Scorpio

Written by Yo Yo on Sunday, August 12, 2007 at 3:11 AM


ၿဗိစ ၦာရာသီ (Scorpio)

(အောက်တိုဘာ ၂၄ - နိုဝင်ဘာ ၂၁)

ခံစားမှုပြင်းထန်ပြီး ယေဘုကျအားဖြင့် လျှို့ဝှက်သိုသိပ်စွာနေတတ်ကြတဲ့ ဗြိစ္ဆာ ရာသီဖွား မိန်းကလေးများဟာ ဆယ့်နှစ်ရာသီခွင်ထဲမှာ စွမ်းအားကြီးတဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ ဒီလိုနက်နဲတဲ့ စရိုက်လက္ခဏာတွေကြောင့် သူတို့ပတ်လည်မှာ ရှိသူတွေကို ညှို့ငင်ဖမ်းစားနိုင်ကြပါတယ်။ ဆွဲဆောင်မှုရှိခြင်းနဲ့ ညှို့ဓာတ်အားကောင်းခြင်းတို့ဟာ သူတို့အတွက် အရေးပါကြပြီး လူတွေရဲ့ စိတ်ဝင်စားမှုရနိုင်မယ့် အ၀တ်အထည်တွေကို ၀တ်ဆင်တတ်ကြပါတယ်။ Scorpio များဟာ အမြဲတမ်း ဆန်းဆန်းပြားပြား ၀တ်ဆင်တတ်ကြပြီး အနက်ရောင်ကို နှစ်သက်ကြပါတယ်။ ဒေါက်မြင့်ဖိနပ်တွေနဲ့ ပေါင်ထိအောင်မြင့်တဲ့ boot တွေက Scorpio အမျိုးသမီးတွေအတွက် အဓိက ၀တ်ဆင်စရာတွေပါ။ Shopping ထွက်ရင်တော့ ညှို့အားကောင်းစေမယ့် အ၀တ်အထည်တွေကို ရှာဖွေပါ။ စိတ်ကူးစိတ်သန်းလည်း နည်းနည်းထည့်ပေါ့။

Scorpio Star Style:

Brittany Murphy – November 10

ည ပွဲတွေမှာ ၀တ်ဆင်မယ့် ပွဲတက်ဝတ်စုံအတွက်ဆိုရင် ခန္ဓာကိုယ်အချိုးအဆက်တွေ ပေါ်လွင်စေပြီး ညှို့အားကောင်းတဲ့ ၀တ်စုံကို ကြိုးသိုင်းဒေါက်ဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ Brittany ရဲ့စတိုင်လ်ကို ရွေးလိုက်ပါ။ ထင်ရှားတဲ့အရောင်တွေကို မျက်လုံးတွေကို ဖမ်းစားထားနိုင်မယ့် တွဲဖက်စရာတွေနဲ့ တွဲဖက်ထားမယ်ဆိုရင် မျက်လုံးအားလုံး သင့်ဆီမှာပဲ ရှိနေပါလိမ့်မယ်။

0 Responses to "Scorpio"