတယ်။ ပါးလွှာတဲ့ ဆံပင်ကို ထူစေအောင်၊ အတွန့်အကောက်ဆံပင်ကို ထိန်းသိမ်းရလွယ်စေအောင်၊ လှိုင်းတွန့်ဆံပင်ကို ဆွဲဆောင်မှု ပိုရှိစေအောင် လုပ်ပေးပါတယ်။

မရှိမဖြစ် အလှကုန်ပစ္စည်းတွေ ၀ယ်ဖို့ပဲ ငွေသုံးပါ

ဘယ်ဟာက ဖြုန်းတီးတာ၊ ဘယ်ဟာက အမှန်တကယ်လိုအပ်တာဆိုတာ သေချာမသိသေးရင် ဒီအချက်ကို လိုက်နာပါ။ eye shadow, facial moisturizer, ပေါင်ဒါနဲ့ နှုတ်ခမ်းဆိုးဆေးတွေဝယ်ဖို့ ကုတ်ကျစ်မနေပါနဲ့။ ပြီးတော့ fancy mascara တွေ၊ သန့်စင်ဆေးတွေ၊ eye liner နဲ့ နှုတ်ခမ်းအရောင်တင်ဆီတွေလည်း အရမ်းမ၀ယ်ပါနဲ့။

နေပူခံလိမ်းဆေးကို ဘယ်အချိန်မှာ မလိမ်းဘဲနေလို့ရသလဲ

ဘယ်အချိန်မှာမှ မရပါဘူး။ အပြင်ဘက်မှာ တိမ်ထူထူ၊ မိုးရွာရွာ နေ့တိုင်းအပြင်မထွက်ခင် လိမ်းသင့်တဲ့ အလှကုန်ပစ္စည်းက နေလောင်ဒဏ်ခံလိမ်းဆေးပါ။ အခုတည်းကစပြီး နေလောင်ဒဏ်ခံ လိမ်းဆေးလိမ်းတဲ့ အလေ့အကျင့်ကောင်းကို မွေးမြူသွားမယ်ဆိုရင် အသက် ၅၀၊ ၆၀၊ ၇၀ လောက်ရောက်ချိန်မှာ သင့်အသားအရေဟာ အများနဲ့မတူဘဲ လှပကောင်းမွန်နေပါလိမ့်မယ်။

ဆံပင်ကောက်တဲ့ အလိပ်တွေနဲ့ လှိုင်းတွန့်လေးတွေလုပ်ကြည့်ပါ

ရှည်လျားတဲ့ အထပ်အလွှာလှိုင်းတွန့်လေးတွေထက် ဆွဲဆောင်မှုပိုရှိတာ မရှိသလောက်ပါပဲ။ သူတို့ကို လိုချင်ရင်တော့ ဆံပင်ကောက်တဲ့ အလိပ်တွေမှာ ဆံပင်ကို အရှည်နှစ်လက်မစီ အထက်အောက်ပြောင်းပြန်ပတ်ပြီး လုပ်ယူနိုင်ပါတယ်။

ဝက်ခြံတွေ မပျောက်သေးဘူးဆိုရင် အရေပြားရောဂါကု ဆရာဝန်ဆီ သွားပါ

ဝက်ခြံရှိသူတွေလုပ်တတ်တဲ့ အကြီးမားဆုံး အမှားကတော့ အရေပြားရောဂါကု ဆရာဝန်ထံ မသွားခြင်းပါပဲ။ သင် အငမ်းမရလိုချင်နေတဲ့ jean တွေကို မေ့ထားလိုက်ပြီး ဒါတွေဝယ်မယ့်အစား ၀က်ခြံတွေကို အရေပြားကုဆရာဝန်နဲ့ ဖယ်ရှားကုသခြင်းဟာ သင့်အတွက် အကောင်းဆုံးငွေမြှုပ်နှံခြင်းပါ။

မျက်လုံးအထဲကို liner မဆွဲပါနဲ့

သင့်မျက်လုံးကို ပိုသေးသွားစေပါတယ်။ အဲဒီအစား မျက်တောင် line ပဲဆွဲပါ။ အရမ်းသိသာထင်ရှားနေတဲ့ line ကလည်း သဘာဝမကျပါဘုး။

အဆီပြန်တဲ့ ဆံပင်ဆိုရင် dry shampoo သုံးပါ

သင့်ဆံပင်ဟာ ရွှေရောင်ဖျော့ဖျော့ဆိုရင်တော့ ကလေးပေါင်ဒါအနည်းငယ်ကို ဆံပင်အရင်းနားနဲ့ငယ်ထိပ်နားတွေမှာ သိပ်ခြင်းဖြင့် ပြန်နေတဲ့အဆီတွေကို စုပ်ယူနိုင်ပါတယ်။ အညိုရောင်၊ အနက်ရောင် ဆံကေသာတွေဆိုရင်တော့ dry shampoo ကို သုံးတာပိုကောင်းပါတယ်။

သင့်ရဲ့အကောင်းဆုံး လက္ခဏာကို ပေါ်လွင်အောင်လုပ်ပါ

သင့်ရဲ့ ဘယ်အရည်အချင်းကို လူတွေမှတ်ချက်ပေးကြလဲ။ အကယ်၍ သင့်ကို Angelina Jolie နဲ့တူတဲ့ နှုတ်ခမ်းလေးတွေ ရှိတယ်လို့ဆိုရင် ပေါ်လွင်ထင်ရှားတဲ့ နှုတ်ခမ်းဆိုးဆေးအရောင်နဲ့ အရောင်တင်ဆီကို အသုံးပြုဖို့ မမေ့ပါနဲ့။

အလှတရားဆိုတာ စိတ်ထဲက ဖြစ်တည်လာတာ ဆိုတာ မမေ့ပါနဲ့

ယောက်ျားလေးတွေကို ဆွဲဆောင်ထားနိုင်တဲ့ သင်သိတဲ့ မိန်းကလေးတစ်ယောက်အကြောင်း တွေးကြည့်ပါ။ ဘာကြောင့် သူမ လွှမ်းမိုးနိုင်ရတာလဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလို့ပဲပေါ့။ ဒါကြောင့် သင်ဟာ မိတ်ကပ်မလိမ်းထားပေမယ့်၊ ခြေသည်းတွေကိုလည်း ဆေးမဆိုးထားပေမယ့် ပြုံးပျော်ရွှင်လန်းနေမယ်ဆိုရင် ဘေးက သင့်သူငယ်ချင်းထက် ဆယ်ဆပိုလှနေလိမ့်မယ်ဆိုတာ ယုံ

The History of Hawaiian Shirt

Written by Yo Yo on at 3:35 AM

Hawaiian မှတ်တမ်း

ကမ်းခြေ အပန်းဖြေခရီးတွေ၊ သင်္ကြန်ပွဲတော်တွေ၊ ထသွားထလာ ပေါ့ပေါ့ပါးပါးပွဲတွေနဲ့ ပူပြင်းတဲ့ရာသီတွေမှာ Hawaiian ရှပ်ကို လူကြီးလူငယ် အတော်များများ နှစ်သက်စွာ ၀တ်ဆင်လေ့ရှိကြပါတယ်။ ဒီနေ့ထက်ထိ ရေပန်းစားဆဲဖြစ်တဲ့ ဒီလိုထူးခြားတဲ့ အဆင်ဒီဇီုင်း၊ အရောင်အသွေးတွေနဲ့ ရှပ်အင်္ကျီကို တီထွင်ဖန်တီးခဲ့သူတွေရဲ့ ဖန်တီးမှုက အံ့မခန်းပါပဲ။ သင်ဟာ Hawaiian ရှပ်ကို ကြိုက်နှစ်သက်သူဆိုရင် ဖန်တီးရှင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ Hawaiian ရှပ်ရဲ့ စတင်ဖြစ်တည်မှု သမိုင်းကြောင်းလေးကို ပြန်ကြည့်ကြစို့လား။

Hawaiian ရှပ်ကို Aloha ရှပ်လို့လည်း ခေါ်ကြပြီး 1930 ခုနှစ်မှာ စီးပွားဖြစ်စတင်ထုတ်လုပ်လာကြတာ ဒီနေ့ထိပါ။ လေ့လာသူတစ်ချို့တွေ့ရှိတဲ့ Aloha ရှပ်ရဲ့ ဖန်တီးရှင်ကတော့ တရုတ်လူမျိုးကုန်သည် Mr. Ellery Chun ပါ။ သူဟာ 1909 ခုနှစ်မှာ Honolulu မှာ မွေးဖွားပြီး အသက် 91 နှစ်အရွယ် 2000 ပြည့်နှစ် ဇွန်လ 16 ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့အစ်မ Ethel Chun Lum ရဲ့ အကူအညီနဲ့ Hawaiian ရှပ်ကို စတင်အကောင်အထည်ဖော်ခဲ့ ကြပါတယ်။ Ethel Chun Lum ဟာ ကီမိုနိုစကို သုံးပြီး အရောင်တောက်တောက် ပွင့်ရိုက်ဒီဇိုင်းနဲ့ ပထမဦးဆုံး လက်တိုရှပ်အင်္ကျီကို ပြုလုပ်ခဲ့ပါတယ်။ 1963 ခုနှစ် ဇူလိုင်လ 15 ရက်မှာမှ Mr. Chun ဟာ သူ့ရဲ့ ကိုယ်ပိုင်လုပ်ငန်းကို Aloha ဆိုတဲ့ အမှတ်တံဆိပ်နဲ့ မှတ်ပုံတင်ပြီး Hawaiian ရှပ်တွေကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ သူ့ဆိုင်ရဲ့ ပြတင်းပေါက်မှာ Aloha Shirt ဆိုတဲ့ စာတန်းကို ချိတ်ဆွဲခဲ့တာကြောင့် ရှပ်လို့လည်း လူသိများလာပါတယ်။

ဒေသခံတွေ၊ ရေလွှာလှိုင်းစီး ကစားသူတွေ၊ ကမ္ဘာလှည့်ခရီးသွားသူတွေနဲ့ ကမ်းခြေကို နှစ်သက်တဲ့ လူငယ်တွေကြားမှာ ဒီရှပ်အင်္ကျီတွေဟာ အလွန်ကို ရေပန်းစားလာခဲ့ပါတယ်။ Hawaiian ရှပ်ကို 20 ရာစုအလယ်လောက်မှာ ပိုးတုကိုသုံးပြီး ပိုမိုကောင်းမွန်အောင် ချုပ်လုပ်လာကြတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအတွက် အမှတ်တရ လက်ဆောင်ပေးစရာ ပစ္စည်းတစ်ခုဖြစ်လာပါတယ်။

1940 နဲ့ 1950 ကြားမှာ Hawaiian ရှပ်ကို လူသိများခဲ့ကြပြီး အကျော်အမော်တွေတောင် ၀တ်ဆင်လာကြပါတယ်။ ရော့ခ်ဂီတရဲ့ ဘုရင် Elvis Presley ဆီမှာဆိုရင် သူ့ရဲ့ဖျော်ဖြေပွဲတွေမှာ ၀တ်ဖို့ Hawaiian ရှပ်တစ်ပုံကြီး ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ 33 ဆက်မြောက် သမ္မတ Harry S. Truman ကိုလည်း 1951 ခုနှစ်ထုတ် Life မဂ္ဂဇင်းမှာ Hawaiian ရှပ်ဝတ်ဆင်လျက် တွေ့ရပါတယ်။ “From here to Eternity” ရှပ်ရှင်ဇာတ်လမ်းထဲမှာ Frank Sinatra နဲ့ Montgomery Cliff တို့လည်း ၀တ်ဆင်ခဲ့ကြပါတယ်။

Hawaiian ရှပ်ကို ၀တ်ဆင်ဆဲ၊ ထောက်ခံအားပေးဆဲ အကျော်အမော်တွေ၊ ပြည်သူတွေ အများကြီး ရှိနေပါသေးတယ်။ ဒါဟာ Hawaiian ရှပ်ကို လူအတော်များများ ကြိုက်နှစ်သက်တယ်ဆိုတာကို သက်သေပြတာပါပဲ။ Hawaiian ရှပ်တွေဟာ ကမ်းခြေရဲ့ အမှတ်သင်္ကေတတွေအဖြစ် အသုံးတော်ခံလျက်ပါ။ ဘာပဲဖြစ်ဖြစ် ဒီ Hawaiian ရှပ်ကို ဖန်တီးခဲ့တဲ့သူ မရှိရင် ကျွန်တော်တို့လည်း ၀တ်ဆင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် Hawaiian ရှပ်ကို ပုံဖော်ဖန်တီးခဲ့သူတွေကို ချီးကျူးဂုဏ်ပြု ဆုတောင်းပေးလိုက်ကြရအောင်။

Tie a Tie

Written by Yo Yo on Thursday, July 19, 2007 at 4:36 AM

Tie a Tie

အလုပ်သွားရင် နက်ခ်တိုင်စည်းဖို့လိုတဲ့သူတွေ၊ အင်တာဗျူးဖြေရင် နက်ခ်တိုင်စည်းသွားရမယ့်သူတွေ၊ ဧည့်ခံပွဲအတွက် တိုင်စည်းမယ့်သူတွေ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် နက်ခ်တိုင်စည်းရမယ့် သူတွေနဲ့ နက်ခ်တိုင်စည်းနည်းတွေကို စိတ်ဝင်စားသူတွေအတွက် Tie စည်းနည်း(၄)မျိုးကို ဖော်ပြထားပါတယ်။

အစပိုင်းမှာတော့ သင့်အတွက် Tie စည်းရတာဟာ ဒုံးပျံတည်ဆောက်တာကို သင်ရသလိုဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သင်ပထမဦးဆုံး ရေကူးသင်တဲ့ အချိန်၊ စက်ဘီးစီးသင်တဲ့ အချိန်တွေကို မှတ်မိပါသလား။ မတတ်ခင်မှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုကြီးတွေပါပဲ။ နောက်ဆုံးတော့လည်း တတ်သွားတာပဲ မဟုတ်လား။ ဒါလည်း အတူတူပါပဲ။ ဒါကြောင့် သင့်စိတ်တံခါးကို ဖွင့်ထားပြီး သင့်တစ်နေ့တာထဲက အချိန်နည်းနည်းပေးပြီး လေ့ကျင့်ကြည့်ပါ။ တတ်သွားမှာပါ။

Windsor Knot

ဒီစည်းနည်းနဲ့ စည်းထားတဲ့ Tie ရဲ့ အထုံးဟာ ထူတယ်၊ ကျယ်တယ်၊ ပြီးတော့ တြိဂံပုံပေါက်တယ်။ Windsor Knot စည်းနည်းကို ဂုဏ်ပြုပွဲအခမ်းအနားတွေ၊ အင်တာဗျူးတွေ၊ ဥပဒေရေးရာ နေရာတွေသွားရင် စည်းသင့်ပါတယ်။ ပြန့်ကားတဲ့ အင်္ကျီကော်လာတွေနဲ့ အသင့်တော်ဆုံးပါ။ အထုံးရဲ့ အကျယ်ဟာ လည်ပင်းရဲ့ အရှည်ကို ပိုတိုစေလို့ အထူးသဖြင့် လည်ပင်းရှည်တဲ့ သူတွေနဲ့ ပိုပြီး သင့်တော်ပါတယ်။

Tie တစ်ခုကို ရွေးပြီး မှန်ရှေ့မှာ ရပ်လိုက်ပါ။ ပြီးရင်အောက်က အဆင့်တွေအတိုင်း တစ်ဆင့်ခြင်း လိုက်လုပ်ပါ။


1. ကျယ်တဲ့ “W” အနားကို ကျဉ်းတဲ့ “N” အနားထက် ၁၂ လက်မလောက် ပိုရှည်ထားပြီး W အနားကို N အနားပေါ်ကနေ ပုံထဲကအတိုင်းထပ်ပါ။





2. W အနားကျယ်ကို ကော်လာနဲ့တိုင်ကြားက ကွင်းထဲထည့်ပြီး အောက်ချလိုက်ပါ။


3. Nားနောက်က ပတ်ပြီး W အနားကို ညာဘက်ယူလိုက်ပါ။ ဒီတော့ W အနားဟာ ပြောင်းပြန်ဖြစ်သွားပါမယ်။



4. W အနားကျယ်ကို ညာဘက်ကနေ ဘယ်ဘက်ကို အရှေ့က ယူလိုက်ပါ။




5. W အနားကို ကွင်းထဲထည့်လိုက်ပါဦး။



6. ပြီးရင် အရှေ့ဆုံး အထုံးထဲကို W အနားကျယ်ကို ထည့်လိုက်ပါ။



7. လက်နှစ်ဖက်လုံးကိုသုံးပြီး အထုံးကို ဂရုတစိုက် တင်းကျပ် ပေးလိုက်ပါ။ နောက်ဆုံး အထုံးကို ကော်လာဆီ ဆွဲတင်လိုက်ပါ။


သင်လုပ်နိုင်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်။ တွေ့တယ်မဟုတ်လား။ Tie စည်းရတာဟာ ဒုံးပျံဆိုင်ရာ သိပ္ပံမဟုတ်ဘူးဆိုတာကိုလေ။ ဒီစည်းနည်းကို Second 30 အတွင်းအပြီး စည်းနိုင်အောင် အချိန်နည်းနည်းထပ်ပေးပြီး လေ့ကျင့်လိုက်ပါဦး။

နောက်ကျန်တဲ့ 3 မျိုးကို အပတ်စဉ် ဖော်ပြပေးသွားပါမယ်။


Hair Style to Suit with Your Face Shape

Written by Yo Yo on Wednesday, July 11, 2007 at 12:45 PM

Hair Style ဘယ်လိုရွေးမလဲ

သင့်မျက်နှာ ပုံစံဟာ သင်ဘယ်လိုဆံပင်ပုံနဲ့ လိုက်ဖက်တယ်ဆိုတာ ကောင်းကောင်းလမ်းညွှန်ချက် ပေးနိုင်ပါတယ်။ ကိုယ်ရဲ့ မျက်နှာပုံစံဟာ ဘယ်လိုပုံလဲဆိုတာ သေသေချာချာမသိသေးရင် မှန်ကိုကြည့်ပြီး မျက်နှာကောက်ကြောင်းအတိုင်း နှုတ်ခမ်းဆိုးဆေးတောင့် (သို့) ဆပ်ပြာတောင့်နဲ့ မှန်ပေါ်မှာ ကောက်ကြောင်းဆွဲကြည့်ပါ။ ဒါမှ ရှင်းလင်းပြတ်သားတဲ့ ပုံစံကို သိပြီး ကိုယ့်အတွက် အကောင်းဆုံး ဆံပင်ပုံစံကို ရွေးနိုင်ပါလိမ့်မယ်။

မျက်နှာဝိုင်း

ဝိုင်းတဲ့မျက်နှာရဲ့ ယေဘုယျထူးခြားချက်က ပါးရိုးကျယ်ပြန့်ပြီး မေးစေ့ လုံးဝန်းပါတယ်။ ၀ဖြိုးတဲ့ ပုံပေါက်တဲ့ မျက်နှာဝိုင်းကို သေးငယ်နွဲ့နှောင်းစေတာကတော့ အထပ်အထပ်တွေပါတဲ့ ဆံပင်ပုံစံပါပဲ။ ဆံပင်တိုတိုကို ပိုနှစ်သက်တယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ လှပတဲ့ပုံစံကို အနားချွန်ချွန် ဖြတ်ထားတဲ့ ဆံပင်ပုံစံက ဖန်တီးပေးနိုင်ပါတယ်။ သင်ဟာဆံပင်အရှည်ထားခြင်းကို ၀ါသနာပါတယ်ဆိုရင်လည်း ဆံပင်ရှည်ရှည်နဲ့ ကုပ်ဝဲ ဆံပင်တွေက သင့်မျက်နှာကို ဘဲဥပုံပေါက်ဖို့ ကူညီနိုင်ပါတယ်။ ဦးခေါင်းထိပ်မှာ မြင့်တဲ့ ဆံပင်ပုံစံ (အမောက်၊ ဆံထုံးမြင့်မြင့်) တွေက သင့်မျက်နှာနဲ့ ဆံပင်ကို လိုက်ဖက်ညီအောင် ကူညီပေးနိုင်ပါတယ်။ Drew Barrymore ကတော့ တကယ့်ကို မျက်နှာဝိုင်းသူပါ။ ပြီးတော့ သူမက ဆံပင်အတိုရော၊ အရှည်ရော နှစ်မျိုးလုံးကို အောင်အောင်မြင်မြင်၊ လှလှပပနဲ့ ထားခဲ့ပါတယ်။


စတုရန်းပုံမျက်နှာ

စတုရန်းပုံမျက်နှာဟာ မေးရိုးတွေထင်ထင်ရှားရှား ပေါ်နေတဲ့အတွက် ပျော့ပျောင်းနူးညံ့မှုလိုအပ်ပါတယ်။ အထပ်ထပ်ဆံပင်ပုံစံထားပါ။ မျက်နှာတစ်ဝိုက်မှာ ဆံပင်စလေးတွေ ကျနေတာဟာ အဓိကသော့ချက်ပါပဲ။ ပါးပါးလွှာလွှာ ချွန်ချွန်ထက်ထက် ဆံမြိတ်တွေဆိုရင် အပြည့်စုံဆုံးပေါ့။ ထောင့်ကျကျ၊ တုံးတိတိ ဆံပင်စတိုင်လ်ဟာ မေးစေ့နဲ့ နဖူးကိုပိုပြီး အာရုံစိုက်မိစေလို့ ရှောင်ပါ။ လေးထောင့်စပ်မျက်နှာနဲ့ စံတင်လောက်တဲ့ အလှပိုင်ရှင်ကတော့ Katie Holmes ပါပဲ။

Hair Style to Suit with Your Face Shape

Written by Yo Yo on at 12:43 PM

အသည်းပုံမျက်နှာ

နားထက်တစ်ဝိုက် ကျယ်ပြန့်ပြီး အဖျားချွန်တဲ့ မေးစေ့ရှိတဲ့ ဒီမျက်နှာပုံစံဟာဆိုရင် မရှိတာကို ရှိတယ်လို့ မြင်အောင် လိုအပ်တဲ့ နေရာတွေမှာ အစားထိုးမှုတွေ လိုအပ်ပါတယ်။ လှပတဲ့ အသည်းပုံမျက်နှာ ပိုင်ရှင်ကို ပြပါဆိုရင်တော့ Reese Witherspoon ဟာ အကောင်းဆုံးဥပမာပါပဲ။ ဆံမြိတ်ပါးပါးလေးတွေဟာ သင့်နဖူးကို ပိုပြီူးကြည့်ကောင်းအောင် လုပ်နိုင်ပါတယ်။ ကုပ်ဝဲဆံပင်တိုတိုနဲ့ ညှပ်ရိုးထိအောင်ပဲ ရှည်တဲ့ ဆံပင်ပွပွလေးတွေဟာ သင့်မေးစေ့နဲ့ ဟန်ချက်ညီတဲ့အတွက် အသည်းပုံမျက်နှာနဲ့ လိုက်ဖက်ပါတယ်။ သင့်မျက်နှာကို ရှည်မျောမျော ဖြစ်စေနိုင်တဲ့အတွက် ဦးခေါင်းထိပ်မှာ ဆံပင်အမြင့်မထားသင့်ပါဘူး။

Hair Style to Suit with Your Face Shape

Written by Yo Yo on at 12:37 PM


ဘဲဥပုံမျက်နှာ

ဆံပင်အလှဖန်တီးသူ အတော်များများကတော့ ဘဲဥပုံမျက်နှာဟာ ဆံပင်ပုံစံများစွာနဲ့ လိုက်ဖက်တဲ့ မျက်နှာပုံစံလို့ပြောကြပါတယ်။ အကယ်၍ သင့်မှာ ကျယ်ပြန့်တဲ့ နဖူးရှိရင် ဆံမြိတ်တွေဟာ အလွန်ကောင်းတဲ့ ရွေးချယ်စရာတွေပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ဒီနေ့အထိရေပန်းစားနေတဲ့ အလယ်ကခွဲပြီးဘေးဘက်မှာ ဖြန့်ချတဲ့ ဆံပင်ပုံစံဟာ ဘဲဥပုံမျက်နှာအတွက် အထူးကောင်းမွန်တဲ့ ဆံပင်ပုံစံပါ။ Jessica Alba ကတော့ လှပတဲ့ ဘဲဥပုံမျက်နှာရှိသူပါ။ သူမရဲ့ ဆံပင်ပုံစံကတော့ ဆံပင်တွေကို ဘေးမှာ ဆံမြိတ်ချထားတတ်ပြီး တစ်ခါတစ်ရံမှာ မချဘဲထားပါတယ်။

Style Guide for Gentlemen

Written by Yo Yo on at 12:31 PM


Style Guide for Gentleman

Gentleman Style ကို မြန်မာပြည်မှာ လူကြီးရော၊ လူငယ်တွေပါ ၀တ်ဆင်လာကြပါပြီ။ ဟိုနားဒီနားသွားတဲ့ အခါမှာ သာမာန်ကြည့်ကောင်းရုံလောက် ၀တ်ဆင်နိုင်ပေမယ့်၊ ဧည့်ခံပွဲ၊ ဖျော်ဖြေပွဲတွေ၊ အလုပ်ထဲ၊ ရုံးထဲတွေမှာ ၀တ်ဆင်ကြတဲ့အခါ ခန့်ခန့်ညားညားနဲ့ ကြည့်ကောင်းအောင် ၀တ်ဆင်ကြဖို့ လိုပါတယ်။

သင့်ကိုယ်သင် အကောင်းဆုံးကြည့်ကောင်းအောင် ၀တ်ဆင်ထားရင် အလုပ်ထဲမှာရော၊ လူမှုဆက်ဆံရေးနယ်ပယ် တွေမှာပါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေပါတယ်။ သင့်ရဲ့ ခံစားမှုတွေက သင့်ဝတ်စားဆင်ယင်ပုံတွေနဲ့ အပြန်အလှန် ဆက်စပ်ပတ်သက်နေပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် ဂရုမစိုက်ဘူး၊ စိတ်ဝင်စားမှု မရှိဘူးဆိုရင်တော့ သင့်ရဲ့ စတိုင်လ်ဟာလည်း ကြည့်ကောင်းမှာ မဟုတ်ပါဘူး။ အမျိုးသားတွေ ဘယ်လိုဝတ်ဆင်သင့်တယ်ဆိုတာကို သင်ကြုံတွေ့ရမယ့် အမျိုးသမီးတွေ သိကြပါတယ်။ သူတို့အကြိုက်ဝတ်တတ်တဲ့ အမျိုးသားတွေသာ သူတို့ကို ဆွဲဆောင်နိုင်ပါတယ်။ သူတို့ကို စိတ်ပျက်စေရင် သင်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်လာပါလိမ့်မယ်။

အရောင်

အရောင်တွေကို ဘယ်လိုတွဲဖက်ဝတ်ဆင်ရမယ်ဆိုတာကို အမျိုးသမီးတွေက သိကြသလို သင်လည်းသိထားသင့်ပါတယ်။ အကယ်၍ သင်မသိသေးဘူးဆိုရင်တော့ အမျိုးသမီး တစ်ယောက်ယောက် ဆီက အကူအညီယူလိုက်ပါ။ တကယ်လို့ သင်အလုပ်လုပ်တဲ့ နေရာ၊ သင်သွားမယ့်နေရာဟာ ရှေးဆန်တဲ့နေရာ မဟုတ်ဘူးဆိုရင် တောက်ပတဲ့ အရောင်တွေ၊ ပေါင်းစပ်ထားတဲ့ အရောင်တွေကို ၀တ်ဆင်နိုင်ပါတယ်။ အဖက်ဖက်က ပြည့်စုံတဲ့ အဖြူနဲ့ အနက်ရဲ့ အရေးပါမှုကိုလည်း လျော့တွက် လျစ်လျုရှုမထားပါနဲ့ဦး။ အဖြူနဲ့ အနက် ပေါင်းစပ်ပြီး ချုပ်ထားတဲ့ ၀တ်စုံတွေဟာ သင့်ကို စွဲမက်ဖွယ်ကောင်းတဲ့ စတိုင်လ်ကို ပေးပါလိမ့်မယ်။ သင်ဟာ အရောင်တစ်ရောင်တည်းကိုပဲ အသုံးပြုပြီး ၀တ်ဆင်နိုင်ပါသေးတယ်။ ဒီလိုတစ်ရောင်တည်းဝတ် မယ်ဆိုရင်တော့ သင့်ရဲ့ ၀တ်စုံကို ပိုပြီးရေပန်းစားအောင် ၀တ်စုံနဲ့ အရောင်ကွဲတဲ့ နက်ခ်တိုင်ကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။

ရွပ္အကီၤ်

အဖြူရောင် ရှပ်အကီင်္ျကို ကုတ်အကီင်္ျအရောင်ရင့်ရင့်နဲ့ တွဲဖက်ဝတ်ဆင်ခြင်းကတော့ ထုံးတမ်းအစဉ်အလာ ညနေခင်း ၀တ်စုံပါပဲ။ ဒါပေမယ့် အဲဒီလိုချည်း အမြဲတမ်းဝတ်နေရင်တော့ ပျင်းစရာကောင်းပါတယ်။ အပြောင်းအလဲတစ်ခုအနေနဲ့ အနက်ရောင် ကုတ္အကီၤ်ကို အေရာင္ပါတဲ့ ရွပ္အကီၤ် (ဥပမာ- အနီရောင်ရင့်ရင့်) နဲ့ ၀တ်ကြည့်ပါလား။ ရုံးတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာတော့ အဖြူရောင်၊ ဒါမှမဟုတ် အပြာရောင် ရှပ်အကီင်္ျတွေ ၀တ်သင့်ပါတယ်။ အစင်းကျား၊ လေးထောင့်ကွက်တွေပါတဲ့ အကီင်္ျတွေကလည်း နှစ်လိုဖွယ် အပြောင်းအလဲတစ်ခုကို လုပ်ပေးနိုင်ပါတယ်။ ရှပ်အကီင်္ျကော်လာဖွင့်ထားခြင်း၊ နက်ခ်တိုင်လျော့တိလျော့လျဲ ဖြစ်နေခြင်းတွေဟာ သင့်ကိုသက်သက်သာသာ၊ တည်တည်ငြိမ်ငြိမ် ဖြစ်နေတယ်လို့ မထင်ရဘဲ အရက်မူးနေတယ်လို့ပဲ ထင်ရပါလိမ့်မယ်။ သာမန်အားဖြင့်တော့ သင်ဟာ ကော်လာအဖြောင့်တွေပဲ ၀တ်ဆင်သင့်ပါတယ်။ ကော်လာမှာ ကြယ်သီးပါတဲ့ အကီင်္ျကိုတော့ အရည်အသွေးကောင်းတာဖြစ်မှ ၀တ်ဆင်သင့်ပါတယ်။

နက်ခ်တိုင်

စန်တာကလော့ပုံ၊ ၀က်ဝံပုံ စတဲ့ ရုပ်ပုံတွေပါတဲ့ နက်ခ်တိုင်မျိုးတွေဟာ ပျော်ပွဲရွှင်ပွဲတွေအတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် ရုံးမှာ၊ အလုပ်ထဲမှာတော့ မ၀တ်သင့်ပါဘူး။ နက်ခ်တိုင်ရဲ့ အထုံးအကျယ်ကို ကော်လာအကျယ်နဲ့ ချိန်ညှိပြီးစည်းပါ။ ကော်လာကျယ်ရင် အထုံးကိုလည်းကျယ်ကျယ်ရအောင်စည်းပါ။ နက်ခ်တိုင်တစ်ခုကို နည်းစနစ်မှန်စွာ စည်းထားတယ်ဆိုရင် အထုံးရဲ့အောက်မှာ အချိုင့်လေးတစ်ခု ရှိနေပါလိမ့်မယ်။ နက်ခ်တိုင်တွေကို အရှည်နှစ်မျိုးနဲ့ ရောင်းချလေ့ရှိပါတယ်။ စံသတ်မှတ်ထားတဲ့အရှည်က 56 လက်မဖြစ်ပြီး အဲဒီထက်ပိုရှည်တဲ့ 60 လက်မတို့ကို ၀ယ်ယူနိုင်ပါတယ်။ အကယ်၍ သင်ဟာအရပ် ၆ ပေထက်ကျော်ပြီး ဗိုက်ပူနေတဲ့ လူဝကြီးမဟုတ်ဘူးဆိုရင်တော့ ၅၆ လက်မရှည်တဲ့ နက်ခ်တိုင်ကိုပဲ ၀ယ်ပါ။ နက်ခ်တိုင်ရဲ့ အောက်အနားဟာ သင့်ခါးပတ်ခေါင်းကို ဖုံးမိသွားအောင် စည်းသင့်ပါတယ်။ နောက်ဆုံးအကြံပေးချင်တာကတော့ သင့်အကီင်္ျတွေကို မီးပူတိုက်ပြီးမှ ၀တ်သင့်ပါတယ်။ ဒါဟာ သင့်ကို ပိုပြီး ထင်ရှားပေါ်လွင်စေသလို အကီင်္ျရဲ့ အရောင်ဟာလည်း အမြဲတောက်တောက် ပြောင်ပြောင်ဖြစ်နေပါလိမ့်မယ်။

Chic Chick ( if you're curvy )

Written by Yo Yo on at 12:24 PM

Chic Chick

ခေတ်ဆန်ကြော့မော့တဲ့ ဂျင်း(န)စတိုင်လ်

ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ ပြည့်စုံတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ပဲဖြစ်ဖြစ်၊ သေးသွယ်ကျစ်လျစ် လှပသူပဲဖြစ်ဖြစ်၊ ရှည်သွယ်သူပဲ ဖြစ်ဖြစ် ခေတ်မီလှပတဲ့ စတိုင်လ်ရှိဖို့ အရေးကြီးပါတယ်။ ပျော်ပွဲရွှင်ပွဲတွေပဲ သွားသွား၊ ချစ်သူရည်းစားနဲ့ တွေ့ဖို့ပဲသွားသွား၊ Shopping ပဲထွက်ထွက် ခေတ်ဆန်ပြီး စတိုင်လ်ကျတဲ့ သွင်ပြင်ကိုရဖို့ ဂျင်း(န)ဘောင်းဘီတွေက ဖန်တီးပေးနိုင်ပါတယ်။ သင်ဟာ ဘယ်ပုံစံ၊ ဘယ်ဆိုဒ်ဖြစ်ပါစေ ဂျင်းအ၀တ်အထည်တွေနဲ့ လှပတဲ့ ဖက်ရှင်ဟန်ကို ရယူနိုင်ပါတယ်။

အချိုးအဆက်ပြေပြစ်သူအတွက် စွဲမက်စရာ
ဂျင်း(န)

သင့်ခန္ဓာကိုယ် အလှကို ခြေဖျားအထိ ရှင်းရှင်းလင်းလင်း ပေါ်လွင်စေလို့ တစ်ဖြောင့်တည်း ဂျင်းဘောင်းဘီတွေက သင့်အတွက် အကောင်းဆုံးပါပဲ။ အောက်အနား ရှူးသွားတဲ့၊ ဒါမှမဟုတ် ကားသွားတဲ့ ဘောင်းဘီမျိုးက သင့်ခြေထောက်ရဲ့ သွင်ပြင်ကို တိုတောင်းတဲ့ ပုံစံဖြစ်စေလို့ ရှောင်ရှားသင့်ပါတယ်။ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ ပြည့်စုံတဲ့ မိန်းကလေးတွေအတွက် အသင့်တော်ဆုံးရွေးချယ်စရာ Brand တွေကတော့ Nordstrom, Lane Bryant, Kiyonna, Torrid တို့ဖြစ်ပါတယ်။

အင်္ကျီ

အရုပ်မလေးတွေကို ၀တ်ပေးတဲ့ အင်္ကျီမျိုးနဲ့ အကျပ်အင်္ကျီတွေက သင်နဲ့ အသင့်တော်ဆုံးပါပဲ။ လက်မောင်းကျယ်တဲ့ ကီမိုနိုစတိုင်လ် ဘလောက်စ် အင်္ကျီဟာလည်း ရွေးချယ်စရာတစ်ခုပါ။ ရှုပ်ရှုပ်ထွေးထွေး ဒီဇိုင်းတွေကို ၀တ်ဆင်မယ့်အစား မိန်းမဆန်ဆန်နဲ့ အဆင့်အတန်းမြင့်တဲ့ ဒီဇီုင်းတွေက သင်နဲ့ ပိုသင့်တော်ပါတယ်။

ဖိနပ်
သင်ဝတ်မယ့်ဝတ်စုံကို ရွေးပြီးပြီဆိုရင် ထိပ်ချွန်ပြီး ပေါ့ပါးတဲ့ ရှူးဖိနပ်နဲ့ တွဲဖက်လိုက်ပါ။ မိန်းကလေးအတော်များများက ထိပ်ချွန်တဲ့ ဖိနပ်တွေကို မကြိုက်ကြပါဘူး။ တကယ်တမ်းကျတော့ ဒီဖိနပ်တွေက သင့်ခြေထောက်ရဲ့ ပုံပန်းကို ပိုပြီး ရှည်လျားစေပါတယ်။

တွဲဖက်စရာ

အတော်အတန်ကြီးပြီး ပျော့ပျောင်းတဲ့ လက်ကိုင်အိတ်တစ်လုံး၊ မိန်းမဆန်တဲ့ လက်ဝတ်ရတနာ စတာတွေနဲ့ တွဲဖက်လိုက်ရင်တော့ သင့်ခန္ဓာကိုယ်ရဲ့ အလှဟာ ပိုပြီးစွဲမက်စရာ ကောင်းသွားတာပေါ့။

Chic Chick ( if you're pettie )

Written by Yo Yo on at 12:18 PM


သေးသွယ်ကျစ်လျစ်သူအတွက် စတိုင်လ်

ဂျင်း(န)

သင့်ခန္ဓာကိုယ်အတွက်ကတော့ ကိုယ်ကျပ်ဂျင်းဘောင်းဘီက အလှဆုံးဖြစ်အောင် လုပ်ပေးပါလိမ့်မယ်။ ကိုယ်ခန္ဓာကို ပိုလှအောင်နဲ့ ခြေထောက်တွေကို ပိုရှည်တယ်လို့ ထင်ရအောင် သူတို့က လုပ်နိုင်ပါတယ်။ အခြားဂျင်း(န)စတိုင်လ်တွေထက် ကိုယ်ကျပ်ဂျင်း(န)တွေကို ပိုတိုအောင် ချုပ်ထားတဲ့အတွက် သင့်ရဲ့သေးသွယ်တဲ့ ခန္ဓာကိုယ်နဲ့တော်အောင် ပြန်ပြင်စရာမလိုတော့ပါဘူး။ Banana Republic, Gap, Nordstrom စတဲ့ Brand တွေက သေးသွယ်ကျစ်လျစ်သူတို့အတွက် ရွေးချယ်စရာပါ။

အင်္ကျီ

ခေါက်တွန့်လည်ခွံဝိုင်း ဘလောက်စ်အင်္ကျီက မိန်းကလေးဆန်တာကြောင့် သင့်ခန္ဓာကိုယ်ကို စတိုင်လ်ပိုကျစေပါတယ်။ တိုတိုတောင်းတောင်း ခါးတင်အင်္ကျီတွေက သင့်ခြေထောက်ကို ပိုမိုရှည်လျားစေပြီး ခန္ဓာကိုယ်ကို အချိုးအစားကျနစေပါလိမ့်မယ်။

ဖိနပ်

ဒေါက်မြင့်ဖိနပ်တွေက သေးသွယ်တဲ့ ကောင်မလေးတွေအတွက် အကောင်းဆုံး အဖော်မွန်တွေပါ။ သင့်ခြေထောက်ကို ပိုရှည်စေတဲ့အပြင် နောက်ကျောဘက်ကိုယ်ဟန်ကိုလည်း ပိုလှစေပါတယ်။ ထိပ်ပိုင်းလုံးဝိုင်းတဲ့ ဒေါက်ဖိနပ်ကို ရွေးချယ်နိုင်သလို ထိပ်ချွန်ပြီးပေါ့ပါးတဲ့ ဖိနပ်ကလည်း ကောင်းတာပါပဲ။

တွဲဖက်စရာ

သေးသေးသွယ်သွယ် ကောင်မလေးဆိုတော့ အသုံးအဆောင်တွေကိုလည်း ခပ်သေးသေးပဲ သုံးသင့်တာပေါ့။ လက်ကိုင်အိတ်သေးသေးနဲ့ နုနုလှလှ လက်ဝတ်ရတနာတွေကို ရွေးချယ်တွဲဖက်လိုက်ရင်တော့ အကောင်းဆုံးစတိုင်လ်ကို ရပြီပေါ့။

Chic Chick (if you're tall)

Written by Yo Yo on at 12:14 PM

အရပ်မြင့်မားသူအတွက် အလှတရား

ဂျင်း(န)

ဖက်ရှင်ကို ဦးဆောင်နေတဲ့ အမျိုးသမီးတွေကို ကြည့်လိုက်ရင် အရပ်မြင့်သူတွေပါပဲ။ ဒါကြောင့် သင်နဲ့တော်တဲ့ ဘယ်ဂျင်း(န)ဘောင်းဘီကိုမဆို ၀တ်နိုင်ပါတယ်။ သင့်အတွက် အကောင်းဆုံး Brand တွေက Gap, Levi’s နဲ့ J.Crew တို့ပါ။

အင်္ကျီ

အင်္ကျီရွေးချယ်မယ်ဆိုရင် ရှည်ရှည်မျောမျောကြီးမဖြစ်ရအောင် အင်္ကျီကို အစိတ်အပိုင်းတွေလုပ်ပြီး သင့်ခန္ဓာကိုယ်အလျားကို စိတ်ပိုင်းနိုင်ပါတယ်။ ဥပမာ- ခါးကို ပေါ်လွင်စေဖို့နဲ့ သင့်အရပ်ကို မသိမသာပိုင်းဖြတ်ဖို့ ခါးစည်း၊ ခါးပတ်တို့ကို သုံးနိုင်ပါတယ်။

ဖိနပ်

အထက်ပါဝတ်စုံအတွက် ဖိနပ်ပါးပါးပဲ ရွေးထားပါတယ်။ ဒါပေမယ့် ဖိနပ်မြင့်မြင့်ကြိုက်ရင်လည်း စီးနိုင်ပါတယ်။ ပေါ့ပါးတဲ့ ရှူးဖိနပ်စီးဖို့အတွက်လည်း အ၀ံ့မရဲ ဖြစ်မနေပါနဲ့။

တွဲဖက်စရာ

ခန္ဓာကိုယ်နဲ့ အချိုးအစား ပြေပြေပြစ်ပြစ် တွဲဖက်ဖို့ လက်ကိုင်အိတ်ကြီးကြီးတစ်လုံး ရွေးချယ်လိုက်ပါ။ ပြီးတော့ အနုစိတ်ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို ၀တ်ဆင်လိုက်တဲ့ အခါ သင့်ရဲ့အလှဟာ မြင်ရသူတိုင်း ထာဝရ စွဲမက်သွားမှာပါ။

How to Wear to Interview

Written by Yo Yo on at 11:46 AM


အင်တာဗျူးသွားဖြေရင် ဘယ်လိုဝတ်သွားမလဲ

ပင်ကိုအရည်အချင်းတွေ၊ စရိုက်တွေကသာ အင်တာဗျူးအတွက် အရေးကြီးတဲ့ အချက်တွေလို့ လူအများစုက ထင်ကြပါတယ်။ ဒါပေမယ့် သင်ဝတ်သွားမယ့် အ၀တ်အစား အသုံးအဆောင်တွေကလည်း အများကြီးအရေးပါ ပါတယ်။ အ၀တ်အစားကို မှန်မှန်ကန်ကန် ၀တ်ဆင်ပြီးသွားရင် သင့်အတွက် အခွင့်အလမ်းတွေ ပိုရနိုင်ပါတယ်။ အင်တာဗျူးကိုသွားဖို့ ပြင်ဆင်တော့မယ်ဆိုရင် သတိပြုရမယ့် အရေးကြီးဆုံး အကြံပြုချက် (၄)ချက်ကို ဖော်ပြလိုက်ပါတယ်။

အမွှေးနံ့သာ

အင်တာဗျူး ဖြေမယ့်နေ့မှာ အ၀တ်အစား မ၀တ်ခင်ကတည်းက ရှောင်ရှားရမယ့် အချက်တစ်ချက်ရှိပါတယ်။ ရေးချိုးပြီးချိန်မှာ သင့်ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်တဲ့ မုတ်ဆိတ်ရိတ်ပြီးရင်သုံးတဲ့ ရေမွှေးသုံးတာ၊ ဒါမှမဟုတ် သင်အကြိုက်ဆုံး ရေမွှေးတစ်ခုခု ဆွတ်တာ စတာတွေလုပ်ဖို့ သင့်စိတ်ရောက်သွားပါလိမ့်မယ်။ အင်တာဗျူးမယ့် သူကို စိတ်အနှောင့်အယှက်မဖြစ်စေချင်ရင်တော့ အင်တာဗျူးရှိတဲ့ နေ့မှာ ဒါတွေမလုပ်ပါနဲ့။ သင်နှစ်သက်တဲ့ အမွှေးရနံ့ကို သူတို့က ကြိုက်ချင်မှ ကြိုက်မယ်လေ။

ဘာဝတ်မလဲ

ဘဏ်လုပ်ငန်းတွေ၊ ဥပဒေဆိုင်ရာလုပ်ငန်းတွေ၊ အကျိုးဆောင် ကုမ္ပဏီတွေ စတဲ့ သမားရိုးကျ ကုမ္ပဏီတွေကို သွားမယ်ဆိုရင် ကုတ်အင်္ကျီနဲ့ နက်ခ်တိုင်ဝတ်သွားဖို့ လိုပါတယ်။ ကုတ်အင်္ကျီအရောင်ကို အနက်၊ မီးခိုးရောင်ရင့်ရင့်နဲ့ အပြာရင့်ရောင်တွေထဲက ရွေးပါ။ ပြီးတော့ စည်းကြိုးပါတဲ့ ရှူးဖိနပ်အနက်ရောင်၊ ခါးပတ် အနက်တို့နဲ့ တွဲဖက်လိုက်ပါ။ ဘယ်ကုတ်အင်္ကျီ အရောင်နဲ့မဆို၊ ဘယ်အသားရောင်နဲ့မဆို လိုက်ဖက်တဲ့ အပြာရောင် ရှပ်အင်္ကျီတွေကတော့ အကောင်းဆုံးပါပဲ။ ရွေးထားတဲ့ ကုတ်အင်္ကျီ၊ ရှပ်တို့နဲ့ အလိုက်ဖက်ဆုံး နက်ခ်တိုင်ကို စည်းပါ။

ဆော့ဖ်ဝဲထုတ်လုပ်တဲ့ ကုမ္ပဏီ၊ နည်းပညာဆိုင်ရာ ကုမ္ပဏီ၊ ကွန်ပျူတာလုပ်ငန်း စတဲ့ ခေတ်မီတဲ့ ကုမ္ပဏီတွေရဲ့ အင်တာဗျူးဆိုရင်တော့ ကုတ်တွေ၊ နက်ခ်တိုင်တွေ မလိုအပ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရုံးထဲကသူတွေ ၀တ်ထားတာထက် အနည်းငယ်ပိုကြည့်ကောင်းတာ ၀တ်သွားရင် ပိုကောင်းတာပေါ့။ ဒါ့ကြောင့် ပွဲနေပွဲထိုင်ဝတ်လို့ရတဲ့ ၀တ်စုံကို ရွေးချယ်ဝတ်ဆင်ပါ။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးတော့ ဖြစ်ပါစေ။ ဒီလိုဝတ်စုံမျိုးကို ဥပမာပေးရရင် ကာကီရောင်ဘောင်းဘီရှည်၊ ကော်လာနဲ့အင်္ကျီကိုတွဲတဲ့ကြယ်သီးပါတဲ့ ရှပ်အင်္ကျီ ပြီးတော့။ ဒါပေါ့…..ကြည့်ကောင်းတဲ့ ရှူးဖိနပ်တစ်ရံနဲ့ လိုက်ဖက်ညီတဲ့ ခါးပတ်တို့လည်း ကျန်လို့ ဘယ်ဖြစ်မလဲ။ ဘလေဇာအင်္ကျီ ၀တ်ချင်လည်း ၀တ်နိုင်ပါတယ်။ အပြာရင့်ရင့် ဘလေဇာအင်္ကျီက ကာကီရောင်ဘောင်းဘီရှည်နဲ့ လိုက်ဖက်ညီပါတယ်။

ဖိနပ်နဲ့ ခါးပတ်

ရှူးဖိနပ်အရောင်နဲ့ ခါးပတ်ကို လိုက်ဖက်ညီအောင် ဂရုပြုပါ။ ၀တ်စုံဟာ အညို၊ အနက်၊ အပြာရင့်၊ မီးခိုးရောင် အရင့်တို့ဆိုရင် ရှူးကို အနက်ရောင်ရွေးပါ။ ၀တ်စုံရဲ့ အရောင်က မနုလွန်း၊ မရင့်လွန်းရင်တော့ အညိုရောင် ရှူးဖိနပ်ကို ရွေးချယ်ပါ။ (သင့်မိခင်ရဲ့လေသံအတိုင်း ပြောတာတော့ မဟုတ်ပါဘူး) အင်တာဗျူး မသွားခင် ရှူးဖိနပ်ကိုတော့ ပြောင်လက်အောင် တိုက်ချွတ်ဖို့ မမေ့ပါနဲ့။ ရှူးဖိနပ်ပေါ်မှာ ပွန်းရာ၊ ခြစ်ရာတွေရှိရင် သင့်သွင်ပြင်ကို စုတ်ပြတ်စေလို့ပါ။

တွဲဖက်စရာများ

အင်တာဗျူးကို ယူဆောင်သွားမယ့်အရာတွေဟာ ပညာသားပါပါနဲ့ နည်းနိုင်သမျှနည်းပါစေ။ သင့်ရဲ့ ပညာအရည်အချင်းမှတ်တမ်း၊ ထောက်ခံစာ စတာတွေကို သယ်ဖို့ စာရွက်စာတမ်းထည့်တဲ့အိတ် ဒါမှမဟုတ် ဖိုင်တွဲတစ်ခုသုံးပါ။ နားတောင်း၊ လည်ဆွဲ၊ နှာခေါင်းမှာ ကွင်းတပ်တာတွေက အလုပ်တကယ်လိုချင်သူအတွက် အင်တာဗျူးကို ဆင်မြန်းသွားသင့်တဲ့ အရာတွေမဟုတ်ပါဘူး။ ဘယ်ကုမ္ပဏီကိုပဲ သွားသွား ယောက်ျားလေးမှန်ရင် လက်ဝတ်ရတနာတွေကို နည်းနိုင်သမျှ နည်းနည်းသာ ၀တ်သွားသင့်ပါတယ်။

Style Guide for Lady

Written by Yo Yo on at 10:26 AM

Style Guide for Lady

ကြည့်ကောင်းတယ်ဆိုတာ လူတစ်ယောက်မှာ အဓိက လိုအပ်ချက် တစ်ခုပါပဲ။ သင်မှန်ကြည့်လိုက်တဲ့အခါ သင့်ရဲ့အသွင်အပြင်ဟာ စတိုင်လ်မကျ မလှမပဖြစ်နေမယ်ဆိုရင် (မှန်ကတောင် ခြေတစ်လှမ်း နောက်ဆုတ်သွားရလောက်အောင် ဖြစ်နေမယ်ဆိုရင်) ဘာကြောင့်လဲ ဆိုတာတွေးမနေပါနဲ့။ သင့်အ၀တ်အစားတွေနဲ့ သင့်ကိုသင် ဘယ်လိုကြည့်ကောင်းအောင် လုပ်ရမလဲဆိုတာသာ သင်ယူလိုက်ပါ။ အောက်မှာပါတဲ့ အခြေခံစတိုလ်စည်းမျဉ်းတွေကို သုံးပြီး သင့်ရဲ့ စတိုင်လ်ကို ပိုကောင်းအောင် လုပ်လိုက်ကြရအောင်…

(၁) သင့်ရဲ့ အဖိုးတန်အရည်အချင်းတွေကို သိအောင်လုပ်ပါ။ (ဥပမာ- သင်ဟာ လက်မောင်းလှသူလား၊ ခြေထောက်လေးတွေ လှပသူလား စသည်ဖြင့်)၊ ပြီးရင် ဒီအရည်အချင်းတွေပေါ်လွင်စေမယ့် အ၀တ်အထည်တွေပဲ ရွေးချယ်ဝတ်ဆင်ပါ။

(၂) သင့်ရဲ့ လည်ပင်းဟာ တိုပြီးတုတ်နေမယ်ဆိုရင် ကော်လာပါတဲ့ လည်ထောင် အ၀တ်တွေထက် လည်ပင်းပေါ်စေမယ့် အ၀တ်တွေပဲဝတ်ပါ။

(၃) သင့်ရဲ့ အ၀တ်တွေက အရမ်းကျပ်လွန်းနေရင်တော့ သင်ဟာ ကိုယ်လုံးသွယ်လျတယ်လို့ မထင်ရဘဲ ၀နေတယ်လို့ပဲ ထင်ရပါလိမ့်မယ်။

(၄) အကယ်၍ သင့်မှာ မေးစေ့ကွဲလေးရှိရင် ဒါမှမဟုတ် သင်ဟာ မျက်နှာဝိုင်းလေးဖြစ်ရင် ရှည်လျားတဲ့ နားဆွဲများကို ရွေးချယ်ဝတ်ဆင်ပါ။

(၅) ဖန်စီလက်ဝတ်ရတနာ အတုလေးတွေ ၀တ်ဆင်ခြင်းဟာလည်း သင့်ရဲ့စတိုင်လ်ကို ပိုမိုပြည့်စုံစေရန်အတွက် စတိုင်လ်ကျတဲ့ နည်းလမ်းတစ်ခုပါပဲ။

(၆) သင့်ရဲ့ အတွင်းခံအင်္ကျီဟာ သင်ဝတ်ထားတဲ့ အင်္ကျီအရောင်နဲ့အရောင်တူဖြစ်ပါစေ (သို့) အရောင်ပိုနုပါစေ။

(၇) သင်ဟာ ဖျော့တော့တော့ ၀ါကြန့်ကြန့် အသားရောင်ပိုင်ရှင် ဆိုရင်တော့ မျက်နှာအနီးတစ်ဝိုက်မှာ အနက်ရောင်ပါတဲ့ လက်ဝတ်ရတနာတွေ မ၀တ်ဆင်ပါနဲ့။ အဲဒါတွေက သင့်မျက်နှာ အလှအပကို ဖုံးကွယ်ပြီး သူတို့ကိုပဲ ဘာရုံစိုက်မိအောင် ဆွဲဆောင်နိုင်လို့ပါ။

(၈) အနက်ရောင်နဲ့ တစ်ခြားတောက်ပတဲ့ အရောင်တွေကို တွဲဖက်ဝတ်ဆင်ခြင်းဟာ အနက်ရောင်ကို ငြီးငွေ့ဖွယ်ကောင်းစေပြီး တစ်ခြားအရောင်တွေကိုလည်း မှေးမှိန်စေပါတယ်။

(၉) ဘောင်းဘီရှည် ၀တ်ဆင်မယ်ဆိုရင် ဘောင်းဘီရဲ့ အရှည်ဟာ ဖိနပ်ခွာအထိရောက်အောင် ရှည်သင့်ပါတယ်။

(၁၀) အနက်ရောင် ဖိနပ်တွေဟာ အရောင်ရင့်တဲ့ အ၀တ်အစားတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ဒါကြောင့် အနက်ရောင် ဖိနပ်တွေကို (အရမ်း သိမ်မွေ့လှပနေတာမဟုတ်ဘူးဆိုရင်) အရောင်နုတဲ့ အ၀တ်အထည်တွေနဲ့ တွဲဖက်မ၀တ်ဆင်ပါနဲ့။