Chic Chick ( if you're curvy )

Written by Yo Yo on Wednesday, July 11, 2007 at 12:24 PM

Chic Chick

ခေတ်ဆန်ကြော့မော့တဲ့ ဂျင်း(န)စတိုင်လ်

ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ ပြည့်စုံတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ပဲဖြစ်ဖြစ်၊ သေးသွယ်ကျစ်လျစ် လှပသူပဲဖြစ်ဖြစ်၊ ရှည်သွယ်သူပဲ ဖြစ်ဖြစ် ခေတ်မီလှပတဲ့ စတိုင်လ်ရှိဖို့ အရေးကြီးပါတယ်။ ပျော်ပွဲရွှင်ပွဲတွေပဲ သွားသွား၊ ချစ်သူရည်းစားနဲ့ တွေ့ဖို့ပဲသွားသွား၊ Shopping ပဲထွက်ထွက် ခေတ်ဆန်ပြီး စတိုင်လ်ကျတဲ့ သွင်ပြင်ကိုရဖို့ ဂျင်း(န)ဘောင်းဘီတွေက ဖန်တီးပေးနိုင်ပါတယ်။ သင်ဟာ ဘယ်ပုံစံ၊ ဘယ်ဆိုဒ်ဖြစ်ပါစေ ဂျင်းအ၀တ်အထည်တွေနဲ့ လှပတဲ့ ဖက်ရှင်ဟန်ကို ရယူနိုင်ပါတယ်။

အချိုးအဆက်ပြေပြစ်သူအတွက် စွဲမက်စရာ
ဂျင်း(န)

သင့်ခန္ဓာကိုယ် အလှကို ခြေဖျားအထိ ရှင်းရှင်းလင်းလင်း ပေါ်လွင်စေလို့ တစ်ဖြောင့်တည်း ဂျင်းဘောင်းဘီတွေက သင့်အတွက် အကောင်းဆုံးပါပဲ။ အောက်အနား ရှူးသွားတဲ့၊ ဒါမှမဟုတ် ကားသွားတဲ့ ဘောင်းဘီမျိုးက သင့်ခြေထောက်ရဲ့ သွင်ပြင်ကို တိုတောင်းတဲ့ ပုံစံဖြစ်စေလို့ ရှောင်ရှားသင့်ပါတယ်။ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ ပြည့်စုံတဲ့ မိန်းကလေးတွေအတွက် အသင့်တော်ဆုံးရွေးချယ်စရာ Brand တွေကတော့ Nordstrom, Lane Bryant, Kiyonna, Torrid တို့ဖြစ်ပါတယ်။

အင်္ကျီ

အရုပ်မလေးတွေကို ၀တ်ပေးတဲ့ အင်္ကျီမျိုးနဲ့ အကျပ်အင်္ကျီတွေက သင်နဲ့ အသင့်တော်ဆုံးပါပဲ။ လက်မောင်းကျယ်တဲ့ ကီမိုနိုစတိုင်လ် ဘလောက်စ် အင်္ကျီဟာလည်း ရွေးချယ်စရာတစ်ခုပါ။ ရှုပ်ရှုပ်ထွေးထွေး ဒီဇိုင်းတွေကို ၀တ်ဆင်မယ့်အစား မိန်းမဆန်ဆန်နဲ့ အဆင့်အတန်းမြင့်တဲ့ ဒီဇီုင်းတွေက သင်နဲ့ ပိုသင့်တော်ပါတယ်။

ဖိနပ်
သင်ဝတ်မယ့်ဝတ်စုံကို ရွေးပြီးပြီဆိုရင် ထိပ်ချွန်ပြီး ပေါ့ပါးတဲ့ ရှူးဖိနပ်နဲ့ တွဲဖက်လိုက်ပါ။ မိန်းကလေးအတော်များများက ထိပ်ချွန်တဲ့ ဖိနပ်တွေကို မကြိုက်ကြပါဘူး။ တကယ်တမ်းကျတော့ ဒီဖိနပ်တွေက သင့်ခြေထောက်ရဲ့ ပုံပန်းကို ပိုပြီး ရှည်လျားစေပါတယ်။

တွဲဖက်စရာ

အတော်အတန်ကြီးပြီး ပျော့ပျောင်းတဲ့ လက်ကိုင်အိတ်တစ်လုံး၊ မိန်းမဆန်တဲ့ လက်ဝတ်ရတနာ စတာတွေနဲ့ တွဲဖက်လိုက်ရင်တော့ သင့်ခန္ဓာကိုယ်ရဲ့ အလှဟာ ပိုပြီးစွဲမက်စရာ ကောင်းသွားတာပေါ့။

0 Responses to "Chic Chick ( if you're curvy )"