
Written by Yo Yo on Friday, December 21, 2007 at 12:45 AM


Hilary Swank ရဲ့ Style

Freedom Writers ဇာတ်ကားမှာ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Hilary Swank ဟာ ဟောလိဝုဒ်ရဲ့ ထင်ပေါ်ကျော်ကြားမှုထဲကို စတင်ရောက်ရှိတဲ့ အချိန်ကတည်းက ပြည်သူချစ်တဲ့ အနုပညာရှင်ဘ၀ကို ပိုင်ဆိုင်ခဲ့ပါတယ်။ Boys Don’t Cry ဇာတ်ကားနဲ့ အော်စကာဆုလည်း ရခဲ့ပါတယ်။ Million Dollar Baby ဇာတ်ကားမှာလည်း အကယ်ဒမီဆု၊ ရွှေကမ္ဘာလုံးဆုတွေ ရခဲ့တဲ့အတွက် သူမရဲ့ သရုပ်ဆောင်မှုဟာ ပိုမိုထွန်းပေါက်ကျော်ကြားလာပါတယ်။ သူမရဲ့ ခင်ပွန်း Chad Lowe နဲ့ လမ်းခွဲလိုက်ချိန်မှာ ပါပါရာဇီ သတင်းမုဆိုးတွေက သူမရဲ့ မရွှင်မပျ အလိုမကျဖြစ်နေတဲ့ မျက်နှာကို ဓာတ်ပုံရိုက်ယူနိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် သူတို့မအောင်မြင်ပါဘူး။ Hilary ဟာ သူမရဲ့ လက်တွေ့ဘ၀မှာ ဘာတွေပဲ ဖြစ်နေဖြစ်နေ ကင်မရာရှေ့ရောက်ရင်တော့ အမြဲအပြုံးမပျက် နေနိုင်လို့ပါ။ ဒီလို ကျော်ကြားမှုတွေ၊ ခွန်အားတွေ၊ ပင်ကိုစွမ်းရည်တွေ၊ ဖက်ရှင်ဟန်တွေ ပိုင်ဆိုင်တဲ့ Hilary ရဲ့ ဖက်ရှင်စတိုင်လ်ကို လေ့လာအကဲခတ်နိုင်ဖို့အတွက် ကော်ဇောနီခင်း ဆုပေးပွဲ၊ ပါတီပွဲတွေမှာ သူမ၀တ်ဆင်ခဲ့တဲ့ လူကြိုက်အများဆုံး ဖက်ရှင်ပုံစံသုံးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

သူ မတူတဲ့ ထူးထူးခြားခြား ၀တ်စုံတွေနဲ့ စတိုင်လ်ကျလွန်းတဲ့ Hilary

အဖြူရောင်ဝတ်စုံကတော့ သူမရဲ့ လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေပါတယ်။

ကြိုးပျောက်အမည်းရောင် ၀တ်စုံနဲ့ သြယ္သြယ္လ်လ် လွပေနတဲ့ Hilary Swank

0 Responses to "Hilary Swank's Swanky Style"