Fashion Personality

Written by Yo Yo on Wednesday, August 15, 2007 at 2:50 AM

What is your Fashion Personality?

နှစ်စဉ်ပြောင်းလဲနေတဲ့ ဖက်ရှင်ဟန်တွေ (သို့) စတိုင်လ်တွေဟာ လူတိုင်းမှာ ရှိကြပါတယ်။ တစ်ခါတစ်လေ ကိုယ့်စတိုင်လ်ဟာ နှစ်ခု၊ သုံးခုလောက်ရောချင်ရောနေတတ်သေးတယ်။ ကိုယ့်ဖက်ရှင်စရိုက်ကို ကိုယ်သိခြင်းဟာ ကိုယ့်အတွက် အကောင်းဆုံးဖက်ရှင် အ၀တ်အစားတွေ ၀ယ်ယူမှုကို အထောက်အပံ့ပေးပါလိမ့်မယ်။ သင့်ဖက်ရှင်ဟန်ကို ဖော်ထုတ်နိုင်ဖို့အတွက် အဓိက ဖက်ရှင်စရိုက်လေးမျိုးကို ဖော်ပြထားပါတယ်။

Dramatic

- ပေါ်လွင်ထင်ရှားတဲ့ ပန်းရိုက်ထည်၊ သားရေထည်၊ geometric ဒီဇိုင်း၊

- တွဲဖက်ပစ္စည်းတွေဆိုရင် ထင်ထင်ပေါ်ပေါ်၊ ထောင့်ချွန်းများတဲ့ ဒီဇိုင်း၊

- ပြောင်ပြောင်လက်လက် ပစ္စည်းတွေ၊ ပုံပန်းကျကျ ချုပ်ထားပြီး fit ဖြစ်တဲ့ပုံစံ၊

- ထင်ရှားပေါ်လွင်တဲ့ ခါးပတ်ကြီးကြီး၊

- ထူးထူးခြားခြား လက်ဝတ်ရတနာတွေ ၀တ်ဆင်ရင်၊

- အသားအမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ ဆန်းပြားတဲ့ ဖိနပ်တွေ၊

- သိသာထင်ရှားတဲ့ မိတ်ကပ်၊

- ချောမွေ့တောက်ပြောင်တဲ့ ဆံပင်ပုံစံ စတာတွေ ဆင်မြန်းသုံးစွဲတယ်ဆိုရင် သင်ဟာ Dramatic ဖက်ရှင်ပိုင်ရှင်ပါ။

Dramatic ဖက်ရှင်ရှိသူဟာ နောက်ဆုံးပေါ်ဒီဇိုင်းတွေကို ၀တ်ဆင်ဖို့၊ လူအများကြားမှာ ပေါ်လွင်ဖို့ နှစ်သက်ကြပါတယ်။ ခေတ်ဆန်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေလည်း ဖြစ်ပါတယ်။ အောက်မှာ Dramatic Styles တစ်ချို့ကို ဖော်ပြထားပါတယ်။

Classic

- အထည်ရိုးရိုး၊ ဒီဇိုင်းရှင်းရှင်းနဲ့ ပုံစံကျကျ အလုပ်တက်ဝတ်စုံ၊

- ကင်းခြေထောက်ဆင် ရက်ကန်းထည်၊ Cashmere အထည်သား၊

- တန်ဖိုးကြီးပြီး တပ်မက်ဖွယ်ကောင်းတဲ့ ရတနာ (ပုလဲ၊ ရွှေ၊ ငွေ) ၊

- ပေါ့ပေါ့ပါးပါး ရှူးဖိနပ်၊

- ဒီဇိုင်းကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ တွဲဖက်ပစ္စည်း စတာတွေ ဆင်မြန်းလေ့ရှိပြီး

- မိတ်ကပ်ဖျော့ဖျော့ပဲ လိမ်းတတ်၊

- ပျော့ပျော့ပျောင်းပျောင်း ပုံသွင်းထားတဲ့ ဆံပင်တွေရှိမယ်ဆိုရင် သင့်ရဲ့ ဖက်ရှင်ဟန်ဟာ Classic ပါ။

Classic ဖက်ရှင် ရှိသူတွေကတော့ ရည်မွန်ကြော့ရှင်း၊ ဣနြေ္ဒရှိပြီး အမြဲတမ်း စနစ်ဇယားရှိတယ်လို့ ထင်ရပါတယ်။ အောက်မှာ Classic Styles တစ်ချို့ကို ဖော်ပြထားပါတယ်။

Sporty

- သက်သောင့်သက်သာရှိပြီး ထသွားထလာ ပေါ့ပေါ့ပါးပါး ၀တ်စုံတွေ၊

- သဘာဝအတိုင်း ရက်လုပ်ထားတဲ့ အထည်စတွေ၊ နူးညံ့တဲ့ သိုးမွေးထည်၊

- ပုံသိပ်မကျတဲ့ ဂျက်ကက်၊ ဆွယ်တာ၊ ဂျင်း(န) ထည်တွေ၊

- အင်္ကျီနဲ့ ဘောင်းဘီအထက်အောက် တစ်ဆက်တည်း ၀တ်စုံတွေ ၀တ်ဆင်ရင်၊

- လက်ဝတ်ရတနာ နည်းနည်းပဲဝတ် (သို့) လုံးဝ မ၀တ်ရင်၊

- ဒေါက်နိမ့်နိမ့်ဖိနပ်၊ သားရေဖိနပ်ပြား၊ အားကစား ရှူးဖိနပ်၊ boot တွေ စီးပြီး

- မိတ်ကပ် နည်းနည်းပဲ လိမ်း (သို့) လုံးဝမလိမ်းဘဲ၊

- ထိန်းသိမ်းရလွယ်တဲ့ ဆံပင်ပုံစံထားတယ်ဆိုရင် သင့်ရဲ့ဖက်ရှင်က Sporty ဖက်ရှင်ပါ။

တက်တက်ကြွကြွ လှုပ်ရှားနေတတ်ပြီး၊ လန်းဆန်းကျန်းမာတဲ့ ဟန်အပြည့်ရှိတာ Sporty ဖက်ရှင်ပိုင်ဆိုင်သူတွေပါ။ အောက်မှာ Sporty Styles တစ်ချို့ကို ဖော်ပြထားပါတယ်။

Romantic

- ပိုးသား၊ ပိုးတွန့်၊ ပိတ်သား ပျော့ပျော့ချောချော၊ ယုန်မွေးထည်၊

- နူးညံ့တဲ့ ပန်းပွင့်ဒီဇိုင်းတွေနဲ့ အကွက်ဆင်တွေ၊ လည်ပင်းဟိုက်တဲ့ ၀တ်စုံတွေ၊

- တောက်ပနုလှတဲ့ လက်ဝတ်ရတနာ၊ နားဆွဲ၊ နားကွင်း၊

- မိန်းမဆန်တဲ့ အိတ်သေးသေး၊

- ဒေါက်မြင့်ဖိနပ်၊ ကြိုးသိုင်းဖိနပ် စတာတွေ ဆင်မြန်းလေ့ရှိသူဆိုရင်၊

- နှုတ်ခမ်းဆိုးဆေးရင့်ရင့်၊ မိတ်ကပ်ရင့်ရင့် လိမ်းခြယ်လေ့ရှိပြီး

- ဆံပင်တွေ ဖားဖားလျားလျား၊ စတက်ပ်ပုံစံ၊ ဖွထားတဲ့ပုံစံတွေ ရှိသူဆိုရင် သင့်ရဲ့ဖက်ရှင်ဟာ Romantic ဖက်ရှင်ပါ။

Romantic ဖက်ရှင်ဟာ နူးညံ့သိမ်မွေ့တဲ့ မိန်းမဆန်မှုနဲ့ စွဲမက်ဖွယ်သွင်ပြင်တွေကို ပိုင်ဆိုင်ပါတယ်။ Romantic ဖက်ရှင်ပိုင်ရှင်တွေဟာ ဘောာင်းဘီနဲ့ အလုပ်တက်ဝတ်စုံတွေထက်စာရင် ဂါဝန်လို အ၀တ်အထည်တွေကို ပိုနှစ်သက်ကြပါတယ်။ အောက်မှာ Romantic Styles တစ်ချို့ကို ဖော်ပြထားပါတယ်။

Formal Wear

Written by Yo Yo on at 2:28 AM

အခမ်းအနားတက် ၀တ်စုံများ

ပွဲနေပွဲထိုင်ဝတ်စုံတွေကို ဘယ်သူမှ နေ့တိုင်းမ၀တ်ကြပါဘူး။ ဒါပေမယ့် တကယ်ပွဲကြီးပွဲကောင်းတွေလာပြီဆိုရင် သူများထက်ထူးခြားလှပတဲ့ ၀တ်စုံကို အမျိုးသမီးတိုင်းဝတ်ဆင်ချင်ပါလိမ့်မယ်။ ကိုယ့်သွင်ပြင်ကို အကြွင်းမဲ့ ကောင်းမွန်လှပတဲ့ သွင်ပြင်အဖြစ် မြင်ချင်ပါလိမ့်မယ်။ ကောင်းမွန်လှပတဲ့ သွင်ပြင်ဆိုတာ ၀တ်စုံနဲ့ လိုက်ဖက်တဲ့ တွဲဖက်ပစ္စည်း၊ အခမ်းအနားနဲ့ ကိုက်ညီပြီး ကိုယ့်ကိုယ်ခန္ဓာပုံစံနဲ့ သင့်တော်တဲ့ဝတ်စုံ စတာတွေကို ရွေးချယ်တတ်ရင် ရယူနိုင်ပါပြီ။ အခမ်းအနားတွေကလည်း တစ်ခုနဲ့တစ်ခု မတူကြတာကြောင့် တစ်ခုချင်းစီမှာ ကွဲပြားတဲ့ အ၀တ်အစားတွေ လိုပါတယ်။ ဘွဲ့နှင်းသဘင်၊ မင်္ဂလာဆောင်၊ ဖျော်ဖြေရေးပွဲ၊ ညနေခင်းပါတီနဲ့ ပျော်ပွဲရွှင်ပွဲတွေအားလုံးဟာ အထူးအခမ်းအနားတွေပါ။ တချို့အခမ်းအနားတွေဆို တက်ရောက်လာရင် ပွဲတက်ဝတ်စုံဝတ်ဆင်ဖို့ သတ်မှတ်တာတောင်ရှိပါတယ်။ အမျိုးသားတွေက Tuxedo (ကုတ်အင်္ကျီအနက်၊ နက်ခ်တိုင်၊ လိုက်ဖက်ညီတဲ့ ဘောင်းဘီ) ၀တ်ဆင်ရပြီး အမျိုးသမီးတွေက ပွဲတက်ဂါဝန်၊ ဂါဝန်ရှည်တွေ ၀တ်ဆင်ကြပါတယ်။

ဂါဝန်ရှည်တွေကတော့ အရေးကြီးတဲ့ အခမ်းအနားတွေအတွက် အသင့်တော်ဆုံးပါ။ အခမ်းအနားပွဲတွေ သွားကြမယ့် မမတွေအတွက် ကောင်းမွန်လှပတဲ့ ပွဲတက်စတိုင်လ်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

တွဲဖက်စရာ

အခမ်းအနားတွေအတွက် အကောင်းဆုံးလိုက်ဖက်တဲ့ ရတနာတွေကတော့ ပုလဲ၊ စိန်နားကပ် (သို့)စိန်လည်ဆွဲ တို့ဖြစ်ပါတယ်။ ကြိုးတွေနဲ့ သိုင်းထားတဲ့ ဖိနပ်ကိုစီးပြီး ပန်းထိုးထားတဲ့ (သို့)ပုတီးစေ့ စီခြယ်အလှဆင်ထားတဲ့ လက်ကိုင်အိတ်သေးသေးတို့ ကိုင်ဆောင်မယ်ဆိုရင် သင်လိုချင်တဲ့ ကောင်းမွန်လှပတဲ့ ပွဲတက်စတိုင်လ်ကို ရမှာပါ။

Dress #1 will look best on the Inverted Triangle body shape.







Dress #2 looks best on the Hourglass body shape.








Dress #3 will look best on a rectangle body shape.








Dress #4 will look best on the Oval body shape.








Dress #5 will look best on both the rectangle and hourglass body shapes








Dress #6 will look best on the inverted triangle and oval body shapes.








Dress #7 will look best on the Triangle body shape.








Dress #8 will look best the the Triangle and Rectangle body shapes.








Dress #9 will look best on the Hourglass body shape.










Triangle - large hips, narrow shoulders, small bust

Inverted Triangle - Broad shoulders, large bust, thick waist, narrow hips

Oval - large bust, thick waist, large hips, rounded look

Hourglass - Large hips, small waist, large bust

Rectangle - Narrow shoulders, wide waist, narrow hips

Aries

Written by Yo Yo on Sunday, August 12, 2007 at 3:26 AM


ရာသီခွင်ထဲက စတိုင်လ်

မိဿရာသီ (Aries)

(မတ် ၂၂ - ဧပြီ ၂၀)

မိဿရာသီဖွားများဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ နေတတ်၊ ဆန်းသစ်တီထွင်တတ်၊ စွန့်စားတတ်တဲ့ ပင်ကိုစရိုက်ရှိပါတယ်။ အငြိမ်မနေဘဲ အမြဲတက်ကြွ လှုပ်ရှားနေခြင်းဟာ မိဿရာသီဖွားတွေအတွက် အရေးပါဆုံးအချက်ဖြစ်ပြီး အပြောင်းအလဲနဲ့ စိတ်လှုပ်ရှားဖွယ်တွေကို လိုလားကြပါတယ်။ ဖက်ရှင်မှာတော့ သူတို့ဟာ အသစ်ပေါ်တာကို အရင်ဆုံးစမ်းသပ်ချင်သူတွေ ဖြစ်ကြပါတယ်။ လူအုပ်ကြားထဲမှာ ထင်းခနဲပေါ်နေမှာကိုလည်း မစိုးရွံ့ကြပါဘူး။ သူတို့ဟာ ခေတ်ဆန်ကြော့မော့ဟန်ကို လိုချင်ကြပြီး ယောက်ျားလေးဆန်တဲ့ ကြွပ်ဆတ်ဆတ်ဟန်လည်း ရှိကြပါတယ်။ Aries အများစုဟာ အနီရောင်ကို နှစ်ခြိုက်ကြပါတယ်။ Aries Shopper တွေ ရှာဖွေဝယ်သင့်တာကတော့ လှပသေသပ်စွာ ချုပ်ထားတဲ့ အနက်ရောင်ဝတ်စုံရယ်၊ တွဲဖက်ဖို့ အနက်ရောင်နဲ့ သိသိသာသာ ဆန့်ကျင်နေတဲ့ အနီရောင် တွဲဖက်ပစ္စည်းတွေ ဖြစ်ပါတယ်။

Aries Star Style:

Reese Witherspoon(March 20)

အနက်ရောင် ဘလေဇာကို အံကိုက်တော်တဲ့ အနက်ရောင်ဘောင်းဘီရှည်နဲ့ တွဲဖက်ထားပါတယ်။ ဒီညနေခင်းဝတ်စုံကို ဘော်ကြယ်၊ ပန်းထိုး၊ အနားကွပ်တွေနဲ့ အနုစိပ် ချုပ်ထားတဲ့ ခါးတိုအင်္ကျီအောက်ကခံပြီး တွဲဖက်ထားပါတယ်။ ၀တ်စုံတစ်ခုလုံး အနက်ရောင်ချည်းဖြစ်နေတာကြောင့် Reese က အောက်ခံအင်္ကျီကို ချောမွတ်တဲ့ အထည်သားသုံးပြီး ၀တ်စုံကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြုလုပ်ထားပါတယ်။ ပြီးတော့ ဆေးဆိုးထားတဲ့ ခြေချောင်းလေးတွေ ပေါ်အောင် ထိပ်ဖွင့် ရှူးအနက်ရောင်စီးပြီး သူမရဲ့စတိုင်လ်ကို အဆုံးသတ်ထားပါတယ်။

Taurus

Written by Yo Yo on at 3:24 AM


ပြိဿရာသီ (Taurus)

(ဧပြီ ၂၁ - မေ ၂၁)

အေးချမ်းတည်ငြိမ်မှု ရှိခြင်းနဲ့အတူ မွေးဖွားလာပြီး စွဲမက်ဖွယ်ကောင်းကာ အလျှော့မပေးတတ်သူများ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်၊ ဖူးဖူးမှုတ်ထားတတ်တဲ့ ပြိဿရာသီဖွား Shopper များဟာ အမြဲတမ်းအရည်အသွေး ကောင်းကောင်းကိုသာ ရှာဝယ်တတ်ကြပါတယ်။ ဒါပေမယ့် ဈေးကြီးကြီးပေးရဖို့တော့ နှမြောကြပါတယ်။ Taurus တွေအတွက်ကတော့ ၀တ်စုံတစ်စုံရဲ့ စတိုင်လ်ထက် အဲဒီဝတ်စုံကို ကိုယ်ကြိုက်မကြိုက်ကသာ ပိုအရေးကြီးကြပါတယ်။ အကောင်းဆုံး အထည်စတွေဖြစ်တဲ့ ချောမွေ့တဲ့ ပိုးသားတို့၊ နွေးနွေးထွေးထွေးရှိတဲ့ Cashmere (ဆိတ်တစ်မျိုး၏ အလွန်နူးညံ့သော အမွေးဖြင့် ပြုလုပ်ထားသောအထည်) အထည်စတို့က သူတို့ ပင့်သက်ရှိုက်ရလောက်အောင် ကြိုက်နှစ်သက်တဲ့ အထည်တွေပေါ့။ Taurus Shopper တွေဟာ လုံးဝ မိန်းကလေးဆန်တဲ့ စကတ်ရှည်နဲ့ သူတို့ရဲ့ လှပတဲ့ ကောက်ကြောင်းတွေ ပေါ်လွင်နိုင်အောင် ခါးမှာ အနားတွန့်တွေ၊ ဇာပန်းထည်တွေနဲ့ ပိုင်းခြားထားတဲ့ အ၀တ်မျိုးကို ရွေးချယ်ဝယ်သင့်ပါတယ်။ ဒီရာသီဖွား မိန်းကလေးများဟာ လက်ဝတ်ရတနာများကိုလည်း မြတ်နိုးကြတာကြောင့် ၀တ်စုံတိုင်းနဲ့ လှလှပပ တွဲဖက်နိုင်မယ့် စိန်လည်ဆွဲကို ရွေးချယ်သင့်ပါတယ်။

Taurus Star Style:

Jessica Alba – April 28

သင့်ရဲ့ခါးကို ပေါ်လွင်လှပစေဖို့ Jessica လိုပဲ ချစ်စရာကောင်းပြီး မိန်းမဆန်တဲ့ အရောင်နုနုဝတ်စုံကို ပိုးသား၊ Chiffon၊ ဖဲသားစတဲ့ အထည်စတွေ သုံးပြီးချုပ်သင့်ပါတယ်။ ပြီးတော့ အဲဒီဝတ်စုံကို Jessica ရဲ့ လည်ဆွဲလို ထည်ဝါတဲ့ လည်ဆွဲတစ်ခုနဲ့ တွဲဖက်ကြည့်လိုက်ပါ။

Gemini

Written by Yo Yo on at 3:22 AM


မေထုန်ရာသီ (Gemini)

(မေ ၂၂ - ဇွန် ၂၁)

မေထုန်ရာသီဖွား မိန်းကလေးများဟာ အတွေ့အကြုံအသစ် အမျိုးမျိုးနဲ့အတူ ရှင်သန်နေကြပါတယ်။ သူတို့ဟာ ဖျတ်လတ်တက်ကြွတယ်၊ ဟာသဥာဏ်ရွှင်တယ်၊ အခြေအနေတစ်ခုကို ရုတ်ချည်းပြောင်းလဲတတ်ကြပါတယ်။ Gemini တွေရဲ့ နှစ်မျိုးနှစ်ခွ ဒွိဟဖြစ်တတ်တဲ့ စရိုက်ကြောင့် စတိုလ်မျိုးစုံ အ၀တ်တွေရှိတဲ့ အ၀တ်ဗီရိုတော့ လိုပါလိမ့်မယ်။ ဒါမှ သူတို့ရဲ့ အမြဲပြောင်းလဲနေတဲ့ စိတ်နဲ့ ကိုက်ညီမှာလေ။ Gemini တွေဟာ လက်ကိုင်အိတ် ကောင်းကောင်းဆိုရင် မနေနိုင်အောင်ကို စွဲလမ်းနှစ်သက်ကြပါတယ်။ Gemini တွေရဲ့ ပင်ကိုစရိုက်ကိုက ဟန်အမျိုးမျိုး၊ စတိုင်လ်အမျိုးမျိုးကို နှစ်သက်ကြတာကြောင့် Shopping ထွက်တဲ့အခါ ကိုယ့်မှာရှိပြီးသား ပစ္စည်း၊ အ၀တ်တွေနဲ့ အလွယ်တကူ တွဲဖက်နိုင်တာကိုပဲ အာရုံစိုက်ဝယ်ပါ။ ပြီးတော့ ဗီရိုထဲက အ၀တ်တိုင်းနဲ့ လိုက်ဖက်ပြီး အချိန်ရာသီ အတော်ကြာခံနိုင်မယ့် လက်ကိုင်အိတ်တစ်လုံးလည်း ၀ယ်သင့်ပါတယ်။

Gemini Star Style:

Angelina Jolie – Jun 4

တီရှပ်ကို သားရေအကျပ်ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ထားပြီး ဘောင်းဘီပေါ်က ဇစ်ကြောင့် Angelina ရဲ့ စတိုင်လ်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသွားပါတယ်။ ဒီပုံစံကို မကြိုက်ဘူးဆိုရင် ပိုပြီး သိမ်သိမ်မွေ့မွေ့နဲ့ ခန့်ညားတဲ့ စတိုင်လ်ကို ရှာဖွေကြည့်ပါ။ Angelina ကတော့ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံပေါ်မှာ အညိုရောင်ဖျော့ဖျော့ သိုးမွေးအင်္ကျီကို ရွေးချယ်ဝတ်ဆင်ထားပါတယ်။

Cancer

Written by Yo Yo on at 3:21 AM


ကရကဋ်ရာသီ (Cancer)

(ဇွန် ၂၂ - ဇူလိုင် ၂၂)

ရေဓာတ်သဘာဝရှိတဲ့ ကရကဋ်ရာသီဖွားများကို စိတ်ခံစားမှုများကသာ ကြီးစိုးကြပါတယ်။ ဂဏန်းသင်္ကေတနဲ့အတူ မွေးဖွားလာတဲ့ သူတို့ဟာ စိတ်ထိခိုက်လွယ်၊ စိတ်ဆိုးလွယ်၊ စိတ်ခံစားမှုတွေ လွယ်ကြပြီး မိသားစုကို သိတတ်မှုက သူတို့အတွက် အလွန်အရေးကြီးပါတယ်။ ကရကဋ်ရာသီဖွားတွေရဲ့ စတိုင်လ်ဟာ လှပပျော့ပျောင်းပြီး အမြဲတမ်း မိန်းကလေးဆန်ပါတယ်။ သူတို့ရဲ့ အ၀တ်ဗီရိုတွေကို သုံးသပ်ကြည့်မယ်ဆိုရင် အတိတ်ကာလကို ပြန်ရောက်သွားသလိုပါပဲ။ သူတို့ဟာ ဗီရိုထဲက ဘယ်ဟာကိုမှ လွှင့်မပစ်ကြပါဘူး။ အောက်မေ့တမ်းတစရာတွေရှိတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ သူတို့ရဲ့ အ၀တ်တွေကို ထိန်းသိမ်းထားကြပါတယ်။ Cancer တွေအတွက်ကတော့ ပစ္စည်းတိုင်းမှာ အတိတ်ဇာတ်လမ်းလေးတွေ ရှိကြတာပါပဲ။ Cancer Shopper တွေအနေနဲ့ Mall တွေကို မသွားဘဲ ခေတ်အဆက်ဆက် ကျော်ကြားလာခဲ့တဲ့ စတိုး (သို့) အပ်ချုပ်ဆိုင် (သို့) အထည်ဆိုင်တွေကို သွားသင့်ပါတယ်။ ဒီနေရာတွေမှာ နဂိုတည်းက ကျော်ကြားမှု သမိုင်းရှိခဲ့တဲ့ အထည်တွေနဲ့ အရောင်တွေကို ရွေးချယ်ရရှိနိုင်ပါတယ်။ ခန္ဓာကိုယ်ကို နူးညံ့ပျော့ပျောင်းတဲ့ ကောက်ကြောင်းအလှ ဖန်တီးပေးနိုင်မယ့် စတိုင်လ်တွေကို အာရုံစိုက်သင့်ပါတယ်။

Cancer Star Style:

Lindsay Lohan – July 2

Lindsay ရဲ့ အရောင်ဖျော့ဖျော့ နူးနူးညံ့ညံ့ ပွဲတက်ဝတ်စုံဟာ လမ်းလျှောက်လိုက်တိုင်း လေထဲမှာ လွင့်နေသလို ထင်ရပါတယ်။ ၀တ်စုံသားရဲ့ လှိုင်းထနေသလို လှုပ်ခတ်မှုဟာ လူတွေကို အာရုံစိုက်လာအောင် ဆွဲဆောင်နိုင်ပါတယ်။ Lindsay ရဲ့ မိန်းမပီသတဲ့ ၀တ်စုံဟာ ခန္ဓာကောက်ကြောင်းတွေနဲ့ လိုက်ဖက်ဟပ်မိနေလို့ ချစ်စရာကောင်းသလို လိင်စိတ်တွေကိုလည်း နိုးကြွစေပါတယ်။

Leo

Written by Yo Yo on at 3:16 AM


သိဟ်ရာသီ (Leo)

(ဇူလိုင် ၂၃ - သြဂုတ် ၂၂)

သိဟ်ရာသီဖွားများဟာ ဆယ့်နှစ်ရာသီခွင်မှာ စိတ်လှုပ်ရှားစရာတွေ ကြီးစိုးတဲ့ ဘုရင်မများဖြစ်ကြပါတယ်။ သူတို့ဟာ ထိုးထွင်းတီထွင်တတ်ပြီး တခြားသူတွေ သဘောကျ ချီးမွမ်းခံရတဲ့ ဘ၀မှာ ရှင်သန်ရသလို စိတ်အားထက်သန် တက်ကြွတဲ့ စရိုက်လည်းရှိပါတယ်။ Leo တွေဟာ မျက်လုံးတွေကို ဖမ်းစားနိုင်တဲ့ ထူုးခြားကောင်းမွန်တဲ့ အရောင်တွေကို ၀တ်ဆင်တတ်ကြပါတယ်။ သူတို့ရဲ့ အ၀တ်ဗီရိုထဲမှာ တန်ဖိုးကြီးအ၀တ်တွေ ဒါမှမဟုတ် တန်ဖိုးကြီးတယ်လို့ ထင်ရတဲ့အထူးဝတ်စုံတွေနဲ့ပဲ ပြည့်နေတတ်ပါတယ်။ အရည်အသွေးမြင့် တန်ဖိုးကြီးတဲ့ Designer Label ဟာ သူတို့အတွက် အရေးပါဆုံးဖြစ်တာကြောင့် Shopping ထွက်တဲ့အခါမှာ ငွေကုန်သက်သာချင်ရင်တော့ အခါရာသီအလိုက် အထူးနှုန်းနဲ့ အရောင်းချခြင်းကို ကောင်းကောင်းအသုံးချတတ်ရပါမယ်။

Leo Star Style:

Evangeline Lilly – August 3

Evangeline ရဲ့ ရင်သပ်ရှုမောဖွယ် ပွဲတက်ဂါဝန်ဟာ မင်းမျိုးမင်းဟန်ရဲ့ အရောင်ဖြစ်တဲ့ ခရမ်းရောင်နဲ့ ချုပ်လုပ်ထားတာကြောင့် ဧကရီဆန်ဆန် လှပဖို့အတွက် ပြည့်စုံကောင်းမွန်ပါတယ်။ သိဟ်ရာသီဖွားတွေဟာ လူတကာက ကိုယ့်ကို နတ်မိမယ်အလား ထင်မှတ်မှားစေမယ့် ၀တ်စုံမျိုးကို ရှာဖွေဝတ်ဆင်တတ်ပါတယ်။ တွဲဖက်ပစ္စည်းတွေတော့ သိပ်မသုံးပါနဲ့။ အလွန်လှပတဲ့ ၀တ်စုံဟာ ဘာအဆင်တန်ဆာမှ မလိုအပ်ပါဘူး။

Virgo

Written by Yo Yo on at 3:13 AM


ကန်ရာသီ (Virgo)

(သြဂုတ် ၂၃ - စက်တင်ဘာ ၂၂)

ဖြူစင်ရိုးသားမှုနဲ့ ဣနြေ္ဒတွေကတော့ ကန်ရာသီဖွား မိန်းကလေးတွေကို ကိုယ်စားပြုပါတယ်။ သူတို့ဟာ လက်တွေ့ဆန်ပြီး ပရမ်းပတာ မဖြစ်ရအောင် စည်းစနစ်တကျ ဖန်တီးတတ်ကြပါတယ်။ ဆယ့်နှစ်ရာသီခွင်ထဲမှာတော့ သေသပ်စနစ်အကျဆုံး အ၀တ်ဗီရိုကို ပိုင်ဆိုင်ကြသုများပါ။ Virgo တွေဟာ အမြဲတမ်းသေသပ်အောင် ပြင်ဆင်နေတာကြောင့် သူတို့အင်္ကျီမှာ အစွန်းထင်းပေနေတာ၊ ကြယ်သီးပြုတ်နေတာတွေကို ဘယ်တော့မှ တွေ့ရမှာ မဟုတ်ပါဘူး။ Virgo တွေဟာ အသေးစိတ်ကအစ အထူးအာရုံစိုက်တတ်လို့ အ၀တ်အထည် ၀ယ်ယူရာမှာ အလွန်ဇီဇာကြောင်တာကြောင့် Shopping ထွက်တဲ့အခါ Classic စတိုင်လ်ကိုပဲ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

Virgo Star Style:

Cameron Diaz – August 30

အပျိုစင်ဟန်လေးနဲ့ ချစ်စဖွယ် အဖြူရောင်ဝတ်စုံကို Cameron ဆင်မြန်းထားပါတယ်။ ရိုးရိုးရှင်းရှင်း ခေတ်မဆန်တဲ့ အသွင်မပေါက်စေဖို့ ပိုးလွှာစကတ်ကို ၀တ်ထားလို့ ပိုပြီးမိန်းမပီသစေပါတယ်။ ဖက်ရှင်နည်းနည်းပါးပါး ထွင်ချင်ရင် ၀တ်စုံကို မတင်းကျပ်စေတဲ့ အရာတွေနဲ့ မိန်းကလေးပီသတဲ့ တွဲဖက်ပစ္စည်းတွေနဲ့ ပေါင်းစပ်နိုင်ပါတယ်။

Libra

Written by Yo Yo on at 3:12 AM


တူရာသီ (Libra)

(စက်တက်ဘာ ၂၃ - အောက်တိုဘာ ၂၃)

ငြိမ်းချမ်းမှု၊ ချစ်မေတ္တာ၊ သဟဇာတဖြစ်မှုတို့ကို ပိုင်ဆိုင်ကြတာ တူရာသီဖွား မိန်းကလေးများပါ။ သူတို့ရဲ့ ဘ၀မှာ ဘေးပတ်ဝန်းကျင်က လူတွေနဲ့ရော ပေါင်းသင်းဆက်ဆံရေးတို့မှာပါ မျှမျှတတဖြစ်အောင် ဆောင်ရွက်လုပ်ကိုင်ခြင်းသည်သာ အရေးကြီးဆုံးပါ။ တူရာသီဖွားတွေဟာ ဖက်ရှင်အသိ နိုးကြားသူတွေဖြစ်လို့ အမြဲတမ်း နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းတွေကို ၀တ်ဆင်ကြပါတယ်။ သူတို့ဟာ အ၀တ်အစားတွေကို အမှန်တကယ် ချစ်မြတ်နိုးကြပြီး မိန်းကလေးပီသတဲ့ စတိုင်လ်နဲ့ တွဲဖက်ပစ္စည်းတွေကိုလည်း နှစ်သက်ကြပါတယ်။ အသစ်ဆန်းဆုံး ဖက်ရှင်ဒီဇိုင်းတွေကို ရွေးချယ်နိုင်ဖို့ စတိုးဆိုင်တွေမသွားခင်မှာ တူရာသီဖွားတွေဟာ ဖက်ရှင်မဂ္ဂဇင်းနဲ့ ဖက်ရှင် website တွေမှာ လေ့လာသင့်ပါတယ်။ Shopping ထွက်တဲ့အခါမှာလည်း ကိုယ်အကြိုက်ဆုံး စတိုးဆိုင်က အရောင်းဝန်ထမ်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရအောင် ပုံဖော်ထားသင့်ပါတယ်။ ဒီအရောင်းဝန်ထမ်းတွေဟာ ၀ယ်နေကျဖောက်သည်တွေကို မှတ်သားထားပြီး ဖက်ရှင်အသစ်အဆန်းတွေ ပေါ်ပေါက်လာရင် အကြောင်းကြားပေးပါလိမ့်မယ်။

Libra Star Style:

Ashlee Simpson – October 3

Ashlee ရဲ့ မီးခိုးရောင်အကျပ် ဂျင်းဘောင်းဘီနဲ့ ခါးရှည်အပေါ်အင်္ကျီတို့ဟာ မိုးရာသီအတွက် အကောင်းဆုံးဖက်ရှင်ပုံစံပါ။ ဖက်ရှင်တွေဟာ ရာသီတိုင်းပြောင်းလဲတတ်တယ်ဆိုတာ မမေ့ဘဲ အမြဲအာရုံစိုက်နေပါ။ မိုးရာသီဖက်ရှင်တွေကို ရှိုးတွေမှာ နွေဦးထဲက ပွဲထုတ်ကြပြီး တခြားရာသီတွေမှာလည်း အပြန်အလှန်ပါပဲ။ ဒါကြောင့် ရာသီသစ်တစ်ခုမစခင်မှာ ၀ယ်ယူမယ့်ပစ္စည်းစာရင်းကို ပြင်ဆင်ထားပါ။

Scorpio

Written by Yo Yo on at 3:11 AM


ၿဗိစ ၦာရာသီ (Scorpio)

(အောက်တိုဘာ ၂၄ - နိုဝင်ဘာ ၂၁)

ခံစားမှုပြင်းထန်ပြီး ယေဘုကျအားဖြင့် လျှို့ဝှက်သိုသိပ်စွာနေတတ်ကြတဲ့ ဗြိစ္ဆာ ရာသီဖွား မိန်းကလေးများဟာ ဆယ့်နှစ်ရာသီခွင်ထဲမှာ စွမ်းအားကြီးတဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ ဒီလိုနက်နဲတဲ့ စရိုက်လက္ခဏာတွေကြောင့် သူတို့ပတ်လည်မှာ ရှိသူတွေကို ညှို့ငင်ဖမ်းစားနိုင်ကြပါတယ်။ ဆွဲဆောင်မှုရှိခြင်းနဲ့ ညှို့ဓာတ်အားကောင်းခြင်းတို့ဟာ သူတို့အတွက် အရေးပါကြပြီး လူတွေရဲ့ စိတ်ဝင်စားမှုရနိုင်မယ့် အ၀တ်အထည်တွေကို ၀တ်ဆင်တတ်ကြပါတယ်။ Scorpio များဟာ အမြဲတမ်း ဆန်းဆန်းပြားပြား ၀တ်ဆင်တတ်ကြပြီး အနက်ရောင်ကို နှစ်သက်ကြပါတယ်။ ဒေါက်မြင့်ဖိနပ်တွေနဲ့ ပေါင်ထိအောင်မြင့်တဲ့ boot တွေက Scorpio အမျိုးသမီးတွေအတွက် အဓိက ၀တ်ဆင်စရာတွေပါ။ Shopping ထွက်ရင်တော့ ညှို့အားကောင်းစေမယ့် အ၀တ်အထည်တွေကို ရှာဖွေပါ။ စိတ်ကူးစိတ်သန်းလည်း နည်းနည်းထည့်ပေါ့။

Scorpio Star Style:

Brittany Murphy – November 10

ည ပွဲတွေမှာ ၀တ်ဆင်မယ့် ပွဲတက်ဝတ်စုံအတွက်ဆိုရင် ခန္ဓာကိုယ်အချိုးအဆက်တွေ ပေါ်လွင်စေပြီး ညှို့အားကောင်းတဲ့ ၀တ်စုံကို ကြိုးသိုင်းဒေါက်ဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ Brittany ရဲ့စတိုင်လ်ကို ရွေးလိုက်ပါ။ ထင်ရှားတဲ့အရောင်တွေကို မျက်လုံးတွေကို ဖမ်းစားထားနိုင်မယ့် တွဲဖက်စရာတွေနဲ့ တွဲဖက်ထားမယ်ဆိုရင် မျက်လုံးအားလုံး သင့်ဆီမှာပဲ ရှိနေပါလိမ့်မယ်။

Sagittarius

Written by Yo Yo on at 3:10 AM


ဓနုရာသီ (Sagittarius)

(နိုဝင်ဘာ ၂၂ - ဒီဇင်ဘာ ၂၁)

ဓနုရာသီဖွား မိန်းကလေးများဟာ ဘွင်းဘွင်းရှင်းရှင်း၊ ပွင့်ပွင့်လင်းလင်း ပြောဆိုပြုမူတတ်ပြီး တက်တက်ကြွကြွ ရှိကြပါတယ်။ ဘ၀ကို အလျင်အဟုန်ပြင်းပြင်းနဲ့ ဖြတ်သန်းနေကြပြီး အမြဲတစေစွန့်စားမှုတွေကို ရှာဖွေကြပါတယ်။ Sagittarius တွေရဲ့ သွင်ပြင်ဟာ ပေါ့ပါးလန်းဆန်းနေပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရမယ့် အ၀တ်အထည်တွေကိုပဲ နှစ်သက်ကြပါတယ်။ ညအချိန်ဆိုရင် သူတို့ဟာ အရောင်တောက်တောက်၊ တိုနံ့နံ့စတိုင်လ်တွေကို ၀တ်ဆင်ချင်ကြပြီး သူတို့ရဲ့ သွင်ပြင်ကိုကြည့်ပြီး တစ်ခြားသူတွေ ပြုံးရယ်စေအောင်လည်း ၀တ်ဆင်တတ်ပါတယ်။ Shopping ထွက်တဲ့အခါ အရမ်းမကျပ်လွန်းတဲ့ အရောင်စုံစုံအ၀တ်တွေကို ရှာပါ။ ညပွဲတွေအတွက်ဆိုရင် အသွေးအရောင်တောက်ပပြီး ၀င်းလက်တဲ့ အထည်သားတွေကို ရွေးချယ်သင့်ပါတယ်။ ဒါ့ပြင် ပျော်ရွှင်ဖွယ်ဖြစ်စေမယ့် သကြားလုံးရောင်အိတ်၊ ဖိနပ်တို့ကိုလည်း ၀ယ်စမ်းကြည့်ပါ။

Sagittarius Star Style:

Scarlett Johansson – November 22

Scarlett ကတော့ သတ္တုရောင်တောက်တောက်ကို ၀တ်ဆင်ထားပါတယ်။ ဒီသွင်ပြင်မှာ အတိုအရှည်က အရေးမကြီးပါဘူး။ နှစ်သက်မယ်ဆိုရင် ဒူးအထိရှည်တဲ့ ၀တ်စုံကို ရွေးချယ်နိုင်ပါတယ်။ ဒီစတိုင်လ်ကို မကြိုက်ဘူးဆိုရင် ဂျက်ကက် (သို့) သိုးမွေးအင်္ကျီ အောက်က အရောင်တောက်တောက် လက်ပြတ်ခါးတိုအင်္ကျီကို ၀တ်ဆင်ကြည့်ပါ။

Capricorn

Written by Yo Yo on at 3:09 AM


မကာရရာသီ (Capricorn)

(ဒီဇင်ဘာ ၂၂ - ဇန်န၀ါရီ ၂၀)

Capricorn တွေဟာ တိုးတက်လိုစိတ်၊ လုံ့လ၀ီရိယနဲ့ တာဝန်ယူနိုင်တဲ့ အရည်အချင်းများရှိကြပြီး ဘ၀ပန်းတိုင်ကို အရယူနိုင်ဖို့လည်း ပြင်းပြင်းထန်ထန် ကြိုးစားကြပါတယ်။ သူတို့အတွက် အလုပ်လုပ်ခြင်းကသာ အရေးပါတာကြောင့် Capricorn တွေရဲ့ အ၀တ်ဗီရိုတွေကို အလုပ်နဲ့ လိုက်ဖက်မယ့် ဖက်ရှင်တွေကသာ ကြီးစိုးနေပါတယ်။ အရည်အသွေးကောင်းတဲ့ အထည်စတွေနဲ့ တံဆိပ်ကောင်းကောင်းတွေကို ကြိုက်ကြပါတယ်။ လူလုပ်တဲ့ အထည်စတွေကို ရှောင်ပြီး Cashmere ကဲ့သို့သော သဘာဝအတိုင်းရတဲ့ အထည်သားတွေကို Capricorn တွေသုံးသင့်ပါတယ်။ လက်ကိုင်အိတ်၊ ဖိနပ်တို့ဟာ သူတို့ရဲ့ အဆင့်အတန်းကို ထောက်ပံ့ပေးနိုင်တဲ့ တွဲဖက်ပစ္စည်းတွေ ဖြစ်ပါတယ်။

Capricorn Star Style:

Sienna Miller – December 28

အနက်၊ မီးခိုး၊ အညိုဖျော့ဖျော့ စတဲ့ အရောင်များရှိတဲ့ အရည်အသွေးကောင်း ကုတ်အင်္ကျီတွေဟာ ဒီရာသီဖွားတွေနဲ့ လိုက်ဖက်ပါတယ်။ Sienna ကတော့ အနက်ရောင် ရွေးချယ်ထားပြီး ဒူးအထိရှည်တဲ့ Boot ကို စီးထားပါတယ်။

Aquarius

Written by Yo Yo on at 3:07 AM


ကုမ်ရာသီ (Aquarius)

(ဇန်န၀ါရီ ၂၁ - ဖေဖော်ဝါရီ ၂၁)

အများနဲ့မတူ တစ်မူထူးခြားတာ ကုမ်ရာသီဖွား မိန်းကလေးတွေပါ။ လမ်းဟောင်းကို မလိုက်ဘဲ ကိုယ်ပိုင်ထိုးထွင်းတီထွင်တတ်ပြီး အမှီအခိုကင်းကင်း နေတတ်ပါတယ်။ တစ်မျိုးတစ်ဘာသာထူးပြီး တုမမီတဲ့ စတိုင်လ်ဟာ Aquarius တွေအတွက် အရေးကြီးဆုံးဖြစ်ပြီး နောက်ဆုံးပေါ်ဒီဇိုင်းတွေကို အရင်ဆုံး ၀တ်ဆင်သူများလည်း ဖြစ်ကြပါတယ်။ ဒီမိန်းကလေးတွေဟာ ဖက်ရှင်စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘဲ အားလုံးနဲ့မတူ ထူးခြားကွဲပြားတဲ့ ဟန်ကို ကြိုက်နှစ်သက်ကြပါတယ်။ Aquarius တွေဈေးဝယ်ထွက်ရင်တော့ ကိုယ့်အရည်အချင်းတွေ ထုတ်ဖော်ပြသနိုင်မယ့် အ၀တ်အထည်တွေကို ၀ယ်သင့်ပါတယ်။ အလုပ်မှာ ပင်ကိုအရည်အသွေးကို ဖော်ထုတ်ပြသနိုင်စေဖို့ အကောင်းဆုံးအရာတွေက အပျံစားတွဲဖက်ပစ္စည်းတွေနဲ့ ရောင်စုံဖိနပ်တွေပါပဲ။

Aquarius Star Style:

Paris Hilton – February 17

Paris က သူ့ရဲ့ ပင်ကိုစရိုက်ကို ထင်ရှားစေမယ့် အ၀တ်အထည်တွေကိုပဲ ရှာဖွေဝတ်ဆင်ပါတယ်။ ဒီရာသီဖွားတွေဟာ လောလောလတ်လတ်မှာ ဘယ်စတိုင်လ်တွေ ခေတ်စားနေတယ်ဆိုတာ အလေးမထားကြတာကြောင့် ခေတ်အမျိုးမျိုးက ဖက်ရှင်တွေ၊ ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအများအပြားကို လွတ်လွတ်လပ်လပ်ပဲ ရောစပ်တွဲဖက်နိုင်ကြပါတယ်။ ဘယ်လိုရောစပ်ရမယ်ဆိုတာကိုတော့ သင့်ရဲ့စိတ်ကူးစိတ်သန်းက သင့်ကို နည်းပေးလမ်းပြပါစေ။

Pisces

Written by Yo Yo on at 3:05 AM


မိန်ရာသီ (Pisces)

(ဖေဖော်ဝါရီ ၂၂ - မတ် ၂၁)

တွေဝေခြင်း၊ စိတ်ခံစားလွယ်ခြင်း၊ Romantic ဆန်ခြင်း စတာတွေဟာ မိန်ရာသီဖွားတွေကို ဖော်ပြတဲ့ စကားလုံးတွေပါ။ သူတစ်ပါးအတွက် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးအဖော်မွန်ဖြစ်စေပြီး ပြုစုစောင့်ရှောက်တတ်ကြပါတယ်။ Pisces မိန်းကလေးတွေရဲ့ သွင်ပြင်ဟာ အမြဲတမ်း မိန်းမဆန်ပါတယ်။ အနုစိတ်ပြုလုပ်ထားတဲ့ အထည်စတွေ၊ Romantic ဖက်ရှင်နဲ့ ပါးနပ်စွာ ဖွဲ့စည်းထားတဲ့ အရောင်အစီအစဉ်တွေကို ကြိုက်နှစ်သက်ပါတယ်။ Pisces တွေဟာ ခြေထောက်လှပတာကြောင့် ဖိနပ်တွေကတော့ သူတို့အတွက် အဓိကပါပဲ။ Shopping ထွက်ရင်ဝယ်သင့်တာတွေက အနုစိတ်ချုပ်လုပ်ထားတဲ့ ရင်လွှမ်းအင်္ကျီတွေ၊ အောက်နားပွပြီး လွင့်ပါးကျနေတဲ့ ၀တ်စုံတွေပဲဖြစ်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတဲ့ စတိုင်လ်တွေကိုလည်းရှာဖွေပါ။ ဘယ်ဝတ်စုံကိုမဆို ဖန်တီးနိုင်စွမ်းပေါင်းထည့်ဖို့ ဖိနပ်တွေကို အသုံးပြုပါ။

Pisces Star Style:

Drew Barrymore – February 22

ပျော့ပျောင်းတဲ့ ဟန်ကိုရဖို့ Chiffon လိုပါးလွှာတဲ့ အထည်စနဲ့ ချုပ်ထားတဲ့ အပေါ်အင်္ကျီက Pisces တွေအတွက် စွဲမက်ဖွယ် ခံစားမှုကိုပေးမှာပါ။ Drew ရဲ့ သွယ်လျတဲ့ ဘောင်းဘီရှည်ဟာ သူမခြေထောက်ကို ပေါ်လွင်စေပြီး ပိုရှည်တယ်လို့ ထင်စေပါတယ်။ ထိပ်ချွန်တဲ့ ဖိနပ်ကတော့ ဒီဝတ်စုံနဲ့ အလိုက်ဖက်ဆုံးပါ။

White

Written by Yo Yo on at 3:03 AM


အဖြူရောင်စည်းမျဉ်း

အဖြူရောင်အ၀တ်အထည်တွေဟာ ပူပြင်းလှတဲ့ နေ့တွေမှာတောင် အေးမြလန်းဆန်းပြီး ကြော့မော့တဲ့ဟန်ကို ပေးစွမ်းနိုင်ကြပါတယ်။ အဖြူရောင်ဟာ အလင်းပြန်နိုင်၊ ချွေးစုပ်နိုင်တာကြောင့် ၀တ်ဆင်ထားသူဟာ အပူချိန်တွေဘယ်လောက်မြင့်မြင့် အေးမြ၊ တည်ငြိမ်တဲ့ သွင်ပြင်ကို ရနိုင်ပါတယ်။ ဒါကြောင့်လည်း အဖြူရောင်ဟာ အပူပိုင်းဒေသတွေမှာ နေထိုင်သူတွေ နှစ်ပေါင်းများစွာ အကြိုက်နှစ်သက်ဆုံး အရောင်ဖြစ်ခဲ့တာပါ။ အေးတဲ့ ရာသီမှာပဲ ၀တ်ဝတ်၊ ပူတဲ့ ရာသီမှာပဲ ၀တ်ဝတ် အဖြူရောင်ဝတ်ဆင်ခြင်းနဲ့ ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းတစ်ချို့ဟာ အတိတ်မှာ ကျန်ခဲ့ပြီဖြစ်ပေမယ့် အောက်ပါအခြေခံ အချက်လေးတွေကတော့ ကျန်နေဆဲပါ။

၁။ အဖြူရောင်အ၀တ်အောက်မှာ အသားရောင်အတွင်းခံတွေပဲဝတ်ပါ

လွန်ခဲ့တဲ့ နှစ်များအတွင်းကတော့ ဒီစည်းကမ်းချက်ဟာ အဖြူရောင်အောက်မှာ အဖြူရောင်ပဲ ၀တ်ဆင်ဖို့ဆိုပါတယ်။ အဖြူရောင်အတွင်းခံ အ၀တ်အစားတွေဟာ အဖြူရောင်အ၀တ်အောက်မှာ ထုတ်ချင်းခတ်မြင်နေရတာကြောင့် အသားရောင်အတွင်းခံနဲ့ ဆိုရင် ပိုပြီးသင့်တော်ပါတယ်။ ရှင်းရှင်းလင်းလင်းနဲ့ တစ်သားတည်းဖြစ်နေတဲ့ သွင်ပြင်ကိုရဖို့ သင့်အသားရောင်နဲ့ အနီးစပ်ဆုံးတူညီတဲ့ အတွင်းခံပဲဝတ်ဆင်ပါ။

၂။ အ၀တ်အထည်ပေါ်မှာ အဖြူရောင်ပါတဲ့နေရာကို ဂရုပြုပါ

အင်္ကျီ (သို့) ဘောင်းဘီ စသည်တို့မှာ တစ်ထည်လုံးအဖြူရောင် မဟုတ်ဘဲ အဖြူ ကွက်တိကွက်ကျားပဲ ပါတဲ့ အ၀တ်တွေအတွက် ဒီအချက်ဟာ အရေးကြီးပါတယ်။ အဖြူရောင်ဟာ အလင်းပြန်နိုင်တဲ့ အရောင်ဖြစ်တာကြောင့် သူ့ကိုဝတ်ဆင်ရင် အမြင်မှာ ပိုကြီးသွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ထွားလွန်းတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းနေရာမှာပဲ အဖြူရောင်ပါမယ့် အ၀တ်တွေကို မ၀တ်ဆင်သင့်ပါဘူး။ တကယ်လို့ ၀တ်ဆင်မိရင် အဲဒီနေရာကို ပိုပြီးကြီးထွားသယောင် မြင်ရပါတယ်။ တစ်ထည်လုံး အဖြူရောင်ချည်းပါတဲ့ ၀တ်စုံကို ၀တ်ဆင်ပါ။ (သို့) သေးငယ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ပေါ်လွင်စေဖို့ အဖြူဝတ်ဆင်ပါ။

၃။ အဖြူရောင် ခြေအိတ်ကိုရှောင်ပါ

သင်ဟာ မင်္ဂလာသတို့သမီး (သို့) အသက် ၅နှစ်အောက် ကလေးငယ်မဟုတ်ဘူးဆိုရင် သင့်ဗီရိုထဲမှာ အဖြူရောင် ခြေအိတ်အတွက် နေရာမရှိသင့်ပါဘူး။ ဟုတ်ပါတယ်။ ကွယ်လွန်သူ ဝေလမင်းသမီး ဒိုင်ယာနာကြောင့် လွန်ခဲ့တဲ့ အနှစ်(၂၀)တုန်းက လူကြိုက်များခဲ့ဖူးပါတယ်။ ဒိုင်ယာနာ ဘာဖြစ်လို့ အဖြူရောင်ခြေအိတ် ၀တ်ဆင်ရလဲဆိုတော့ သူမရဲ့ ဝေလမင်းသားထက် ပိုပုတဲ့ သွင်ပြင်ကို လိုချင်လို့ပါ။ အကယ်၍ သင်ဟာ အရပ်ရှည်ပြီး သင့်ရဲ့ မင်းသားလေးထက် ပိုပုတဲ့ သွင်ပြင်လိုချင်ရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် သင့်ရဲ့ အရပ်ဟာ မရှည်ဘူး၊ (သို့) အလယ်အလတ်၊ (သို့) သင်ဟာ အ၀လွန်နေသူဆိုရင်တော့ အဖြူရောင်ခြေအိတ်နဲ့ မလိုက်ဖက်ပါဘူး။ သင့်ကို ပိုရှည်အောင်မလုပ်နိုင်သလို၊ သွယ်လျပုံပေါ်အောင်လည်း မလုပ်နိုင်ပါဘူး။

၎။ အဖြူရောင် ဖိနပ်စီးတော့မယ်ဆိုရင် ပြန်စဉ်းစားပါဦး

အဖြူရောင် ဖိနပ်တွေဟာ ပူအိုက်တဲ့ ရာသီတွေအတွက် အကောင်းဆုံးရွေးချယ်စရာပါ။ ဒါပေမယ့် အဖြူရောင်ဖိနပ်ဟာ ခြေထောက်ကို ပိုကြီးစေပြီး သင့်အရပ်ကို ပိုပုစေလို့ သင့်စိတ်ကူးရုပ်ပုံလွှာရည်မှန်းချက်အတွက် အကောင်းဆုံးရွေးချယ်စရာတော့ မဟုတ်ပါဘူး။

၅။ မင်္ဂလာဆောင်တစ်ခုကို အဖြူရောင် မ၀တ်သွားပါနဲ့။

မင်္ဂလာသတို့သမီး (သို့) သတို့သမီးအရန် မဟုတ်ဘူးဆိုရင် မင်္ဂလာပွဲကို အဖြူရောင်ဝတ်စုံ မ၀တ်သွားသင့်ပါဘူး။ တခြားအရောင်တစ်ရောင်အောက်ကမှ အဖြူရောင် ဘလောက်စ်ဝတ်ရင်တော့ အိုကေပါတယ်။ အဖြူရောင်ဟာ သတို့သမီးနဲ့ သတို့သမီးအရန်တွေအတွက်ပဲ ဆိုတဲ့ ရိုးရာအစွဲအလမ်းက ခိုင်မြဲနေတုန်းမို့ သူမရဲ့ အကြီးကျယ်ဆုံးနေ့မှာ သတို့သမီးနဲ့ ယှဉ်ပြိုင်မနေပါနဲ့။

ခေတ်ဆန်ကြော့မော့ဖို့၊ အေးအေးမြမြနေနိုင်ဖို့နဲ့ ပူအိုက်တဲ့ လတွေမှာ ပျော်ရွှင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အဖြူရောင်ဝတ်ဆင်ခြင်းပါပဲ။ ဒီလမ်းညွှန်ချက်တွေကို အသုံးချမယ်ဆိုရင် သင့်သွင်ပြင်ဟာ အပူဆုံးနေ့တွေမှာတောင် တည်ငြိမ်၊ အေးမြ၊ ဣနြေ္ဒရနေနိုင်လို့ တစ်ခြားသာယာတဲ့ ရာသီဥတုတွေဆိုရင် ပြောနေဖို့တောင်မလိုတော့ပါဘူး။

7 Tips for Beauty Products

Written by Yo Yo on at 2:55 AM


အလှကုန်ပစ္စည်းများအတွက် လမ်းညွှန်ချက်၇ချက်

၁။ သင့်ရဲ့ အသားအရေဟာ သန့်ရှင်းကောင်းမွန်နေမှ လိမ်းထားတဲ့ အောက်ခံမိတ်ကပ်ကလည်း ကောင်းမွန်မှာပါ။ ချောမွေ့တဲ့ သွင်ပြင်ကိုရဖို့ မျက်နှာကို မှန်မှန်သန့်စင်အောင် ဆေးကြောရပါမယ်။

၂။ အကယ်၍ သင့်အသားအရေဟာ နူးညံ့ပြီး ဓာတ်မတည့်မှုတွေ ဖြစ်တတ်တယ်ဆိုရင် ကိုယ်သုံးနေကျမဟုတ်တဲ့ အလှကုန်ပစ္စည်းသစ်ကို လက်မောင်းအောက် (သို့) လည်ပင်းတို့မှာ နည်းနည်းလေး စမ်းသပ်သုံးစွဲကြည့်ပါ။ ၂၄နာရီကြာလို့မှ ဘာမှမဖြစ်ဘူးဆိုရင် ဒီအလှကုန်ဟာ သုံးစွဲဖို့ စိတ်ချရပါတယ်။

၃။ သင့်မှာ ၀က်ခြံတွေရှိမယ်၊ (သို့) ဘယ်အလှကုန်ပစ္စည်းကိုပဲ သုံးသုံးကိုယ်နဲ့ မတည့်ဘူး၊ (သို့) အရေပြားခြောက်သွေ့ ယားယံတတ်တယ်ဆိုရင် အရေပြားအထူးကုနဲ့သာ ပြပါ။

၎။ mascara ကို လျှော့လျှော့ပေါ့ပေါ့ပဲ သုံးပါ။ အများကြီးသုံးခြင်းဟာ မျက်တောင်မွှေးတွေကို စုပြီး အရည်တွေခဲနေစေပါတယ်။ mascara စုတ်တံကို မျက်တောင်ပေါ်မှာ တစ်ကြိမ်တည်းလှည့်သုတ်ပါ။

၅။ ဘယ်လောက်အိပ်ချင်နေပါစေ မိတ်ကပ်အားလုံး ဖျက်ပြီးမှ၊ Skin Care Cream လိမ်းပြီးမှ အိပ်ရာဝင်ပါ။

၆။ Moisturizer လိမ်းပြီး လည်ပင်းတစ်ဝိုက်မှာ ရှိတဲ့ အရေပြားကိုလည်း မျက်နှာကို ဂရုစိုက်သလို ဂရုစိုက်ပါ။ ဒီနေရာဟာ အရေးအကြောင်းတွေ လျင်လျင်မြန်မြန် ဖြစ်နိုင်တဲ့ နူးညံ့တဲ့နေရာပါပဲ။

၇။ အလှကုန်ပစ္စည်းတွေဟာ အချိန်ကြာမြင့်စွာ အသုံးမခံပါဘူး။ အချိန်ကြာမြင့်နေပြီဖြစ်တဲ့ Product တွေဟာ အရေပြားကို ဒုက္ခပေးနိုင်ပါတယ်။ အလှကုန်ပစ္စည်းတွေကို စိတ်ချလက်ချ အသုံးပြုနိုင်တဲ့ သက်တမ်းတွေကတော့…

Foundation - 1 year

Powder - 2 year

Mascara - 3 months

Lipstick - 1 year

Eye Pencil - 1 year

Eye Shadow - 1 year

Moisturizer - 1 year

Sun Screen - 1 year တို့ ဖြစ်ပါတယ်။

Meaning of Colors

Written by Yo Yo on Wednesday, August 8, 2007 at 4:04 AM

အရောင်တို့ရဲ့ အဓိပ္ပာယ်

အရောင်တွေကို မှန်မှန်ကန်ကန် ဘယ်လိုတွဲဖက်ရမယ်၊ ကိုယ်နဲ့လိုက်ဖက်မယ့် အရောင် အနုအရင့်တွေကို ဘယ်လိုရွေးရမလဲဆိုတာတွေကို အမျိုးသားများ သိချင်စိတ်ပြင်းပြကြမယ် ထင်ပါတယ်။ အမျိုးသားအများစုဟာ ကိုယ့်ရဲ့ဝတ်ဆင်မှုအပေါိကို အမျိုးသမီးတွေ ဘယ်လိုမြင်မလဲဆိုတာကို သိပ်ဂရုမပြုကြပေမယ့် ကိုယ့်အရည်အသွေးကို ဘယ်အရောင်တွေနဲ့ ဖော်ပြနိုင်မလဲဆိုတာကို သိနိုင်စေဖို့ ဖက်ရှင်မှာ လူကြိုက်အများဆုံး အရောင်တွေရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အနီရောင်

သြဇာလွှမ်းမိုးနိုင်မှု၊ အင်အား၊ အာရုံစိုက်ခံရမှုတွေကို အနီရောင်က ဖန်တီးပေးနိုင်ပါတယ်။ အနီရောင် အ၀တ်အထည်တွေက သင့်ကို လူအုပ်ကြားမှာ ထင်းခနဲ ပေါ်လွင်စေအောင် အမှန်တကယ်ကို ပြုလုပ်ပေးနိုင်ပြီး ဆွဲဆောင်မှုရှိသူအဖြစ် မှတ်မိသွားစေနိုင်ပါတယ်။ အများနဲ့မတူ တစ်မူထူးခြားပြီး ကိုယ်ပိုင်ဟန်ကို ဖန်တီးလိုရင်တော့ အနီရောင်က အကောင်းဆုံးအရောင်ပါပဲ။

ပန်းရောင်

ပန်းရောင်ကတော့ မြူးကြွရွှင်လန်းတဲ့ စိတ်သဘောထား၊ တည်ငြိမ်တဲ့ လက္ခဏာနဲ့ ကျန်းမာခြင်းပုံရိပ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒီဖော်ပြချက်တွေဟာ ယေဘုယျ ရှင်းလင်းချက်တွေသာဖြစ်ပြီး အမျိုးသားဝတ် ပန်းရောင် အ၀တ်အထည်တိုင်းနဲ့ မသက်ဆိုင်ပါဘူး။ ဒါကြောင့် ပန်းရောင်ဆွယ်တာကို ၀တ်ဆင်ရင် သင့်ရဲ့အပြင်ပန်းသွင်ပြင်ကို ပိုပြီးအသက်ဝင်လာစေသော်လည်း ပိုပြီးကျန်းမာရွှင်လန်း ပုံပေါက်တယ်လို့ မယူဆပါနဲ့။

အနက်ရောင်

အမှောင်ထုရဲ့ အရောင်ကတော့ ဖက်ရှင်မှာ ဧကန်မုချကို လူကြိုက်အများဆုံး အရောင်ပါ။ အနက်ရောင်အ၀တ်တွေ ဆင်မြန်းထားတဲ့ အမျိုးသားတစ်ယောက်ဟာ တပ်မက်ဖွယ်ကောင်းပြီး၊ သပ်ရပ်ကျနမှု၊ လုပ်ပိုင်ခွင့်နဲ့ စွမ်းရည်တွေ ထင်ဟပ်ပေါ်လွင်နေပါတယ်။ အနက်ရောင် အ၀တ်အထည်တွေနဲ့ ဖက်ရှင်အသုံးအဆောင်တွေထဲမှာ ကြည့်မကောင်းတာခပ်ရှားရှားပါ။ ဒါကြောင့် အနက်ရောင်ကို ဆင်မြန်းဝတ်ဆင်ဖို့ တုံ့ဆိုင်းမနေပါနဲ့။ အချိန်တိုင်း တစ်ကိုယ်လုံး အနက်ရောင်ချည်းပဲတော့ မ၀တ်နဲ့ပေါ့။

အဖြူရောင်

စင်ကြယ်မြင့်မြတ်မှုရဲ့ သင်္ကေတကတော့ အဖြူရောင်ပါပဲ။ အလွန်တရာ သန့်ပြန့်ကြော့ရှင်းတဲ့ ပုံပန်းကိုလည်း ပေးစွမ်းနိုင်ပြီး အဆင့်မြင့်တဲ့ လူမှုအဆင့်အတန်းကိုလည်း ညွှန်းဆိုနိုင်ပါတယ်။


အပြာရောင်

အပြာရောင်အ၀တ်အထည်တွေကတော့ ယုံကြည်အားထားရမှုနဲ့ လှိုက်လှဲပျူငှာမှုတို့ကို ဖော်ညွှန်းပါတယ်။ တည်ကြည်လေးနက်ပြီး အသိဥာဏ်ပညာပြည့်စုံတဲ့ ဟန်ပန်ကိုလည်း ပြဆိုပေးနိုင်ပါတယ်။


အ၀ါရောင်

အမြင်အာရုံကို လန်းဆန်းစေတာကတော့ အ၀ါရောင် အ၀တ်တွေပါ။ စိတ်ထက်သန်မှု၊ နိုးကြားတက်ကြွမှုနဲ့ ယုံကြည်မှုတို့ကိုလည်း အသိပေးပြသနိုင်ပါသေးတယ်။


အနီမှိုင်း

အနီမှိုင်းရောင် အ၀တ်တွေနဲ့ ဖက်ရှင်တွဲဖက်ပစ္စည်းတွေဟာ စိတ်ထက်သန်မှုနဲ့ သက်ဝင်ယုံကြည်မှုကို ပြသပါတယ်။ သူတို့ဟာ မြင့်မားတဲ့ အဆင့်အတန်းရဲ့ သင်္ကေတလည်းဖြစ်သလို စည်းစိမ်နဲ့ ပြည့်စုံမှုကိုလည်း ထောက်ခံအားပေးပါတယ်။


အစိမ်းရောင်

သက်သောင့်သက်သာရှိစေပြီး မေတ္တာကရုဏာကြီးမားတဲ့ ပုံရိပ်ကို ပေးစွမ်းနိုင်တာ အစိမ်းရောင် အ၀တ်အထည်တွေပါ။ ငွေစက္ကူရဲ့ အရောင်လည်းဖြစ်တာကြောင့် အစိမ်းရောင်ဟာ ချမ်းသာကြွယ်ဝတဲ့ ထင်မြင်ခံစားမှုကိုလည်း ပေးနိုင်ပါတယ်။


မီးခိုးရောင်

မီးခိုးရောင်ကတော့ ဥာဏ်ရည်ထက်မြက်ပြီး ထူးချွန်တဲ့ သွင်ပြင်ကို ပေးစွမ်းနိုင်ပါတယ်။ မီးခိုးရောင်ဟာ မနုလွန်း၊ မရင့်လွန်းတဲ့ အရောင်ဖြစ်တာကြောင့် အခြားအရောင်အများစုနဲ့ တွဲဖက်နိုင်ပါတယ်။

6 Type of Men Bag

Written by Yo Yo on at 4:04 AM

အမျိုးသားကိုင်အိတ် ၆မျိုး

အိတ်တွေဟာ မရှိမဖြစ်စတိုင်လ်တွဲဖက်ပစ္စည်းတွေ ဖြစ်လာပြီဆိုတာ ဖက်ရှင်ကို စိတ်ဝင်စားတဲ့ အမျိုးသားတွေ သိကြပါတယ်။ အိတ်တွေဟာ အမျိုးသမီးတွေအတွက်သာ မဟုတ်တော့ဘဲ အမျိုးသားတွေအတွက်ပါ ယောက်ျားဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိပြီး မျက်မှောက်ခေတ်အ၀တ်အစားတွေအတွက် အကောင်းဆုံးပေါင်းစပ် တွဲဖက်စရာ ဖြစ်လာပါပြီ။ အမျိုးသားကိုင်အိတ်တွေအကြောင်း သိချင်ပေမယ့် ဘယ်တစ်ခုက သင့်လိုအပ်ချက်နဲ့ သင့်တော်မှန်း အသေအချာ မသိသေးရင် ဒီအကြံပြုချက်ကို မှတ်သားထားပါ။

“Classic စတိုင်လ်အိတ်ကိုသာ စွဲမြဲစွာ ရွေးချယ်မယ်ဆိုရင် ဘယ်တော့မှ မမှားနိုင်ပါဘူး။”

သင့်ရဲ့ အလုပ်တက်ဝတ်စုံတွေ၊ ပေါ့ပေါ့ပါးပါး ၀တ်စုံတွေနဲ့ လိုက်ဖက်စွာ ပေါင်းစပ်နိုင်တဲ့ Classic စတိုင်လ် အိတ် ၆မျိုးကို ဖော်ပြထားပါတယ်။

Briefcase

အမျိုးသားတွေအတွက် Briefcase ဟာ သက်တမ်းအရှည်ဆုံး လက်သင့်ခံနိုင်တဲ့ လက်ကိုင်အိတ် ပုံစံဆိုတာ သေချာသလောက်ပါပဲ။ သင့်ဖခင်လက်ထက်က ထောင့်စွန်းချွန်ပုံစံ Briefcase ကနေ ဒီနေ့ခေတ်မှာတော့ အများကြီး ပြောင်းလဲလာပါပြီ။ သေတ္တာပုံစံလည်း သိပ်မကျတော့ပါဘူး။ Classic ပုံစံ၊ ဘာကယ်ကွင်း၊ သားရေအပြင်ပိုင်းနဲ့ သင့်တော်တဲ့ အတွင်းပိုင်း အကန့်တွေနဲ့ ဒီအိတ်က အမျိုးသားတိုင်းရဲ့ ၀တ်စုံတွေအတွက် ထာဝရ ဖြည့်စွက်ချက်တစ်ခု ဖြစ်မှာပါ။

Messenger Bag

သမိုင်းစဉ်ဆက်က ဆက်သားများ ကိုင်ဆောင်ခဲ့တဲ့ အိတ်ပုံစံနဲ့ ဒီဇိုင်းထုတ်ထားလို့ Messenger Bag လို့ အမည်ပေးထားပါတယ်။ ယေဘုယျအားဖြင့် မိုးကာစတွေနဲ့ ပြုလုပ်တဲ့ Messenger Bag ဟာ မြို့ပြဖက်ရှင်ရဲ့ အဓိပ္ပာယ်သစ်ကို ဖော်ဆောင်ထားပါတယ်။ မိုးကာစ အိတ်ကိုင် ကျောင်းသားတွေကနေ သားရေအိတ်ကိုင် မြို့ပြနေသူတွေအထိ Messenger ရဲ့ သက်သောင့်သက်သာစတိုင်လ်က ရိုးရှင်းပေါ့ပါးပြီး ဟန်ပါတဲ့ စတိုင်လ်ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

Hold All

အားလပ်ရက် အပျော်ခရီးတို ထွက်ရင်ဖြစ်ဖြစ်၊ အလုပ်ကိစ္စနဲ့ သုံးရက်လောက် ခရီးသွားရင်ဖြစ်ဖြစ် အမျိုးသားတိုင်း ခရီးဆောင်အိတ်တစ်လုံး လိုတယ်လေ။ ကြီးမားတဲ့ အထုပ်အပိုးကြီးတွေကနေ ကျစ်လျစ်ပြီး ဖက်ရှင်ကျတဲ့ အသွင်ကို Hold All တွေနဲ့ ပြောင်းလဲယူနိုင်ပါတယ်။ ရှုံ့ကြိုးနဲ့ ပိတ်ရတဲ့ အိတ်လုံးရှည်တွေကနေ ဒီဇိုင်းထုတ်ထားတာပါ။ အများအားဖြင့် အပြင်ပိုင်းကို သားရေနဲ့ ပြုလုပ်ပါတယ်။

Camera Bag

Messenger Bag ကို နည်းနည်းသေးပြီး ပုံစံပြောင်းထားတဲ့ Camera Bag က ပိုရှည်ပြီး လေးထောင့်ကျပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အဆင်ပြေပါတယ်။ Camera Bag ဟာ သိပ်မပေါ်လွင်ပေမယ့် သင့်ပစ္စည်းတွေကို ဆွဲထားရာမှာ အကြီးအကျယ်ကို စတိုင်လ်ကျစေပါတယ်။ Camera Bag ကအမျိုးသားတွေအတွက် ဘာဖြစ်လို့ Classic အိတ်ဖြစ်နေရသလဲဆိုတော့ သင့်ပခုံးပေါ်မှာ တွဲလောင်းရှိနေပေမယ့် သင့်ရဲ့ ၀တ်စုံကို ပိုပြီးယောက်ျားပီသစေလို့ပါပဲ။

Tote

Briefcase နဲ့ အနီးစပ်ဆုံးတူပြီး လက်မှုပညာသည်အိတ်နဲ့လည်း ဆင်တူတဲ့ Tote ဟာအလုပ်တက်ဝတ်စုံ ပေါ့ပေါ့ပါးပါးနဲ့ လိုက်ဖက်ပါတယ်။ ရှည်လျားတဲ့ လက်ကိုင်က မျက်မှောက်ခေတ် ပုံစံကို ပြဆိုပေးသလို သူ့ရဲ့ ဒီဇိုင်းနဲ့ ပျော့ပျောင်းတဲ့ အပြင်ပိုင်းသားရေတွေက Classic အဆင့်အတန်းကို သတ်မှတ်ပေးပါတယ်။ ချော့ကလက်ရောင်နဲ့ အနက်ရောင် Tote တွေဆိုရင်တော့ ပေါ့ပေါ့ပါးပါးအလုပ်တက် ၀တ်စုံတိုင်းကို ယောက်ျားပီသခြင်း ပေါင်းစပ်ပေးနိုင်ပါတယ်။

Newsboy Bag

Newsboy ရဲ့ Classic စတိုင်လ်ဟာ အမျိုးသားတွေရဲ့ ထသွားလာသွား အ၀တ်တွေနဲ့ လိုက်လျောညီထွေ ရှိပါတယ်။ Messenger Bag ရဲ့ စတိုင်လ်နဲ့ ဆင်တူပေမယ့် သူ့ရဲ့မိုးကာစနဲ့ ပြုလုပ်ထားတဲ့ အပြင်ပိုင်းဟာ Messenger ထက် ခမ်းနားမှု လျော့နည်းပါတယ်။ ဖက်ရှင်ကျပြီး ယောက်ျားပီသမှုကို ဖော်ထုတ်ပြနိုင်ခြင်း၊ ရိုးရိုးကျောပိုးအိတ် တစ်လုံးထက်ပိုပြီး စတိုင်လ်ကျခြင်းတို့ကြောင့် ဒီအိတ်စတိုင်လ်ဟာ ကျောင်းသားတွေအတွက် အကောင်းဆုံးပါ။

အိတ်တွေဟာ အမျိုးသမီးတွေအတွက်ပဲဆိုတဲ့ အတွေးအခေါ်ဟောင်းကြီးကို ပစ်ပယ်ပြီး ဖက်ရှင်ခေတ်ကြီးထဲကို လှမ်းလာလိုက်ပါ။ Briefcase တွေကို အမျိုးသားတွေ အသုံးများသလို Messenger Bag တွေကလည်း ယနေ့ခေတ် အမျိုးသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ တွဲဖက်ပစ္စည်းတွေ ဖြစ်လာပြီဆိုတာ တွေ့ရမှာပါ။

Shaving

Written by Yo Yo on at 3:42 AM

ချောမွေ့ညက်ညောတဲ့ မုတ်ဆိတ်ရိတ်ခြင်း ရရှိဖို့

မျက်နှာပေါ်က နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေကို ရိတ်ခြင်းဟာ အမျိုးသားတစ်ယောက်အတွက် အဓိကကျတဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် မုတ်ဆိတ်ရိတ်တယ်ဆိုတာ မျက်နှာပေါ်ကို သင်တုန်းဓားနဲ့ ပွတ်တိုက်ရိတ်လိုက်တာထက် အများကြီးပိုပါသေးတယ်။ မုတ်ဆိတ်ရိတ်ခြင်းဟာ ကျန်းမာစိုပြေတဲ့ အသားအရေ ထိန်းသိမ်းခြင်းမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် သုံးသပ်ဆင်ခြင်စရာ အခြေခံအကြောင်းတရားတွေ အများကြီးရှိနေပါသေးတယ်။

ဖြစ်သလို တင်ကြိုပြင်ဆင်ခြင်း၊ တုံးနေသော ဓားသုံးခြင်းနဲ့ အပေါစား မုတ်ဆိတ်ရိတ် ဆပ်ပြာ ပါးပါးလေး ပွတ်ပြီးရိတ်ခြင်းစတဲ့ အရေပြားကို မကျန်းမမာ အနာတရ ဖြစ်စေမယ့်အမှားများကို အမျိုးသားတော်တော်များများ ပြုလုပ်တတ်ကြပါတယ်။ ဒီအမှားတွေက သင့်အသားအရေကို ကျိန်းစပ်ခြင်း၊ ဓားရှခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

ဒီဘေးရန်တွေကနေ ရှောင်ရှားဖို့ဆိုရင်တော့ အရည်အသွေးကောင်းတဲ့ ဓားနဲ့ ခေတ်ပေါ် Shaving Gel တို့ သုံးဖို့လိုပါတယ်။ ဒါတွေသုံးလို့ သင့် Bank account ထဲက ငွေတွေ ကုန်မသွားနိုင်ပေမယ့် သင့်ရဲ့ မုတ်ဆိတ်ရိတ်ခြင်း လုပ်ငန်းစဉ်ဟာ သိသိသာသာ တိုးတက်လာတာကို တွေ့မြင်ရပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ ပုံမှန် မှတ်ဆိတ်ရိတ်ခြင်းမှာ အောက်ပါအချက် ၅ ချက်ကို ဖြည့်စွက်လိုက်မယ်ဆိုရင် ပိုမိုကျန်းမာတဲ့ အရေပြား၊ ပိုမိုချောမွေ့ညက်ညောပြီး သက်သောင့်သက်သာရှိတဲ့ မုတ်ဆိတ်ရိတ်ခြင်းတို့ကို ခံစားရရှိပါလိမ့်မယ်။

၁။ မျက်နှာကို ခြောက်အောင် တဘက်နဲ့ မသုတ်ပါနဲ့

ရေချိုးပြီး ရေချိုးခန်းထဲက မထွက်ခင် သင့်မျက်နှာပေါ်မှာ ရေစက်လေးတွေ တင်ကျန်နေပါစေ။ တဘက်နဲ့ ခေါင်းကရေကို သုတ်ပါ။ ပခုံးကို ဖြတ်ပြီး ကျန်တဲ့ ကိုယ်ခန္ဓာကို သုတ်ပါ။ သို့သော် မျက်နှာကိုတော့ အစိုအတိုင်းထားပါ။ ဒီလိုလုပ်ခြင်းဖြင့် မုတ်ဆိတ်မွေး ငုတ်တိုလေးတွေဟာ ရိတ်ရလွယ်ကူအောင် ပျော့ပျောင်းနေပါလိမ့်မယ်။

၂။ Shaving Gel ပိုပိုလျှံလျှံလိမ်းပါ

အရေပြားနဲ့ ဘလိတ်ဓားရဲ့ ပွတ်တိုက်မှုကို Shaving Gel က လျှော့ချပေးပါတယ်။ ဒီနေ့ခေတ်မှာတော့ အရည်အသွေးမြင့်တဲ့ Gel တွေဟာ သင့်ရဲ့အသားအရေကိုပါ ကာကွယ်ပေးပြီး မုတ်ဆိတ်ရိတ်ခြင်းကို ပိုပြီး သက်သက်သာသာ ဖြစ်စေပါတယ်။ သင့်မျက်နှာကို Gel များများ သုတ်လိမ်းပြီး အသားထဲကို ညင်သာစွာ ပွတ်လိမ်းပါ။ နည်းနည်းလေးပဲ သုံးမယ်ဆိုရင်တော့ အရေပြားကို ကျိန်းစပ်စေပါလိမ့်မယ်။ ဒါပေမယ့် Gel တစ်ခုနဲ့ တစ်ခု ကွဲပြားကြတော့ သင်အကြိုက်ဆုံး Gel အမျိုးအစားရဲ့ အသုံးပြုရမယ့် ပမာဏကို သိအောင်လုပ်ထားပါ။ မသေချာ မရေရာဖြစ်နေရင် လိုအပ်တာထက် ပိုပြီးတော့သာ သုံးပါ။

၃။ မျက်နှာနဲ့ လက်ကို သန့်အောင်လုပ်ပါ

မုတ်ဆိတ်ရိတ်လိုက်ပြီဆိုရင် ဓားဟာ အမွေးနဲ့အတူ အရေပြားရဲ့ အပေါ်ယံလွှာပါးပါးလေးကိုပါ ရိတ်လိုက်ပါတယ်။ ဒါကြောင့် ရိတ်ပြီးချိန်ဟာ သင့်အရေပြားအတွက် နုနယ်ပါးလွှာလှတဲ့ အချိန်ပါပဲ။ ရောဂါပိုးမွှားတွေလည်း ၀င်ဖို့လွယ်ပါတယ်။ ဒါကြောင့် လက်တွေကို သန့်သန့်ရှင်းရှင်းဖြစ်အောင် ထားခြင်းဖြင့် အရေပြားကိုပါ ကျန်းမာစိုပြေစေပါလိမ့်မယ်။ မုတ်ဆိတ်မရိတ်ခင်မှာလည်း မျက်နှာကို သေသေချာချာ ဆေးကြောထားပါက သဘာဝအဆီတွေနဲ့ ချွေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၎။ ခဲရာခဲဆစ်နေရာတွေကို နောက်ဆုံးမှရိတ်ပါ

ပြန့်ပြန့်ပြူးပြူး အရှိဆုံးနေရာဖြစ်လို့ နားသယ်မွေးတစ်ဝိုက်မှစ၍ ရိတ်ပါ။ ဒီနေရာကို Shaving Gel အများဆုံး ရောက်နိုင်ပါတယ်။ ပြီးတော့ နှုတ်ခမ်းအပေါ်ကို ရိတ်ပြီး မေးစေ့နဲ့ နားတစ်ဝိုက်လို ရိတ်ရခက်တဲ့ နေရာတွေကို ရိတ်ပါ။ ဒီနေရာတွေကို နောက်ဆုံးမှ ရိတ်ခြင်းဖြင့် Shaving Gel ရဲ့ ပျော့ပျောင်းနူးညံ့စေတဲ့ အာနိသင် အလုပ်လုပ်ဖို့ အချိန်လုံလောက်စွာ ရစေပါတယ်။ ခဲရာခဲဆစ်နေရာတွေကို ရိတ်ရင် ညင်ညင်သာသာနဲ့ ဖွဖွလေးပဲ ရိတ်ပါ။ ဓားကသာ ရိတ်သွားပါစေ။ သင် မရိတ်ပါနဲ့။

၅။ Post Shave Gel အသုံးပြုပါ

ခေတ်ဟောင်း After Shave ပစ္စည်းတွေကို မေ့ပစ်ပြီး ပူပူနွေးနွေး မုတ်ဆိတ်ရိတ်ထားတဲ့ မျက်နှာပေါ်ကို Cologne တွေ အသုံးပြုခြင်းကိုလည်း ရှောင်ကြဉ်ပါ။ တချို့ခေတ်ဟောင်းက မုတ်ဆိတ်ရိတ် Product တွေမှာ Alcohol တွေပါတတ်ပါတယ်။ ဒါဟာ ရောဂါပိုးများမကူးစက်အောင် လုပ်နိုင်လို့ ကောင်းပေမယ့် မျက်နှာကို သိသိသာသာကြီး နီရဲကျန်စေပါလိမ့်မယ်။ ပြီးတော့ ကျိန်းစပ်မှုကိုလည်း မပျောက်ကင်းစေနိုင်ပါဘူး။ ယနေ့ခေတ် Post Shave Gel တွေက ဝေဒနာသက်သာစေအောင်နဲ့ အသားအရေကို အစိုဓာတ် ထိန်းညှိပေးနိုင်အောင် စီမံထားကြပါတယ်။

မုတ်ဆိတ်ရိတ်ခြင်းကို ပိုမိုကောင်းမွန်အောင် လေ့ကျင့်တဲ့စနစ်ကြီးကို အရည်အသွေးမီ ပစ္စည်းများ ရွေးချယ်ဝယ်ယူခြင်းဖြင့် စတင်လိုက်ပါ။ အထက်ပါ အချက်များအားလုံးကို လိုက်နာပြီး Post Shave Gel ကို သူ့အလုပ်သူလုပ်ပါစေ။ ဓားကိုလည်း မျက်နှာပေါ်မှာ လျှောတိုက်ရိတ်ဖို့အတွက်ယုံကြည်စွာခွင့်ပြုလိုက်ပါ။

6 Type of T-Shirt

Written by Yo Yo on Wednesday, August 1, 2007 at 4:23 AM

ဝတ်ဆင်စရာ တီရှပ်၆မျိုး

ကလေးဘ၀တည်းက ကျွန်တော်တို့ဟာ တီရှပ်တွေကို တွေဝေပြီး နှစ်ခါစဉ်းစားမနေပဲနဲ့ ၀တ်ဆင်ခဲ့ကြတယ် မဟုတ်လား။ ဒီနှစ်များမှာ ဖက်ရှင်လောကကြီးရဲ့ အကောက်အကွေ့တွေကို သင် တွေးတောဆင်ခြင်သုံးသပ်မိပါရဲ့လား။ နေရာတကာမှာ အမြဲတွေ့နေရပေမယ့် တီရှပ်တွေဟာ ဖက်ရှင်ကျချင်သူတွေ အကြိုက်ဆုံး ပစ္စည်းအဖြစ် ပေါ်ထွက်လာတယ်ဆိုတာကိုလေ။ တခြားရွေးစရာတွေ အမျိုးမျိုးရှိတဲ့အထဲက တီရှပ်ကို ရွေးချယ်ဝတ်ဆင်မိလို့ ဘယ်တော့မှ မမှားယွင်းနိုင်ပါဘူး။ စာကြောင်း၊ စကားလုံးလှလှလေးတွေပါတဲ့ တီရှပ်တွေကြောင့် သင်ဟာ ယနေ့လူကြိုက်အများဆုံး စတိုင်လ်ရှိသူတွေထဲကတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

Polo T

ပြန်လည် ခေတ်စားလာတဲ့ ကြေးကြီးကြီး Polo တီရှပ်တွေဟာ အရင်တုန်းက သိပ်ပြီးလူကြိုက်မများပါဘူး။ ဂေါက်ရိုက်သမားတွေနဲ့၊ ငွေကြေးတတ်နိုင်သူတွေ ၀တ်ဆင်လာကြတာကစပြီး လူကြိုက်များလာတယ် ထင်ပါတယ်။ Polo တီရှပ်တွေဟာ စတိုင်လ်ကျကြပါတယ်။ ဒါပေမယ့် တစ်ချိန်လုံးဒါကိုပဲ ၀တ်ဆင်ချင်တဲ့ ဆန္ဒရှိရင်တော့ တောက်ပတဲ့ အရောင် (လိမ္မော်၊ အ၀ါ၊ အစိမ်း၊ စိမ်းပြာ တွေက လူကြိုက်အများဆုံး) တွေရှိတဲ့ Polo ကို ၀တ်ချင်ဝတ်၊ ဒါမှမဟုတ် အရောင်တောက်တောက်မှာ အစင်းကျားပါတာကို ဆင်မြန်းသင့်ပါတယ်။ (ဥပမာ- ဒီပုံမှာ ပြထားတဲ့ Kenneth Cole တီရှပ်လိုပေါ့။)

Stripe T

ဒီနှစ်တွေမှာ အလျားလိုက် အစင်းကျား(Stripe) တွေပါတဲ့ တီရှပ်တွေ တောင်ပုံရာပုံပေါ်ထွက်လာပြီး နက်ခ်တိုင်တွေ၊ ရှပ်တွေ၊ တခြားပစ္စည်းတွေနဲ့ တွဲဖက်ဝတ်ဆင်လာကြတာ တွေ့ရပါတယ်။ Stripe T တွေမှာ အစင်းကျားတွေရဲ့ အထူအပါး၊ ဆိုဒ်နဲ့ သုံးထားတဲ့ အရောင်တွေပေါ်မှာ မူတည်ပြီး သင်ဘယ်လောက်ထိ ပေါ်လွင်ထင်ရှား နိုင်မလဲဆိုတဲ့ ရွေးချယ်စရာ အများကြီးရှိပါတယ်။ ဆိုက် အမျိုးမျိုးရှိတဲ့ အစင်းတွေကို ရောစပ်ထားတဲ့ ဒီ Hollister CO. ရဲ့ တီရှပ်ဟာ စတိုင်လ်ကျတဲ့ သွင်ပြင်ကို ရဖို့အတွက် Stripe T ရဲ့ ဥပမာတစ်ခုပါ။

Ringer T

လည်ပင်းအနားပတ်ပါတဲ့ တီရှပ်တွေဟာ အမျိုးသားတွေအတွက် အမြဲတမ်း အဓိကကျတဲ့ဖက်ရှင် ဖြစ်ပါတယ်။ ဒီ Theory တီရှပ်မှာ တွေ့ရတဲ့အတိုင်းပဲ ကော်လာနဲ့ လက်နှစ်ဖက်မှာ ကိုယ်ထည်နဲ့ ကွဲပြားတဲ့အရောင်ကို သုံးထားတာဟာ Ringer T ရဲ့ ဟန်ပါ။ Ringer T ကို ၀တ်ဆင်ထားရင် အလုပ်လုပ်နေချိန်မှာပဲ ဖြစ်ဖြစ်၊ ကမ်းခြေမှာ အနားယူနေရင်ပဲ ဖြစ်ဖြစ် ဒီတီရှပ်ဟာ မိန်းကလေးတွေရဲ့ အသည်းခေါင်းလောင်းကို လှုပ်ရှားသွားအောင် တီးခတ်ပါလိမ့်မယ်။

Statement T

သင့်ရဲ့ အတွေးတွေကို အင်္ကျီပေါ်မှာ ဖော်ပြပြီး ၀တ်ဆင်ရမှာ ၀န်မလေးဘူးဆိုရင် Statement တီရှပ်ကို ၀တ်ဆင်ကြည့်ပါ။ ၀ါကျတစ်ကြောင်း (သို့) ဆောင်ပုဒ် တစ်ခုခုပါတဲ့ တီရှပ်တွေကို ကျော်ကြားသူတွေ၊ ခေတ်မီသူတွေ ၀တ်ဆင်လေ့ရှိကြပါတယ်။ ဒါကြောင့် ပါးစပ်နဲ့ တဲ့တိုးပြောစရာမလိုဘဲ သင့်စိတ်ကို တခြားသူသိအောင် လုပ်ချင်တယ်ဆိုရင် ဖက်ရှင်ပြယုဂ်တစ်ခုဖြစ်တဲ့ Statement T ကိုသာ ဆင်မြန်းလိုက်ပါ။

Graphic T

Statement T တွေအပြင် ဒီနှစ်တွေမှာ Graphic တီရှပ်တွေလည်း ခေတ်စားလာပါတယ်။ တီရှပ်ပေါ်က ရုပ်ပုံဟာ Logo (သို့) ခေတ်ပေါ်ဒီဇိုင်းတစ်ခုခုဖြစ်ဖြစ်၊ ကြော်ငြာတစ်ခုခုဖြစ်ဖြစ် တီရှပ်ကြိုက်သူတွေကတော့ Graphic T ကို နှစ်သက်စွာ ၀တ်ဆင်ကြပါတယ်။ ဒီ Hollister Co. တီရှပ်ကတော့ Graphic ပုံပါတဲ့ အပြင် Retro T ရဲ့ ဟန်လည်းပါပါတယ်။

Retro T

အရောင်အဆင်းနဲ့ Logo တွေမှာ Old-School အငွေ့အသက်တွေ ပါဝင်တာ Retro တီရှပ်တွေပါ။ 1980 ပြည့်နှစ်များဆီက မျိုးဆက်တွေကို အဓိပ္ပာယ်သစ်တွေ ဖော်ဆောင်ပေးခဲ့တဲ့ တီရှပ်တွေပါ။ ဒါပေမယ့် သင်ဟာ ဒီ့ပြင်ခုနှစ်များက မျိုးဆက်ဆိုရင်တောင်မှ ဒီ 80s တီရှပ်တွေက သင်နဲ့လိုက်ဖက်နေဦးမှာပါပဲ။ ကာတွန်းဇာတ်ကောင် G.I.Joe လို၊ ငွေကြယ်ပွင့် Kirk Cameron လို ဦးထုပ်ကို ခပ်စောင်းစောင်းလေး စောင်းပြီး ဒီ Retro T ကို ၀တ်ဆင်ထားမယ်ဆိုရင် သင့်စတိုင်လ်ဟာ အများသူငါရဲ့ အမှတ်သညာမှာ စွဲသွားပါလိမ့်မယ်။

သင့်ဘ၀တစ်လျှောက်လုံး တီရှပ်တွေကို ၀တ်ဆင်နေဦးမှာပါ။ ရွေးချယ်စရာ တီရှပ်တွေမကုန်နိုင်ပေမယ့် စတိုင်လ်ပိုကျတဲ့ ဟန်ကို ရယူချင်ရင် သင့်ရဲ့ တီရှပ်တွေကို ပေါင်းစပ်ဝတ်ဖို့ အချိန်အခါလည်း သင့်နေပါပြီ။ တီရှပ်နှစ်ထည်ကို အတူတူထပ်ဝတ်ဆင်ရင် ဘယ်လောက်အထိ စတိုင်လ်ကျမလဲဆိုတာကို သိနိုင်ဖို့ အမျိုးမျိုး ပေါင်းစပ်ပြီး ၀တ်ကြည့်စမ်းပါ။ တီရှပ်ကမ္ဘာကြီးမှာ လက်တိုရှပ်အင်္ကျီတွေဟာ လူငယ်တွေအတွက် စတိုင်လ်မကျနိုင်တော့သလို ပျော်ရွှင်မှုလည်း မပေးနိုင်တော့ပါဘူး။