Aries

Written by Yo Yo on Sunday, August 12, 2007 at 3:26 AM


ရာသီခွင်ထဲက စတိုင်လ်

မိဿရာသီ (Aries)

(မတ် ၂၂ - ဧပြီ ၂၀)

မိဿရာသီဖွားများဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ နေတတ်၊ ဆန်းသစ်တီထွင်တတ်၊ စွန့်စားတတ်တဲ့ ပင်ကိုစရိုက်ရှိပါတယ်။ အငြိမ်မနေဘဲ အမြဲတက်ကြွ လှုပ်ရှားနေခြင်းဟာ မိဿရာသီဖွားတွေအတွက် အရေးပါဆုံးအချက်ဖြစ်ပြီး အပြောင်းအလဲနဲ့ စိတ်လှုပ်ရှားဖွယ်တွေကို လိုလားကြပါတယ်။ ဖက်ရှင်မှာတော့ သူတို့ဟာ အသစ်ပေါ်တာကို အရင်ဆုံးစမ်းသပ်ချင်သူတွေ ဖြစ်ကြပါတယ်။ လူအုပ်ကြားထဲမှာ ထင်းခနဲပေါ်နေမှာကိုလည်း မစိုးရွံ့ကြပါဘူး။ သူတို့ဟာ ခေတ်ဆန်ကြော့မော့ဟန်ကို လိုချင်ကြပြီး ယောက်ျားလေးဆန်တဲ့ ကြွပ်ဆတ်ဆတ်ဟန်လည်း ရှိကြပါတယ်။ Aries အများစုဟာ အနီရောင်ကို နှစ်ခြိုက်ကြပါတယ်။ Aries Shopper တွေ ရှာဖွေဝယ်သင့်တာကတော့ လှပသေသပ်စွာ ချုပ်ထားတဲ့ အနက်ရောင်ဝတ်စုံရယ်၊ တွဲဖက်ဖို့ အနက်ရောင်နဲ့ သိသိသာသာ ဆန့်ကျင်နေတဲ့ အနီရောင် တွဲဖက်ပစ္စည်းတွေ ဖြစ်ပါတယ်။

Aries Star Style:

Reese Witherspoon(March 20)

အနက်ရောင် ဘလေဇာကို အံကိုက်တော်တဲ့ အနက်ရောင်ဘောင်းဘီရှည်နဲ့ တွဲဖက်ထားပါတယ်။ ဒီညနေခင်းဝတ်စုံကို ဘော်ကြယ်၊ ပန်းထိုး၊ အနားကွပ်တွေနဲ့ အနုစိပ် ချုပ်ထားတဲ့ ခါးတိုအင်္ကျီအောက်ကခံပြီး တွဲဖက်ထားပါတယ်။ ၀တ်စုံတစ်ခုလုံး အနက်ရောင်ချည်းဖြစ်နေတာကြောင့် Reese က အောက်ခံအင်္ကျီကို ချောမွတ်တဲ့ အထည်သားသုံးပြီး ၀တ်စုံကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြုလုပ်ထားပါတယ်။ ပြီးတော့ ဆေးဆိုးထားတဲ့ ခြေချောင်းလေးတွေ ပေါ်အောင် ထိပ်ဖွင့် ရှူးအနက်ရောင်စီးပြီး သူမရဲ့စတိုင်လ်ကို အဆုံးသတ်ထားပါတယ်။

0 Responses to "Aries"