Aquarius

Written by Yo Yo on Sunday, August 12, 2007 at 3:07 AM


ကုမ်ရာသီ (Aquarius)

(ဇန်န၀ါရီ ၂၁ - ဖေဖော်ဝါရီ ၂၁)

အများနဲ့မတူ တစ်မူထူးခြားတာ ကုမ်ရာသီဖွား မိန်းကလေးတွေပါ။ လမ်းဟောင်းကို မလိုက်ဘဲ ကိုယ်ပိုင်ထိုးထွင်းတီထွင်တတ်ပြီး အမှီအခိုကင်းကင်း နေတတ်ပါတယ်။ တစ်မျိုးတစ်ဘာသာထူးပြီး တုမမီတဲ့ စတိုင်လ်ဟာ Aquarius တွေအတွက် အရေးကြီးဆုံးဖြစ်ပြီး နောက်ဆုံးပေါ်ဒီဇိုင်းတွေကို အရင်ဆုံး ၀တ်ဆင်သူများလည်း ဖြစ်ကြပါတယ်။ ဒီမိန်းကလေးတွေဟာ ဖက်ရှင်စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘဲ အားလုံးနဲ့မတူ ထူးခြားကွဲပြားတဲ့ ဟန်ကို ကြိုက်နှစ်သက်ကြပါတယ်။ Aquarius တွေဈေးဝယ်ထွက်ရင်တော့ ကိုယ့်အရည်အချင်းတွေ ထုတ်ဖော်ပြသနိုင်မယ့် အ၀တ်အထည်တွေကို ၀ယ်သင့်ပါတယ်။ အလုပ်မှာ ပင်ကိုအရည်အသွေးကို ဖော်ထုတ်ပြသနိုင်စေဖို့ အကောင်းဆုံးအရာတွေက အပျံစားတွဲဖက်ပစ္စည်းတွေနဲ့ ရောင်စုံဖိနပ်တွေပါပဲ။

Aquarius Star Style:

Paris Hilton – February 17

Paris က သူ့ရဲ့ ပင်ကိုစရိုက်ကို ထင်ရှားစေမယ့် အ၀တ်အထည်တွေကိုပဲ ရှာဖွေဝတ်ဆင်ပါတယ်။ ဒီရာသီဖွားတွေဟာ လောလောလတ်လတ်မှာ ဘယ်စတိုင်လ်တွေ ခေတ်စားနေတယ်ဆိုတာ အလေးမထားကြတာကြောင့် ခေတ်အမျိုးမျိုးက ဖက်ရှင်တွေ၊ ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအများအပြားကို လွတ်လွတ်လပ်လပ်ပဲ ရောစပ်တွဲဖက်နိုင်ကြပါတယ်။ ဘယ်လိုရောစပ်ရမယ်ဆိုတာကိုတော့ သင့်ရဲ့စိတ်ကူးစိတ်သန်းက သင့်ကို နည်းပေးလမ်းပြပါစေ။

0 Responses to "Aquarius"