For Teen

Written by Yo Yo on Thursday, July 26, 2007 at 3:55 AM

ဆယ်ကျော်သက်တို့အတွက် အလှရဲ့လျှို့ဝှက်ချက်များ

အမှန်တကယ်တော့ တချို့အကြံဥာဏ်တွေက နာယူမှတ်သားထားဖို့ အလွန်ထိုက်တန်တတ်ကြပေမယ့် ဆယ်ကျော်သက်တွေဟာ အသက်ကြီးသူတွေဆီက အကြံဥာဏ်ရယူဖို့ ၀န်လေးကြပါတယ်။ (အထူးသဖြင့် အသုံးဝင်လှတဲ့ အလှအပဆိုင်ရာ လမ်းညွှန်ချက်တွေမှာပေါ့) ကျွန်တော်တို့ဟာ ဖက်ရှင်မဂ္ဂဇင်းများကို ဖတ်နေကြသလို အလှအပပစ္စည်းများကိုလည်း စမ်းသပ်သုံးစွဲဖူးကြပါတယ်။ ဒါပေမယ့် အဲဒီ့ထဲကမှ တစ်ချို့တစ်လေသာ ကိုယ့်အတွက်အသုံးဝင်ကြတယ်လေ။ ဒါကြောင့် ဆယ်ကျော်သက် ကောင်မလေးတွေအတွက် အသုံးဝင်မယ့် အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အောက်ခံမိတ်ကပ် မလိမ်းပါနဲ့

အကယ်၍သင့်မှာ ၀က်ခြံတွေရှိရင် အရင်ဆုံး အောက်ခံမိတ်ကပ်ကို လိမ်းချင်မှာပါ။ ဖြစ်နိုင်တဲ့ နည်းနဲ့ကို ရှောင်ပါ။ အောက်ခံမိတ်ကပ်လိမ်းတယ်ဆိုတာ အသက် ၄၀ ကျော်အမျိုးသမီးကြီးတွေအတွက်ပါ။ အောက်ခံမိတ်ကပ်ဟာ သင့်ရဲ့သဘာဝအလှအပကို ဖုံးကွယ်ပစ်လိုက်နိုင်ပါတယ်။ အောက်ခံမိတ်ကပ်လိမ်းမယ့်အစား ၀က်ခြံကို ၀က်ခြံပျောက်ဆေး (concealer) နဲ့ဖုံးပြီး ပေါင်ဒါရိုက်လိုက်ပါ။

Concealer ကို ပွတ်မလိမ်းဘဲ ဖွဖွလေးပဲ တို့ပါ

ဒီအချက်ကို Tyra Banks Show ကို ကြည့်ပြီး သိတာပါ။ သင့်ရဲ့ လက်ခလယ်ပေါ်မှာ concealer နည်းနည်းယူပြီး ၀က်ခြံကိုတို့ပါ။ မပွတ်ပါနဲ့။

နှုတ်ခမ်း (သို့) မျက်လုံး တစ်ခုခုကိုပဲ စိတ်ကြိုက်ပြင်ပါ၊ နှစ်ခုစလုံး မပြင်ပါနဲ့။

မျက်လုံးကို များများစားစားပြင်ထားမယ်ဆိုရင် နှုတ်ခမ်းကို အရောင်တင်ဆီ နည်းနည်းလေးပဲ သုံးပြီးပြင်ပါ။ မျက်နှာကို လိမ်းခြယ်ဆေး အလွန်အကျွံမသုံးဘဲ နုနုဖျော့ဖျော့ပဲ ထားပြီး မျက်လုံးကို mascara နဲ့ eyeshadow ဖျော့ဖျော့ပဲသုံးပါ။ နှုတ်ခမ်းရော မျက်လုံးပါ နှစ်ခုလုံး များများစားစား ပြင်ဆင်ထားရင်တော့ ဆပ်ကပ်ထဲက clown နဲ့ တူသွားလိမ့်မယ်။

နောက်ထပ်လျှော့ရမှာက…

သင့်သူငယ်ချင်းတစ်ချို့ ဘာမိတ်ကပ်မှမလိမ်းဘဲ ကြည့်ကောင်းနေတာကို သတိပြုမိရဲ့လား။ သင့်အသက်ဘယ်လောက်ပဲဖြစ်ဖြစ် မိတ်ကပ်အများကြီး လိမ်းထားမယ်ဆိုရင် ကြည့်ရဆိုးပါတယ်။ နေ့တိုင်း အောက်ခံမိတ်ကပ်လိမ်းမယ်၊ ပေါင်ဒါရိုက်မယ်၊ လိမ်းခြယ်ဆေးလိမ်းမယ်၊ liner ဆွဲမယ်၊ mascara ခြယ်မယ်၊ eyeshadow ထည့်မယ်၊ lip liner ဆွဲမယ်ဆိုရင် တော်တော်အလုပ်များမှာပဲ။ နည်းနည်းလျှော့ပါ။ ဆယ်ကျော်သက်တစ်ယောက်အတွက် အမှန်တကယ်လိုအပ်တာတွေကတော့ mascara ကောင်းကောင်းတစ်ခုရယ်၊ ၀က်ခြံပျောက်ဆေး (concealer) ရယ်၊ နှုတ်ခမ်းအရောင်တင်ဆီရယ် တို့ပဲဖြစ်ပါတယ်။

အထပ်အလွှာဆံပင်ပုံစံက အမြဲကြည့်ကောင်းပါတယ်

စတက်ပ် ဆံပင်ဟာ အကောက်၊ အဖြောင့်၊ လှိုင်းတွန့် စတဲ့ ဆံပင်အမျိုးအစား အမျိုးမျိုးနဲ့ လိုက်ဖက်ပါတယ်။ ပါးလွှာတဲ့ ဆံပင်ကို ထူစေအောင်၊ အတွန့်အကောက်ဆံပင်ကို ထိန်းသိမ်းရလွယ်စေအောင်၊ လှိုင်းတွန့်ဆံပင်ကို ဆွဲဆောင်မှု ပိုရှိစေအောင် လုပ်ပေးပါတယ်။

မရှိမဖြစ် အလှကုန်ပစ္စည်းတွေ ၀ယ်ဖို့ပဲ ငွေသုံးပါ

ဘယ်ဟာက ဖြုန်းတီးတာ၊ ဘယ်ဟာက အမှန်တကယ်လိုအပ်တာဆိုတာ သေချာမသိသေးရင် ဒီအချက်ကို လိုက်နာပါ။ eye shadow, facial moisturizer, ပေါင်ဒါနဲ့ နှုတ်ခမ်းဆိုးဆေးတွေဝယ်ဖို့ ကုတ်ကျစ်မနေပါနဲ့။ ပြီးတော့ fancy mascara တွေ၊ သန့်စင်ဆေးတွေ၊ eye liner နဲ့ နှုတ်ခမ်းအရောင်တင်ဆီတွေလည်း အရမ်းမ၀ယ်ပါနဲ့။

နေပူခံလိမ်းဆေးကို ဘယ်အချိန်မှာ မလိမ်းဘဲနေလို့ရသလဲ

ဘယ်အချိန်မှာမှ မရပါဘူး။ အပြင်ဘက်မှာ တိမ်ထူထူ၊ မိုးရွာရွာ နေ့တိုင်းအပြင်မထွက်ခင် လိမ်းသင့်တဲ့ အလှကုန်ပစ္စည်းက နေလောင်ဒဏ်ခံလိမ်းဆေးပါ။ အခုတည်းကစပြီး နေလောင်ဒဏ်ခံ လိမ်းဆေးလိမ်းတဲ့ အလေ့အကျင့်ကောင်းကို မွေးမြူသွားမယ်ဆိုရင် အသက် ၅၀၊ ၆၀၊ ၇၀ လောက်ရောက်ချိန်မှာ သင့်အသားအရေဟာ အများနဲ့မတူဘဲ လှပကောင်းမွန်နေပါလိမ့်မယ်။

ဆံပင်ကောက်တဲ့ အလိပ်တွေနဲ့ လှိုင်းတွန့်လေးတွေလုပ်ကြည့်ပါ

ရှည်လျားတဲ့ အထပ်အလွှာလှိုင်းတွန့်လေးတွေထက် ဆွဲဆောင်မှုပိုရှိတာ မရှိသလောက်ပါပဲ။ သူတို့ကို လိုချင်ရင်တော့ ဆံပင်ကောက်တဲ့ အလိပ်တွေမှာ ဆံပင်ကို အရှည်နှစ်လက်မစီ အထက်အောက်ပြောင်းပြန်ပတ်ပြီး လုပ်ယူနိုင်ပါတယ်။

ဝက်ခြံတွေ မပျောက်သေးဘူးဆိုရင် အရေပြားရောဂါကု ဆရာဝန်ဆီ သွားပါ

ဝက်ခြံရှိသူတွေလုပ်တတ်တဲ့ အကြီးမားဆုံး အမှားကတော့ အရေပြားရောဂါကု ဆရာဝန်ထံ မသွားခြင်းပါပဲ။ သင် အငမ်းမရလိုချင်နေတဲ့ jean တွေကို မေ့ထားလိုက်ပြီး ဒါတွေဝယ်မယ့်အစား ၀က်ခြံတွေကို အရေပြားကုဆရာဝန်နဲ့ ဖယ်ရှားကုသခြင်းဟာ သင့်အတွက် အကောင်းဆုံးငွေမြှုပ်နှံခြင်းပါ။

မျက်လုံးအထဲကို liner မဆွဲပါနဲ့

သင့်မျက်လုံးကို ပိုသေးသွားစေပါတယ်။ အဲဒီအစား မျက်တောင် line ပဲဆွဲပါ။ အရမ်းသိသာထင်ရှားနေတဲ့ line ကလည်း သဘာဝမကျပါဘုး။

အဆီပြန်တဲ့ ဆံပင်ဆိုရင် dry shampoo သုံးပါ

သင့်ဆံပင်ဟာ ရွှေရောင်ဖျော့ဖျော့ဆိုရင်တော့ ကလေးပေါင်ဒါအနည်းငယ်ကို ဆံပင်အရင်းနားနဲ့ငယ်ထိပ်နားတွေမှာ သိပ်ခြင်းဖြင့် ပြန်နေတဲ့အဆီတွေကို စုပ်ယူနိုင်ပါတယ်။ အညိုရောင်၊ အနက်ရောင် ဆံကေသာတွေဆိုရင်တော့ dry shampoo ကို သုံးတာပိုကောင်းပါတယ်။

သင့်ရဲ့အကောင်းဆုံး လက္ခဏာကို ပေါ်လွင်အောင်လုပ်ပါ

သင့်ရဲ့ ဘယ်အရည်အချင်းကို လူတွေမှတ်ချက်ပေးကြလဲ။ အကယ်၍ သင့်ကို Angelina Jolie နဲ့တူတဲ့ နှုတ်ခမ်းလေးတွေ ရှိတယ်လို့ဆိုရင် ပေါ်လွင်ထင်ရှားတဲ့ နှုတ်ခမ်းဆိုးဆေးအရောင်နဲ့ အရောင်တင်ဆီကို အသုံးပြုဖို့ မမေ့ပါနဲ့။

အလှတရားဆိုတာ စိတ်ထဲက ဖြစ်တည်လာတာ ဆိုတာ မမေ့ပါနဲ့

ယောက်ျားလေးတွေကို ဆွဲဆောင်ထားနိုင်တဲ့ သင်သိတဲ့ မိန်းကလေးတစ်ယောက်အကြောင်း တွေးကြည့်ပါ။ ဘာကြောင့် သူမ လွှမ်းမိုးနိုင်ရတာလဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလို့ပဲပေါ့။ ဒါကြောင့် သင်ဟာ မိတ်ကပ်မလိမ်းထားပေမယ့်၊ ခြေသည်းတွေကိုလည်း ဆေးမဆိုးထားပေမယ့် ပြုံးပျော်ရွှင်လန်းနေမယ်ဆိုရင် ဘေးက သင့်သူငယ်ချင်းထက် ဆယ်ဆပိုလှနေလိမ့်မယ်ဆိုတာ ယုံ

0 Responses to "For Teen"