Tie a Tie

Written by Yo Yo on Thursday, July 19, 2007 at 4:36 AM

Tie a Tie

အလုပ်သွားရင် နက်ခ်တိုင်စည်းဖို့လိုတဲ့သူတွေ၊ အင်တာဗျူးဖြေရင် နက်ခ်တိုင်စည်းသွားရမယ့်သူတွေ၊ ဧည့်ခံပွဲအတွက် တိုင်စည်းမယ့်သူတွေ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် နက်ခ်တိုင်စည်းရမယ့် သူတွေနဲ့ နက်ခ်တိုင်စည်းနည်းတွေကို စိတ်ဝင်စားသူတွေအတွက် Tie စည်းနည်း(၄)မျိုးကို ဖော်ပြထားပါတယ်။

အစပိုင်းမှာတော့ သင့်အတွက် Tie စည်းရတာဟာ ဒုံးပျံတည်ဆောက်တာကို သင်ရသလိုဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သင်ပထမဦးဆုံး ရေကူးသင်တဲ့ အချိန်၊ စက်ဘီးစီးသင်တဲ့ အချိန်တွေကို မှတ်မိပါသလား။ မတတ်ခင်မှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုကြီးတွေပါပဲ။ နောက်ဆုံးတော့လည်း တတ်သွားတာပဲ မဟုတ်လား။ ဒါလည်း အတူတူပါပဲ။ ဒါကြောင့် သင့်စိတ်တံခါးကို ဖွင့်ထားပြီး သင့်တစ်နေ့တာထဲက အချိန်နည်းနည်းပေးပြီး လေ့ကျင့်ကြည့်ပါ။ တတ်သွားမှာပါ။

Windsor Knot

ဒီစည်းနည်းနဲ့ စည်းထားတဲ့ Tie ရဲ့ အထုံးဟာ ထူတယ်၊ ကျယ်တယ်၊ ပြီးတော့ တြိဂံပုံပေါက်တယ်။ Windsor Knot စည်းနည်းကို ဂုဏ်ပြုပွဲအခမ်းအနားတွေ၊ အင်တာဗျူးတွေ၊ ဥပဒေရေးရာ နေရာတွေသွားရင် စည်းသင့်ပါတယ်။ ပြန့်ကားတဲ့ အင်္ကျီကော်လာတွေနဲ့ အသင့်တော်ဆုံးပါ။ အထုံးရဲ့ အကျယ်ဟာ လည်ပင်းရဲ့ အရှည်ကို ပိုတိုစေလို့ အထူးသဖြင့် လည်ပင်းရှည်တဲ့ သူတွေနဲ့ ပိုပြီး သင့်တော်ပါတယ်။

Tie တစ်ခုကို ရွေးပြီး မှန်ရှေ့မှာ ရပ်လိုက်ပါ။ ပြီးရင်အောက်က အဆင့်တွေအတိုင်း တစ်ဆင့်ခြင်း လိုက်လုပ်ပါ။


1. ကျယ်တဲ့ “W” အနားကို ကျဉ်းတဲ့ “N” အနားထက် ၁၂ လက်မလောက် ပိုရှည်ထားပြီး W အနားကို N အနားပေါ်ကနေ ပုံထဲကအတိုင်းထပ်ပါ။





2. W အနားကျယ်ကို ကော်လာနဲ့တိုင်ကြားက ကွင်းထဲထည့်ပြီး အောက်ချလိုက်ပါ။


3. Nားနောက်က ပတ်ပြီး W အနားကို ညာဘက်ယူလိုက်ပါ။ ဒီတော့ W အနားဟာ ပြောင်းပြန်ဖြစ်သွားပါမယ်။



4. W အနားကျယ်ကို ညာဘက်ကနေ ဘယ်ဘက်ကို အရှေ့က ယူလိုက်ပါ။




5. W အနားကို ကွင်းထဲထည့်လိုက်ပါဦး။



6. ပြီးရင် အရှေ့ဆုံး အထုံးထဲကို W အနားကျယ်ကို ထည့်လိုက်ပါ။



7. လက်နှစ်ဖက်လုံးကိုသုံးပြီး အထုံးကို ဂရုတစိုက် တင်းကျပ် ပေးလိုက်ပါ။ နောက်ဆုံး အထုံးကို ကော်လာဆီ ဆွဲတင်လိုက်ပါ။


သင်လုပ်နိုင်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်။ တွေ့တယ်မဟုတ်လား။ Tie စည်းရတာဟာ ဒုံးပျံဆိုင်ရာ သိပ္ပံမဟုတ်ဘူးဆိုတာကိုလေ။ ဒီစည်းနည်းကို Second 30 အတွင်းအပြီး စည်းနိုင်အောင် အချိန်နည်းနည်းထပ်ပေးပြီး လေ့ကျင့်လိုက်ပါဦး။

နောက်ကျန်တဲ့ 3 မျိုးကို အပတ်စဉ် ဖော်ပြပေးသွားပါမယ်။


0 Responses to "Tie a Tie"